Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 17, 2018

တောင်ငူအမှတ်(၂)ကျောင်းမှ (၉)တန်းကျောင်းသူလေးအား အခန်းမတူ ၉ ကျောင်းသားမှ လက်သီးဖြင့်ထိုးကြိတ်မှုဖြစ်

(၁၆.၁၀.၂၀၁၈) နံနက်ပိုင်း တောင်ငူ အမှတ်(၂)ကျောင်း ထဲမှာ ၉ တန်း(F)တန်းမှကျောင်းသူလေး မဟန်နီအောင်(ယောကျာ်းလေးဆန်ဆန်နေတတ်သူ) တစ်ဦးကို ၉ တန်း(အခန်းမတူ)တန်းမှ ကျောင်းသား (၄)ယောက် ပေါင်းက ၀ိုင်းစပြီးတော့ ကျောင်းသားတစ်ယောက်က လက်သီးနဲ့ ၄ ချက် ၅ ချက်လောက်ထိုးခဲ့တယ်လို့သိရ ပါတယ်။

အထိုးခံရတဲ့ကျောင်းသူလေးရဲ့ မိဘများပြောပုံအရဆို ရင်တော့ ကျောင်းသူလေးဟာ ပါးနဲ့နောက်စေ့တွေမှာ ယောင်နေတာကြောင့် တစ်ခုခုဖြစ်မှာစိုးလို့ (၁၆.၁၀.၂၀၁၈) ရက်နေ့ ညပိုင်းမှာတောင်ငူဆေးရုံကိုသွားပြထားရတယ်လို့သိရပါတယ်။ ကလေးမလေးဟာ ပုံမှာမြင်တဲ့အတိုင်း ကြောက်လန့်ပြီးဖျားနေတယ်လို့လည်းသိရပါ တယ်။

ပြသာနာဖြစ်ပုံက ဒီလိုပါ။
ကျောင်းသူလေးရဲ့မိဘများက ထမင်းဟင်းရောင်းတယ်လို့သိရပါတယ်၊ အဲ့ဒါကိုသိတဲ့ ကျောင်းသားလေးလေး
ယောက်က ဘဲဥပုတ်သည်ဆိုပြီး ကျောင်းသူလေးကို ကျောင်းကော်ရစ်တာနားမှာ စကြတာကြောင့် ကျောင်းသူ လေးကလည်း မခံချင်လို့ စကား များကြတယ်လို့သိရပါတယ်၊ မိဘများပြောပုံအရ အရင်နေ့တွေ ကလည်း အဲ့လိုစတာမျိုး ခံရတယ်လို့သိရပါတယ်။

အဲ့လိုစကားများတာကနေပြီးတော့ ကျောင်းသားလေးတစ်ယောက်ကို ကျန်တဲ့ကျောင်းသားလေးတွေက မိန်းမလေးနဲ့ယောက်ကျားလေးပဲ မင်းမထိုးရဲဘူးလားဆိုပြီး မြှောက်ပေးတာကနေပြီးတော့ ကျောင်းသားလေးတစ် ယောက်က ၊ ကျောင်းသူလေးကိုလက်သီးနဲ့ ၄ ချက်
၅ ချက်ခန့်ထိုးခဲ့တာလို့သိရပါတယ်။
အဲ့ဒါနဲ့ပတ်သက်ပြီးကျောင်းသူလေးရဲ့မိဘတွေကလည်း ကျေနပ်မှုမရှိပဲ တာဝန်ရှိသူတွေဆီကို ထပ်ဆင့်တိုင် ကြားသွားမယ်လို့လည်းသိရပါတယ်။

စာသင်ကျောင်းအတွင်း မင်းမဲ့စရိုက်ဆန်ဆန်ပြုမူဆောင်ရွက်တာကို တာဝန်ရှိသူများ အမြန်ဆုံးစစ်ဆေးဆောင်ရွက်ပေးစေချင်ပါတယ်။

#တောင်ငူအကြောင်းတစေ့တစောင်း
Zin Moe





No comments:

Post a Comment