Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, October 20, 2018

ပါကစ္စတန်အမျိုးသား(၁)ဦးက အမျိုးသမီး(၂)ဦးကို တစ်ချိန်တည်း တစ်နေ့တည်းတွင် မင်္ဂလာဆောင်ခဲ့




ကရာချီ ၊ အောက်တိုဘာ(၁၇)

ပါကစ္စတန် အမျိုးသားတစ်ဦးက အမျိုးသမီးနှစ်ဦးကို တစ်ချိန်တည်း တစ်နေ့တည်းတွင် တပြိုင်နက် လက်ထပ်ခဲ့ ရာ လူမှုကွန်ရက်တွင် ဝေဖန်မှုများစွာ ပေါ်ထွက်ခဲ့သည်။

အစ္စ္စလာမ်ဥပဒေအရ အမျိုးသားတစ်ဦးက ဇနီးနှစ်ဦးကို ညီတူမျှတူ အခွင့်အရေးပေးနိုင်မှသာ လက်ထပ်ခွင့်ရှိကြောင်း တင်းကျပ်စွာ သတ်မှတ်ထားပြီး အဆိုပါ မင်္ဂလာပွဲကို တီဗီချန်နယ်မှ လွှင့်ပြခဲ့သည်ကိုလည်း ဝေဖန်မှုများ ပေါ်ထွက်လာသည်။

အဆိုပါအမျိုးသားက အဒေါ်နှင့် ဦးလေး၏ သမီးများဖြစ်သော ညီမဝမ်းကွဲနှစ်ဦးနှင့် တစ်နေ့တည်း မင်္ဂလာဆောင် လက်ထပ်ခဲ့သည်။ ယင်းအမျိုးသားမှာ သူနှင့်သင့်တော်မည့်သူကို ရှာဖွေမနေရတော့ပဲ ညီမဝမ်းကွဲများနှင့် အိမ်ထောင်ပြုရဲသည်ဟု ဆိုကာပတ်ဝန်းကျင် အသိုင်းအဝိုင်းက သူရဲကောင်းတစ်ဦးအလား မှတ်ယူခံနေရမှုများလည်း ရှိနေသည်။

ပါကစ္စတန် ကျေးလက်ဒေသများတွင် နေရာတော်တော်များများ အမျိုးသားများက ဦးဆောင်နေသည့်အတွက် အိမ်ထောင်ပြုခြင်းကို အချစ်နှင့် ဂရုစိုက်မှု၏ အစိတ်အပိုင်းအဖြစ် ထည့်သွင်းမထားပေ။ ထို့ပြင်အိမ်ထောင်ပြုခြင်းမှာ မိသားစုမျိုးဆက်အတွက် သားသမီးရယူရန်အတွက်ဟုသာ သတ်မှတ်ထားကြသည်။

ဗီဒီယိုတစ်ခုတွင် မိန်းကလေးနှစ်ဦး၏ မိသားစုများကို ပြုံးရွှင်လျက် တွေ့ရရာ ၎င်းတို့၏ ဝန်ထုတ်ဝန်ပိုးများ သတို့သားအပေါ်သို့ လွှဲပြောင်းပေးလိုက်ပြီဟု ယူဆထားပုံရပြီး အင်တာဗျူးတစ်ခုတွင် ယခုကဲ့သို့ နှစ်ယောက်တစ်ပြိုင်နက် အိမ်ထောင်ပြုသည်ကို ကန့်ကွက်ခြင်းမရှိကြောင်း သိရသည်။

မိသားစုများ ပေါင်းစည်းခွင့်ရသည့်အတွက် ဝမ်းမြောက် ကြောင်း မိန်းကလေးနှစ်ဦး၏ မိဘများက ပြောကြားသည်။

မိန်းကလေးများကို မည်သို့မျှ ဖိအားပေးခြင်းမရှိပဲ သူတို့ သဘောအရ အမျိုးသားတစ်ဦးထဲကို မိန်းကလေးနှစ်ဦးက လက်ထပ်ယူသည်မှာ သူတို့၏ ရွေးချယ်ပိုင်ခွင့်ကို
ချိုးဖောက်ခြင်းကိုပင် မသိရှိကြသော လူ့အသိုင်းအဝိုင်းတစ်ခုလုံး အယူအဆသစ်များ ဦးနှောက်ထဲ သွပ်သွင်းခံထားရသည်။

ယခုလက်ထပ်မှုမှာ တရားဥပဒေရှုထောင့်အရ အပြစ်တစ်စုံတရာ ထောက်ပြရန် မရှိသော်လည်း မိမိ ချစ်မြတ်နိုးသူကို လပ်ထပ်ပိုင်ခွင့်လူတိုင်းတွင် ရှိသည်။ ချစ်ခင်မှုဖြင့် ဆက်နွယ်သော ဓလေ့အစဉ်အလာကို ဖယ်ထုတ်၍ လူ့အဖွဲ့အစည်းတွင် အမျိုးသမီးများကို အဆင့်အတန်းနှိမ့်ချဆက်ဆံမှု အရေးမပေးမှုဖြင့် ဆက်ဆံလာပြီး သူတို့ရပ်တည်ရေးကို ဝန်ထုတ်ဝန်ပိုးအဖြစ် ရှုမြင်လာသည်မှာလည်း ကောင်းသောဖြစ်စဉ်တစ်ခုဟု မှတ်ယူ၍ ရမည် မဟုတ်ပေ။

By – KSM /MUNA
Ref ; Life in Saudi Arabia
Source:MUNA

No comments:

Post a Comment