Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 17, 2018

တက္ကစီယာဉ်​​မောင်းလည်​ပင်းအား၊ဓားဖြင့်​လှီး၍ ကားလုယူ​မောင်း​ပြေးမှုဖြစ်​ပွား


အောက်​တိုဘာ(၁၆)ရက်​​နေ့ည(၁၁)နာရီ(၄၅)
မီနစ်​ခန့်​က၊ရန်​ကုန်​တိုင်း၊​ကျောက်​တန်းမြို့နယ်​၊
ကျောက်​တန်းမြို့နှင့်​တံတားမြို့သို့ဆက်​သွယ်
ထား​သော၊ကားလမ်းမကြီး၊ပီလခတ်​​ဘုရား
ကျောင်းအနီးတွင်​၊တက္ကစီအငှားယာဉ်​(၁)စီး
အား၊ငှားရမ်းစီးနှင်းလာသူမှယာဉ်​​မောင်းအား၊
လည်​ပင်းဓားဖြင့်​လှီး၍၊ကားလုယူမှုဖြစ်​ပွားခဲ့
သည်​။
အခင်းဖြစ်​​နေရာသို့၊​ကျောက်​တန်းမြို့နယ်​ရဲ
တပ်​ဖွဲ့မှူး ရဲမှူး​အောင်​မျိုးလတ်​၊ဦးစီး၍သွား
ရောက်​စစ်​​ဆေးခဲ့ရာ၊လည်​ပင်းဓားဖြင့်​အလှီးခံ
ရသည့်​ယာဉ်​​မောင်းမှာ၊​ဇော်​မိုး​အောင်​(၄၀)နှစ်
(ဘ)ဦး​ငွေသိန်း၊အမှတ်​(၁၅၀) ဌ /တိုးချဲ့ရပ်​ကွက်​၊
မြောက်​ဥက္ကလာပမြို့နယ်​၊​နေသူဖြစ်​ပြီး၊၎င်းတွင်
ဝဲဘက်​လည်​ပင်း၌၊(၄)လက်​မခန့်​ပြတ်​ရှဒဏ်​ရာ
(၁)ချက်​ရရှိခဲ့သဖြင့်​၊မြို့နယ်​ရဲတပ်​ဖွဲ့မှူး
ရဲမှူး​အောင်​မျိုးလတ်​မှ၎င်း ရဲကားဖြင့်​၊လူနာ
အားတင်​​ဆောင်​၍၊​ကျောက်​တန်းမြို့ ပြည်​သူ့​ဆေး
ရုံသို့ပို့​ဆောင်​ခဲ့ရာ၊ထိုမှတစ်​ဆင့်​၊ရန်​ကုန်​ပြည်​သူ
ဆေးရုံသို့လွဲ​ပြောင်းကုသ​စေရာ၊မြို့မရဲစခန်းမှ
တာဝန်​မှူးဒုရဲအုပ်​ရဲမင်းထက်​နှင့်​တပ်​သား
အောင်​မျိုးထက်​တို့မှလိုက်​ပါပို့​ဆောင်​​ပေးခဲ့
သည်​။
အဆိုပါယာဉ်​​မောင်း၏​ပြောပြမှုအရ၊၎င်းသည်
ည(၁၀)နာရီခွဲအချိန်​က၊ FF/5210 ၊ Fielder.
(ခဲ​ရောင်​)တက္ကစီယာဉ်​အား​မောင်းနှင်​လာရာ၊
သာ​ကေတမြို့နယ်​၊ရှုခင်းသာလမ်း၊M.O.G.E၊
ရုံး​ရှေ့အ​ရောက်​တွင်​၊အင်္ကျီခဲ​ရောင်​ လက်​ပြတ်​/ပုဆိုးဝတ်​ဆင်​လျက်​၊​ကျောပိုးအိတ်​(၁)
အိတ်​ပါရှိသူအသားမဲကုလား၊ပုံစံလူတစ်​​ယောက်
မှ​​ကျောက်​တန်းမြို့နယ်​၊ပီလခတ်​ဘုရား​ကျောင်း
အနီးသို့၊အသွား/အပြန်​(၂၃၀၀၀/)ကျပ်​ဖြင့်​၊
ငါးရမ်း၍လိုက်​ပါခဲ့ရာ၊အခင်းဖြစ်​​နေရာ
အ​ရောက်​တွင်​၊ကားအားရပ်​ခိုင်း၍၊ရပ်​​ပေးခဲ့
စဉ်​၊ယာဉ်​ငှားလာသူမှအသင့်​ပါလာ​သော
ဓားဖြင့်​၊လည်​ပင်းအား​လှီးခဲ့ရာ ယာဉ်​​မောင်း
မှကားလမ်း​ဘေး​ပြေးဆင်းသွားစဉ်​၊
ကားငှားရမ်းစီးနှင်းလာသူမှယာဉ်​​အား
မောင်းနှင်​ထွက်​​ပြေးသွားခဲ့​သော​ကြောင့်​၊
ပတ်​ဝန်​ကျင်​အား အကူညီ​တောင်းခံခဲ့ရာ၊
ပီလခတ်​မှဦး​စောမူးတို့အဖွဲ​ရောက်​ရှိလာပြီး၊
ကျောက်​တန်းမြို့မ ရဲစခန်းသို့အ​ကြောင်းကြား
ခဲ့​ကြောင်းဖြစ်​သည်​။
ယာဉ်​နှင့်​လုယူသူတရားခံအား၊​ကျောက်​တန်း
မြို့မရဲစခန်းမှ(ပ)၄၀၅/၂၀၁၈၊ပုဒ်​မ-၃၉၂၊အရအမှု
ဖွင့်​​ဆောင်​ရွက်​လျက်​ရှိပြီး၊ ယာဉ်​နှင့်​လုယူသူတရားခံအား၊ဖမ်းဆီးရမိ​ရေးအတွက်​၊​တောင်​ပိုင်း
ခရိုင်​ရဲတပ်​မှူးဒုတိယရဲမှူးကြီး ထွန်း​ဖေမှအနီး
ကပ်​စီစဉ်​ညွှန်​ကြားလျက်​ရှိရာ၊​အောက်​တိုဘာ
(၁၇)ရက်​​နေ့နံနက်​(၆)နာရီခွဲအချိန်​ခန့်​တွင်​၊
လုယူသွား​သောကားမအား၊အခင်းဖြစ်​​နေရာ၏
အ​ရှေ့ဘက်​(၄)ဖာလုံ​ကျော်​ခန့်​အကွာ၊
ကားလမ်းမကြီး၏​မြောက်​ဘက်​​ရေ​မြောင်း
ထဲထိုးကျလျက်​​တွေ့ရှိခဲ့ရပြီး၊တရားခံမှာ
ထွက်​​ပြေးလွတ်​​မြောက်​လျက်​ရှိရာ၊ဖမ်းဆီးရ
မိနိုင်​​ရေး ​ဆောင်​ရွက်​လျက်​ရှိ​ကြောင်းသိရသည်​။

#NoTwoKyauktan#နိုးတူး
Thank Zin Oo

No comments:

Post a Comment