Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 18, 2018

ေျပာင္းေရြ႕ခံရသည့္ ေက်ာင္းသုိ႔သြားမည္မဟုတ္ဘဲ အလုပ္ထြက္မည္ဟု TTC (ကမာရြတ္) ေက်ာင္းအုပ္ဆရာမႀကီး ေဒါက္တာ မုိးသူေျပာ

ေျပာင္းေရြ႕ခံရသည့္ေက်ာင္းသုိ႔ သြားမည္မဟုတ္ဘဲ အလုပ္ထြက္သြားမည္ဟု ပညာေရးေလ့က်င့္ေရး အထက္တန္းေက်ာင္း (ကမာရြတ္)၏ ေက်ာင္းအုပ္ဆရာမႀကီး ေဒါက္တာမုိးသူက ေျပာသည္။ပညာေရးေလ့က်င့္ေရး အထက္တန္းေက်ာင္း(ကမာရြတ္)တြင္ ေက်ာင္းအုပ္ဆရာမႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ေနသည့္ ေဒါက္တာမုိးသူသည္ ၂ ႏွစ္ ၈ လ တာဝန္ထမ္းေဆာင္ခဲ့ၿပီး အေၾကာင္းျပခ်က္မရွိဘဲ စာသင္ႏွစ္ဝက္ေရာက္မွ ေအာက္တုိဘာ (၁၁) ရက္စြဲျဖင့္ အထက(၇) မဂၤလာဒံုသို႔ ေျပာင္းေရြ႕တာ၀န္ထမ္းေဆာင္ရန္ အေျခခံပညာဦးစီးဌာနမွ ညႊန္ၾကားျခင္းခံခဲ့ရျခင္း ျဖစ္သည္။

“ မဂၤလာဒံုမွာ ထ(၁)လည္း လြတ္တယ္။ ထ(၂) (၃) လည္း လြတ္တယ္။ အခုေျပာင္းလုိက္တဲ့ ေက်ာင္းကလည္း အလယ္တန္း ေက်ာင္းကေန အထက္တန္းေက်ာင္းျဖစ္တာ မၾကာေသးဘူး။ မသြားေတာ့ဘူးလို႔ ဆံုးျဖတ္ၿပီးၿပီ။ အလုပ္ထြက္ဖုိ႔လည္း ဆံုးျဖတ္ ထားတယ္။ ေငြေၾကးပုိင္းနဲ႔ ေက်ာင္းသားမိဘေတြနဲ႔ ျပႆနာတစ္စံုတစ္ရာမရွိဘူး။ အေၾကာင္းျပခ်က္မရွိဘဲ လုပ္လုိက္တဲ့အတြက္ လူ႔စြမ္းအားရင္းျမစ္တစ္ခု ဆံုးရႈံးၿပီလုိ႔သာ သတ္မွတ္လုိက္ေတာ့ေပါ့” ဟု ေဒါက္တာမုိးသူက ေျပာသည္။

ေျပာင္းေရြ႕ခံရမႈႏွင့္ ပတ္သက္ၿပီး မတရားလုပ္ခံရျခင္းျဖစ္သည့္အတြက္ ဆက္လက္တုိက္ပြဲဝင္သြား မည္ျဖစ္ေၾကာင္းလည္း ၎ က ေျပာသည္။အဆုိပါကိစၥႏွင့္ ပတ္သက္ၿပီး သက္ဆုိင္ရာ အဆင့္ဆင့္ကို စိစစ္ေပးရန္လည္း ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္ထံသို႔လည္း တင္ျပထားေၾကာင္း သိရသည္။
ေဒါက္တာေဒၚမုိးသူသည္ ၁၉၉၅ ခုႏွစ္ ႏုိဝင္ဘာလ ၂၇ ရက္တြင္ သရုပ္ျပအျဖစ္ ဓာတုေဗဒဌာန လုပ္သားေကာ လိပ္တြင္ စတင္ တာဝန္ ထမ္းေဆာင္ခဲ့ၿပီး အထက (၂) ဗုိလ္တေထာင္တြင္ (၆) ႏွစ္၊ ၂၀၁၃ ခုႏွစ္ ေအာက္တုိဘာလတြင္ အထက(၁) ရန္ကင္း တြင္ (၃)ႏွစ္ခြဲ ေက်ာင္းအုပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၇ ဇန္နဝါရီလ ၃၁ ရက္တြင္ ေက်ာင္းအုပ္(၅)ဦး presentation ၿပိဳင္ၿပီး ပညာေရး တကၠသိုလ္ေလ့က်င့္ ေရးအထက္တန္းေက်ာင္းသို႔ ေက်ာင္းအုပ္အျဖစ္ ေျပာင္းေရြ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ခ်မ္းၿငိမ္း

#Unicode Version#
ပြောင်းရွေ့ခံရသည့်ကျောင်းသို့ သွားမည်မဟုတ်ဘဲ အလုပ်ထွက်သွားမည်ဟု ပညာရေးလေ့ကျင့်ရေး အထက်တန်းကျောင်း (ကမာရွတ်)၏ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုးသူက ပြောသည်။ပညာရေးလေ့ကျင့်ရေး အထက်တန်းကျောင်း(ကမာရွတ်)တွင် ကျောင်းအုပ်ဆရာမကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ဒေါက်တာမိုးသူသည် ၂ နှစ် ၈ လ တာဝန်ထမ်းဆောင်ခဲ့ပြီး အကြောင်းပြချက်မရှိဘဲ စာသင်နှစ်ဝက်ရောက်မှ အောက်တိုဘာ (၁၁) ရက်စွဲဖြင့် အထက(၇) မင်္ဂလာဒုံသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ရန် အခြေခံပညာဦးစီးဌာနမှ ညွှန်ကြားခြင်းခံခဲ့ရခြင်း ဖြစ်သည်။

“ မင်္ဂလာဒုံမှာ ထ(၁)လည်း လွတ်တယ်။ ထ(၂) (၃) လည်း လွတ်တယ်။ အခုပြောင်းလိုက်တဲ့ ကျောင်းကလည်း အလယ်တန်း ကျောင်းကနေ အထက်တန်းကျောင်းဖြစ်တာ မကြာသေးဘူး။ မသွားတော့ဘူးလို့ ဆုံးဖြတ်ပြီးပြီ။ အလုပ်ထွက်ဖို့လည်း ဆုံးဖြတ် ထားတယ်။ ငွေကြေးပိုင်းနဲ့ ကျောင်းသားမိဘတွေနဲ့ ပြဿနာတစ်စုံတစ်ရာမရှိဘူး။ အကြောင်းပြချက်မရှိဘဲ လုပ်လိုက်တဲ့အတွက် လူ့စွမ်းအားရင်းမြစ်တစ်ခု ဆုံးရှုံးပြီလို့သာ သတ်မှတ်လိုက်တော့ပေါ့” ဟု ဒေါက်တာမိုးသူက ပြောသည်။

ပြောင်းရွေ့ခံရမှုနှင့် ပတ်သက်ပြီး မတရားလုပ်ခံရခြင်းဖြစ်သည့်အတွက် ဆက်လက်တိုက်ပွဲဝင်သွား မည်ဖြစ်ကြောင်းလည်း ၎င်း က ပြောသည်။အဆိုပါကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အဆင့်ဆင့်ကို စိစစ်ပေးရန်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်ထံသို့လည်း တင်ပြထားကြောင်း သိရသည်။
ဒေါက်တာဒေါ်မိုးသူသည် ၁၉၉၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်တွင် သရုပ်ပြအဖြစ် ဓာတုဗေဒဌာန လုပ်သားကော လိပ်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့ပြီး အထက (၂) ဗိုလ်တထောင်တွင် (၆) နှစ်၊ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် အထက(၁) ရန်ကင်း တွင် (၃)နှစ်ခွဲ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ဇန်နဝါရီလ ၃၁ ရက်တွင် ကျောင်းအုပ်(၅)ဦး presentation ပြိုင်ပြီး ပညာရေး တက္ကသိုလ်လေ့ကျင့် ရေးအထက်တန်းကျောင်းသို့ ကျောင်းအုပ်အဖြစ် ပြောင်းရွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းငြိမ်း

No comments:

Post a Comment