Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 6, 2018

အသည္းေရာင္ အသား၀ါ ႏွင့္ အံ႔ဖြယ္ ျမန္မာ့ေဆးစြမ္းေကာင္း

ကၽြန္ေတာ္၏ ယခုေဆာင္းပါးသည္ ဘာသာေရးေဆာင္းပါး မဟုတ္ပါ။ သို႔ရာတြင္ ျမတ္မဂၤလာစာေစာင္မွာ နယ္ေရာျမိဳ႔ပါ ပ်ံ႔ႏွံ႔ေရာက္ရွိသျဖင့္ လူအမ်ားသိေစရန္ ဇီ၀ိတဒါနအျဖစ္ တင္ျပအပ္ပါသည္။

ကၽြန္ေတာ္သည္ အမွတ္ ၃၊ ဓာတ္ေျမၾသဇာစက္ရံု စီမံကိန္း (ေက်ာ္စြာ) တြင္ တာ၀န္ထမ္းေဆာင္စဥ္ ၁၉၈၃-ခုႏွစ္တြင္ အသည္းေရာင္အသား၀ါ ေရာဂါ ခံစားရရွိသျဖင့္ ရန္ကုန္သို႔ သြားေရာက္ကုသရပါသည္။ သို႔ျဖင့္ အသည္းေရာင္အသား၀ါ ကုရန္ ခြင့္တလယူခဲ့ပါသည္။ ရန္ကုန္သို႔ေရာက္လွ်င္ အသည္းအထူးကု ဆရာ၀န္ႀကီး တဦး၏ ေဆးခန္းတြင္ သြားေရာက္ျပသပါသည္။

ဆရာ၀န္ႀကီးက စမ္းသပ္ျပီး လိုအပ္ေသာေသာက္ေဆး မ်ားလည္း ေပးပါသည္။ ေဆးသြင္းရန္ လိုသျဖင့္ ဆရာ၀န္ႀကီးက ေဆးမ်ားေပးျပီး မိမိအိမ္တြင္ ကၽြမ္းက်င္ေသာ ဆရာမကို ငွါး၍ ေဆးသြင္းရပါသည္။ ထမင္းမစားရပါ။ အခ်ိဳရည္မ်ားသာ ေသာက္ခြင့္ျပဳပါသည္။ အေလးအပင္ မ,မရန္လည္း ေျပာပါသည္။

ကၽြန္ေတာ္သည္ ဆရာ၀န္ႀကီး ခ်ိန္းဆိုေသာ ေန႔မ်ားတြင္ ေဆးခန္းသို႔ သြားေရာက္ျပသရပါသည္။ ေဆးရံုေတာ့မတက္ပါ။ အသည္းဆရာ၀န္ႀကီး၏ ေဆးခန္းတြင္ ျပသျပီး ဆရာ၀န္ႀကီး ခိုင္းသည့္အတိုင္း လုပ္ကိုင္ေဆာင္ရြက္ခဲ့ပါသည္။ တလခြဲအခ်ိန္ ၾကာသြားခဲ့သည္။ သို႔ေသာ္လည္း ေကာင္းေကာင္းမေပ်ာက္ပါ။ ဆီးလည္း ၀ါတုန္း၊ မ်က္စိလည္း ၀ါတုန္းပဲ ရွိေနပါသည္။ အနည္းငယ္ ေနထိုင္ရတာ သက္သာတာကလြဲ၍ ဘာမွအေၾကာင္းမထူးပါ။

ကၽြန္ေတာ္လည္း ဆရာ၀န္ႀကီးအား ခြင့္တလယူခဲ့ေၾကာင္း ယခု တလခြဲ ေရာက္လာျပီျဖစ္သည့္အတြက္ နယ္သို႔ျပန္ရေတာ့မည့္အေၾကာင္းႏွင့္ လိုအပ္သည့္ ေဆးမ်ားေပးပါရန္ ေတာင္းပန္သည္။

ဆရာ၀န္ႀကီးက ေဆးမ်ား ဆက္စားရန္ ေပးလိုက္ပါသည္။ ကၽြန္ေတာ္လည္း ရန္ကုန္မွ သေဘၤာႏွင့္ ျပန္လာပါသည္။ သရက္ျမိဳ႔ ဆိပ္ကမ္းေရာက္လွ်င္ ဆင္း၍ အိမ္သို႔သြားပါသည္။ ကားျဖင့္ ျပန္ပါက ကားေဆာင့္သည့္ဒဏ္မခံႏုိင္၍ သေဘၤာႏွင့္ျပန္လာျခင္း ျဖစ္သည္။

ကၽြန္ေတာ္ ရန္ကုန္မွ ျပန္ေရာက္ေၾကာင္းႏွင့္ ကၽြန္ေတာ့ေရာဂါမွာ အသည္းေရာင္အသား၀ါေရာဂါ ျဖစ္ေၾကာင္း၊ ၄င္းေရာဂါ မေပ်ာက္ေသးေၾကာင္း တေယာက္ကတေယာက္သို႔ ေျပာရင္းႏွင့္ မေကြးျမိဳ႔မွ ကၽြန္ေတာ့သူငယ္ခ်င္း ကိုခင္ေမာင္ေသာင္းဆီ ထိုသတင္းေရာက္သြားသည္။ ခ်က္ခ်င္းပင္ ကိုခင္ေမာင္ေသာင္း ကၽြန္ေတာ့ဆီ ေရာက္လာပါသည္။

မင္း ရန္ကုန္ ေဆးသြားကုတယ္ဆိုတာေတာ့ ငါၾကားတယ္ကြ။ အသည္းေရာင္ အသား၀ါ မဟုတ္ဘူးမွတ္လို႔ ငါ မလာတာ။ အခုလဲ မေကြးက မိတ္ေဆြေတြက မင္း အသည္းေရာင္ အသာ၀ါကုျပီး ျပန္လာတာ မေပ်ာက္ေသးဘူးဆိုတာ ၾကားတာနဲ႔ ငါလာတာပဲ။ အသည္းေရာင္ အသား၀ါ ေပ်ာက္ေဆးက လြယ္လြယ္ေလး ပါကြာ၊ မင္း တခါစားရံုနဲ႔ ခ်က္ခ်င္းေပ်ာက္ရမယ္။

ထန္းသီးကို အညႇာနားက လွီးလိုက္ရင္ တြင္း ၃-တြင္း၊ သိူု႔မဟုတ္ ၂-တြင္း ေတြ႔ရမယ္။ အဲဒီတြင္းေလးေတြကို လက္ညႇိဳးနဲ႔ထိုးလိုက္ရင္ အရည္ေတြ အေပၚကို ေထာင္ပန္းလာတာေတြ႔ရမယ္။ အဲဒီလို အရည္ရွိတဲ့ ထန္းသီးကို မင္းလက္ညႇိဳးနဲ႔ထိုး၊ ပါးစပ္ကို လက္ညႇိဳးနားမွာ ကပ္ျပီး အရည္စုပ္ပါ။ တထိုင္တည္းနဲ႔ အ၀စုပ္ပါ။ အဲဒီလို စုပ္ျပီး ၀တာနဲ႔ အိပ္ပစ္လိုက္ကြာ။ တေရးႏိုးေတာ့ မင္းရဲ႔ဆီးေၾကာႀကီးတင္းျပီး ဆီးသြားခ်င္လာလိမ့္မယ္။

ဒီအခါ ဆီးသြားလိုက္ပါ။ အဲဒီဆီးဟာ မ၀ါေတာ့ဘူး။ ျဖဴေဖြးေနတာ ေတြ႔ရလိမ့္မယ္။ ထမင္းလဲ တအားစားခ်င္လာ လိမ့္မယ္။ အဲဒါ တခါေသာက္ရံုနဲ႔ တခါတည္း ေပ်ာက္သြားတာျဖစ္တယ္။ အဲဒါ ငါ့ကိုယ္ေတြ႔ပဲ-ဟု ေျပာသြားပါသည္။

သို႔ျဖင့္ ကၽြန္ေတာ္လည္း ထန္းသီးရေအာင္ရွာျပီး တ၀စုပ္လိုက္ပါသည္။ ထန္းသီး ၉-လံုး ကုန္သြားပါသည္။ ျပီးေတာ့ အိပ္ပစ္လိုက္ပါသည္။ ကၽြန္ေတာ္ အိပ္ရာကႏိုးေတာ့ သူေျပာသလိုပင္ ဆီးေၾကာႀကီး တင္းေနသျဖင့္ အိမ္သာကို အေျပးသြားရသည္။

အိမ္သာထဲေရာက္၍ ကၽြန္ေတာ္ဆီးေတြ သြားခ်လိုက္ေသာအခါ ဆီးေတြသည္ ျဖဴေဖြးေနျပီး ဆီးကလဲ အၾကာႀကီး သြားေနသည္ကို ေတြ႔ရပါသည္။ အိမ္သာဆင္းေတာ့ မ်က္လံုးကို မွန္နဲ႔ၾကည့္ေသာအခါ မ်က္လံုးကလည္း ျဖဴေဖြးေနတာ ေတြ႔ရပါသည္။ ပါးစပ္ကလည္း အစာ အလြန္စားခ်င္လာပါသည္။ ကၽြန္ေတာ္ ထမင္းကို ခ်က္ခ်င္းစားပစ္လိုက္ပါသည္။ အေလးအပင္ကိုလည္း ကၽြန္ေတာ္ ခါတိုင္းလို မ,ႏိုင္လာပါသည္။

ကိုခင္ေမာင္ေသာင္းက မျပန္မီ ေျပာသြားပါေသးသည္။ ငါလဲ ငါ့သူငယ္ခ်င္းကို ငါ အသည္းေရာင္ အသား၀ါ ျဖစ္တုန္းက လုပ္ခဲ့တာ ငါ့ကိုယ္ေတြ႔ ေျပာျပတာပဲ။ ငါ့တုန္းကလဲ ထန္းသီးအရည္ကို အ၀စုပ္၊ တခါတည္း စုပ္တာနဲ႔ ေပ်ာက္လို႔ မင္းကို လာေျပာတာ၊ ငါ့တုန္းကေတာ့ ျမန္မာ့ေဆးဆရာ တေယာက္က ကုေပးတာပဲ။

အဲဒီ ျမန္မာေဆးဆရာက ေျပာတယ္၊ မင္း ထန္းတက္တဲ့မိသားစု ဖိနပ္လဲ မပါဘူး၊ ဦးထုပ္လဲ မပါဘူးကြာ၊ ေယာက္်ားက ထန္းပင္ေပၚတက္၊ ထန္းလွီးျမဴအိုးခ်ေပး၊ မိန္းမနဲ႔ ကေလးေတြက ေအာက္က ေနပူထဲမွာ ျမဴအိုးေကာက္၊ ေန႔လယ္က် ထန္းလ်က္ခ်က္ရတယ္ကြာ၊ ဆီးေရာဂါတို႔ အသည္းေရာင္ အသား၀ါ ေရာဂါတို႔ သူတို႔ျဖစ္စရာေကာင္းတာေပါ့၊ ဘာလို႔ မျဖစ္လဲဆိုေတာ့ ထန္းေရေတြ ေသာက္ၾက၊ ထန္းဦးအရည္ေတြ စုပ္ၾကဆိုေတာ့ သူတို႔မိသားစု ဘာမွ မျဖစ္ဘူးတဲ့ကြ။ ထန္းရည္တို႔ ထန္းသီးအရည္တို႔ဟာ ေဆးေတြပဲ။ မင္းတို႔သိတဲ့ မိတ္ေဆြေတြ၊ အသည္းေရာင္ အသား၀ါ ခံစားေနရတဲ့ ေ၀ဒနာရွင္ေတြကို ေျပာျပပါ။

သူတို႔လဲ သက္သက္သာသာနဲ႔ ေပ်ာက္ေတာ့ မိသားစုေတြ စိတ္ခ်မ္းသာရတာေပါ့-ဟု ျမန္မာေဆးဆရာက ေျပာျပေၾကာင္း ေျပာပါသည္။ ျမန္မာေဆးဆရာကို ေဆးနည္းေပးတဲ့အတြက္ သူက ေဆးဖိုးေပးသည္ကိုလည္း တျပားမွ လက္မခံေၾကာင္း ေျပာျပသည္။

ဤသို႔ျဖင့္ ကၽြန္ေတာ္ မႏၲေလးမွာ တာ၀န္က်ေနတုန္း ၁၉၉၀-ျပည့္ႏွစ္တြင္ မႏၲေလးမွ သာယာ၀တီသို႔ ရာထူးတက္ျပီး ေျပာင္းဖို႔အမိန္႔စာ ရရွိခဲ့ပါသည္။ ေနာက္လက္ခံမည့္သူကို ကၽြန္ေတာ္က ၇-ရက္အတြင္း လႊဲေျပာင္းေပးရမည္ျဖစ္၍ ေျမျပင္လက္က်န္ပစၥည္းေတြကို စစ္ေဆးရပါသည္။ အခ်ိဳ႔ပစၥည္းေတြကို ခ်ိန္တြယ္ရပါသည္။ ထိုအခ်ိန္က ကၽြန္ေတာ့္လမ္းဗိုလ္မွာ ကိုဘိုစိန္ ျဖစ္ပါသည္။ ကိုဘိုစိန္ေအာက္တြင္ အငယ္တန္း အင္ဂ်င္နီယာတေယာက္ ရွိပါသည္။

ကၽြန္ေတာ္သည္ နံနက္ ၇-နာရီဆိုလွ်င္ ကိုဘိုစိန္ရွိရာသို႔ ေရာက္ရွိသြားျပီး ပစၥည္းမ်ားကို ခ်ိန္တြယ္ၾက၊ ေရတြက္ၾကနဲ႔ စာေရးေတြေရာ ကိုဘိုစိန္တို႔ပါ အလုပ္ရႈပ္ေနၾကပါသည္။ ဤသို႔ စစ္ေဆးေရတြက္ေနစဥ္တြင္ အငယ္တန္း အင္ဂ်င္နီယာကေလးသည္ ပစၥည္းမ်ားမ,ရန္ ေရွာင္ဖယ္ ေရွာင္ဖယ္ လုပ္ေနသျဖင့္ ကိုဘိုစိန္က အငယ္တန္းအင္ဂ်င္နီယာေလးအား ဆူပူႀကိမ္းေမာင္းပါသည္။

ထိုအခါ အငယ္တန္းအင္ဂ်င္နီယာကေလးက ကၽြန္ေတာ္ အသည္းေရာင္ အသား၀ါျဖစ္လို႔ ဆရာ၀န္ဆီမွာ ၂-ရက္ရွိျပီ ေဆးထိုးေနရတယ္။ ဆရာ၀န္က အသီးအႏွံနဲ႔ အခိ်ဳရည္သာ ေသာက္ပါတဲ့။ အေလးအပင္ မ,မပါနဲ႔လို႔ မွာၾကားထားလို႔ပါ-ဟူ၍ ေျပာကာ သူ႔မ်က္စိကို ျပပါသည္။ ဟုတ္ပါသည္။ မ်က္စိတခုလံုး ၀ါထိန္ေနတာ ေတြ႔ၾကရပါသည္။

ကိုဘိုစိန္၊ ဒါဟာ အသည္းေရာင္ အသား၀ါ ဟုတ္တယ္။ ကုဖို႔ရာလဲ လြယ္လြယ္ေလးပါ။ အခုအခ်ိန္မွာ ထန္းသီးေပၚေနျပီ။ ထန္းသီအရည္စုပ္ကို တထိုင္တည္းနဲ႔ အ၀ေကၽြးလိုက္ပါဗ်ာ။ အဲဒီ ထန္းသီးအရည္ ေသာက္ျပီးတာနဲ႔ ဆီး၀ါတာေရာ၊ မ်က္စိ၀ါတာပါ ခ်က္ခ်င္းေပ်ာက္သြားမယ္။ ထမင္းလဲ တန္းစားလို႔ရတယ္။ အေလးအပင္လဲ မ,လို႔ရပါမယ္။ ဒါကၽြန္ေတာ့္ကိုယ္ေတြ႔ပဲ။ ခင္ဗ်ားတပည့္အတြက္ ထန္းသီးရေအာင္ ရွာျပီး အျမန္ေကၽြးပါ-ဟု ေျပာခဲ့ပါသည္။

ေနာက္တေန႔ မနက္ ၇-နာရီတြင္ ကၽြန္ေတာ္ ကိုဘိုစိန္ အလုပ္လုပ္ေသာေနရာသို႔ ေရာက္ရွိပါသည္။ အငယ္တန္း အင္ဂ်င္နီယာကေလးသည္ သံေခြမ်ားကို မ,ျပီးေရႊ႔ေျပာင္းေနသည္ကို ေတြ႔ရသည္။ ေဟ့-ေမာင္ရင္၊ မင္းက အသည္းေရာင္ အသား၀ါရွိတဲ့သူ မ,မနဲ႔-ဟု ေျပာလိုက္သည္။

အငယ္တန္း အင္ဂ်င္နီယာကေလးက မေန႔ညက ပုသိမ္ႀကီးဘက္က အလုပ္သမားေတြ လိုက္ပို႔ရင္းနဲ႔ လမ္းေဘးမွာ မႏၲေလးကိုပို႔မဲ့ ထန္းသီးခိုင္ေတြ ေတြ႔တာနဲ႔ ဆရာ၀ယ္လာပါတယ္။

ညတြင္းခ်င္းပဲ ကၽြန္ေတာ္ ထန္းသီးရည္ေတြ အ၀စုပ္လိုက္တယ္။ စုပ္ျပီးအိပ္လိုက္တယ္။ တေရးႏိုးေတာ့ ဆီးေၾကာႀကီးတင္းေနလို႔ ဆီးသြားတယ္။ ဆီးကျဖဴေဖြးျပီး ေတာ္ေတာ္နဲ႔ မျပီးေတာ့ဘူး။ ဆီးျဖဴသလို မ်က္စိလဲ ျဖဴသြားတယ္။ ထမင္းလဲ စားလိုက္တယ္။ အခု ကၽြန္ေတာ္ အေလးအပင္လဲ မ,ႏိုင္ျပီ-ဟု ၀မ္းသာအားရ ေျပာျပ၏။

အသည္းေရာင္ အသား၀ါ ခံစားေနရသူမ်ားကို ကုိယ္ခ်င္းစာနာျပီး ကၽြန္ေတာ္၏ လက္ေတြ႔အက်ိဳးထူး ခံစားရပံုမ်ားကို တင္ျပရျခင္း ျဖစ္ပါသည္။ အခ်ိဳ႔ကလည္း ကၽြန္ေတာ္ေျပာသည္ကို လက္ေတြ႔ေတာ့ လုပ္မၾကည့္ဘဲနဲ႔ မယံုၾကပါ။ ဘာပဲျဖစ္ျဖစ္ မသိသူေက်ာ္သြား သိသူေဖာ္စားၾကရန္သာ ျဖစ္ပါသည္။ ကၽြန္ေတာ္ကေတာ့ ဇီ၀ိတဒါနအျဖစ္ တင္ျပျခင္း ျဖစ္ပါသည္။
 (ဦးတင္ေရႊ-ACE-ေဆာက္လုပ္ေရး)
( ျမတ္မဂၤလာ ၂၀၀၃-ခု ဇန္န၀ါရီ )
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော်၏ ယခုဆောင်းပါးသည် ဘာသာရေးဆောင်းပါး မဟုတ်ပါ။ သို့ရာတွင် မြတ်မင်္ဂလာစာစောင်မှာ နယ်ရောမြို့ပါ ပျံ့နှံ့ရောက်ရှိသဖြင့် လူအများသိစေရန် ဇီဝိတဒါနအဖြစ် တင်ပြအပ်ပါသည်။

ကျွန်တော်သည် အမှတ် ၃၊ ဓာတ်မြေသြဇာစက်ရုံ စီမံကိန်း (ကျော်စွာ) တွင် တာဝန်ထမ်းဆောင်စဉ် ၁၉၈၃-ခုနှစ်တွင် အသည်းရောင်အသားဝါ ရောဂါ ခံစားရရှိသဖြင့် ရန်ကုန်သို့ သွားရောက်ကုသရပါသည်။ သို့ဖြင့် အသည်းရောင်အသားဝါ ကုရန် ခွင့်တလယူခဲ့ပါသည်။ ရန်ကုန်သို့ရောက်လျှင် အသည်းအထူးကု ဆရာဝန်ကြီး တဦး၏ ဆေးခန်းတွင် သွားရောက်ပြသပါသည်။

ဆရာဝန်ကြီးက စမ်းသပ်ပြီး လိုအပ်သောသောက်ဆေး များလည်း ပေးပါသည်။ ဆေးသွင်းရန် လိုသဖြင့် ဆရာဝန်ကြီးက ဆေးများပေးပြီး မိမိအိမ်တွင် ကျွမ်းကျင်သော ဆရာမကို ငှါး၍ ဆေးသွင်းရပါသည်။ ထမင်းမစားရပါ။ အချိုရည်များသာ သောက်ခွင့်ပြုပါသည်။ အလေးအပင် မ,မရန်လည်း ပြောပါသည်။

ကျွန်တော်သည် ဆရာဝန်ကြီး ချိန်းဆိုသော နေ့များတွင် ဆေးခန်းသို့ သွားရောက်ပြသရပါသည်။ ဆေးရုံတော့မတက်ပါ။ အသည်းဆရာဝန်ကြီး၏ ဆေးခန်းတွင် ပြသပြီး ဆရာဝန်ကြီး ခိုင်းသည့်အတိုင်း လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ တလခွဲအချိန် ကြာသွားခဲ့သည်။ သို့သော်လည်း ကောင်းကောင်းမပျောက်ပါ။ ဆီးလည်း ဝါတုန်း၊ မျက်စိလည်း ဝါတုန်းပဲ ရှိနေပါသည်။ အနည်းငယ် နေထိုင်ရတာ သက်သာတာကလွဲ၍ ဘာမှအကြောင်းမထူးပါ။

ကျွန်တော်လည်း ဆရာဝန်ကြီးအား ခွင့်တလယူခဲ့ကြောင်း ယခု တလခွဲ ရောက်လာပြီဖြစ်သည့်အတွက် နယ်သို့ပြန်ရတော့မည့်အကြောင်းနှင့် လိုအပ်သည့် ဆေးများပေးပါရန် တောင်းပန်သည်။

ဆရာဝန်ကြီးက ဆေးများ ဆက်စားရန် ပေးလိုက်ပါသည်။ ကျွန်တော်လည်း ရန်ကုန်မှ သင်္ဘောနှင့် ပြန်လာပါသည်။ သရက်မြို့ ဆိပ်ကမ်းရောက်လျှင် ဆင်း၍ အိမ်သို့သွားပါသည်။ ကားဖြင့် ပြန်ပါက ကားဆောင့်သည့်ဒဏ်မခံနိုင်၍ သင်္ဘောနှင့်ပြန်လာခြင်း ဖြစ်သည်။

ကျွန်တော် ရန်ကုန်မှ ပြန်ရောက်ကြောင်းနှင့် ကျွန်တော့ရောဂါမှာ အသည်းရောင်အသားဝါရောဂါ ဖြစ်ကြောင်း၊ ၎င်းရောဂါ မပျောက်သေးကြောင်း တယောက်ကတယောက်သို့ ပြောရင်းနှင့် မကွေးမြို့မှ ကျွန်တော့သူငယ်ချင်း ကိုခင်မောင်သောင်းဆီ ထိုသတင်းရောက်သွားသည်။ ချက်ချင်းပင် ကိုခင်မောင်သောင်း ကျွန်တော့ဆီ ရောက်လာပါသည်။

မင်း ရန်ကုန် ဆေးသွားကုတယ်ဆိုတာတော့ ငါကြားတယ်ကွ။ အသည်းရောင် အသားဝါ မဟုတ်ဘူးမှတ်လို့ ငါ မလာတာ။ အခုလဲ မကွေးက မိတ်ဆွေတွေက မင်း အသည်းရောင် အသာဝါကုပြီး ပြန်လာတာ မပျောက်သေးဘူးဆိုတာ ကြားတာနဲ့ ငါလာတာပဲ။ အသည်းရောင် အသားဝါ ပျောက်ဆေးက လွယ်လွယ်လေး ပါကွာ၊ မင်း တခါစားရုံနဲ့ ချက်ချင်းပျောက်ရမယ်။

ထန်းသီးကို အညှာနားက လှီးလိုက်ရင် တွင်း ၃-တွင်း၊ သိူု့မဟုတ် ၂-တွင်း တွေ့ရမယ်။ အဲဒီတွင်းလေးတွေကို လက်ညှိုးနဲ့ထိုးလိုက်ရင် အရည်တွေ အပေါ်ကို ထောင်ပန်းလာတာတွေ့ရမယ်။ အဲဒီလို အရည်ရှိတဲ့ ထန်းသီးကို မင်းလက်ညှိုးနဲ့ထိုး၊ ပါးစပ်ကို လက်ညှိုးနားမှာ ကပ်ပြီး အရည်စုပ်ပါ။ တထိုင်တည်းနဲ့ အဝစုပ်ပါ။ အဲဒီလို စုပ်ပြီး ဝတာနဲ့ အိပ်ပစ်လိုက်ကွာ။ တရေးနိုးတော့ မင်းရဲ့ဆီးကြောကြီးတင်းပြီး ဆီးသွားချင်လာလိမ့်မယ်။

ဒီအခါ ဆီးသွားလိုက်ပါ။ အဲဒီဆီးဟာ မဝါတော့ဘူး။ ဖြူဖွေးနေတာ တွေ့ရလိမ့်မယ်။ ထမင်းလဲ တအားစားချင်လာ လိမ့်မယ်။ အဲဒါ တခါသောက်ရုံနဲ့ တခါတည်း ပျောက်သွားတာဖြစ်တယ်။ အဲဒါ ငါ့ကိုယ်တွေ့ပဲ-ဟု ပြောသွားပါသည်။

သို့ဖြင့် ကျွန်တော်လည်း ထန်းသီးရအောင်ရှာပြီး တဝစုပ်လိုက်ပါသည်။ ထန်းသီး ၉-လုံး ကုန်သွားပါသည်။ ပြီးတော့ အိပ်ပစ်လိုက်ပါသည်။ ကျွန်တော် အိပ်ရာကနိုးတော့ သူပြောသလိုပင် ဆီးကြောကြီး တင်းနေသဖြင့် အိမ်သာကို အပြေးသွားရသည်။

အိမ်သာထဲရောက်၍ ကျွန်တော်ဆီးတွေ သွားချလိုက်သောအခါ ဆီးတွေသည် ဖြူဖွေးနေပြီး ဆီးကလဲ အကြာကြီး သွားနေသည်ကို တွေ့ရပါသည်။ အိမ်သာဆင်းတော့ မျက်လုံးကို မှန်နဲ့ကြည့်သောအခါ မျက်လုံးကလည်း ဖြူဖွေးနေတာ တွေ့ရပါသည်။ ပါးစပ်ကလည်း အစာ အလွန်စားချင်လာပါသည်။ ကျွန်တော် ထမင်းကို ချက်ချင်းစားပစ်လိုက်ပါသည်။ အလေးအပင်ကိုလည်း ကျွန်တော် ခါတိုင်းလို မ,နိုင်လာပါသည်။

ကိုခင်မောင်သောင်းက မပြန်မီ ပြောသွားပါသေးသည်။ ငါလဲ ငါ့သူငယ်ချင်းကို ငါ အသည်းရောင် အသားဝါ ဖြစ်တုန်းက လုပ်ခဲ့တာ ငါ့ကိုယ်တွေ့ ပြောပြတာပဲ။ ငါ့တုန်းကလဲ ထန်းသီးအရည်ကို အဝစုပ်၊ တခါတည်း စုပ်တာနဲ့ ပျောက်လို့ မင်းကို လာပြောတာ၊ ငါ့တုန်းကတော့ မြန်မာ့ဆေးဆရာ တယောက်က ကုပေးတာပဲ။

အဲဒီ မြန်မာဆေးဆရာက ပြောတယ်၊ မင်း ထန်းတက်တဲ့မိသားစု ဖိနပ်လဲ မပါဘူး၊ ဦးထုပ်လဲ မပါဘူးကွာ၊ ယောက်ျားက ထန်းပင်ပေါ်တက်၊ ထန်းလှီးမြူအိုးချပေး၊ မိန်းမနဲ့ ကလေးတွေက အောက်က နေပူထဲမှာ မြူအိုးကောက်၊ နေ့လယ်ကျ ထန်းလျက်ချက်ရတယ်ကွာ၊ ဆီးရောဂါတို့ အသည်းရောင် အသားဝါ ရောဂါတို့ သူတို့ဖြစ်စရာကောင်းတာပေါ့၊ ဘာလို့ မဖြစ်လဲဆိုတော့ ထန်းရေတွေ သောက်ကြ၊ ထန်းဦးအရည်တွေ စုပ်ကြဆိုတော့ သူတို့မိသားစု ဘာမှ မဖြစ်ဘူးတဲ့ကွ။ ထန်းရည်တို့ ထန်းသီးအရည်တို့ဟာ ဆေးတွေပဲ။ မင်းတို့သိတဲ့ မိတ်ဆွေတွေ၊ အသည်းရောင် အသားဝါ ခံစားနေရတဲ့ ဝေဒနာရှင်တွေကို ပြောပြပါ။

သူတို့လဲ သက်သက်သာသာနဲ့ ပျောက်တော့ မိသားစုတွေ စိတ်ချမ်းသာရတာပေါ့-ဟု မြန်မာဆေးဆရာက ပြောပြကြောင်း ပြောပါသည်။ မြန်မာဆေးဆရာကို ဆေးနည်းပေးတဲ့အတွက် သူက ဆေးဖိုးပေးသည်ကိုလည်း တပြားမှ လက်မခံကြောင်း ပြောပြသည်။

ဤသို့ဖြင့် ကျွန်တော် မန္တလေးမှာ တာဝန်ကျနေတုန်း ၁၉၉၀-ပြည့်နှစ်တွင် မန္တလေးမှ သာယာဝတီသို့ ရာထူးတက်ပြီး ပြောင်းဖို့အမိန့်စာ ရရှိခဲ့ပါသည်။ နောက်လက်ခံမည့်သူကို ကျွန်တော်က ၇-ရက်အတွင်း လွှဲပြောင်းပေးရမည်ဖြစ်၍ မြေပြင်လက်ကျန်ပစ္စည်းတွေကို စစ်ဆေးရပါသည်။ အချို့ပစ္စည်းတွေကို ချိန်တွယ်ရပါသည်။ ထိုအချိန်က ကျွန်တော့်လမ်းဗိုလ်မှာ ကိုဘိုစိန် ဖြစ်ပါသည်။ ကိုဘိုစိန်အောက်တွင် အငယ်တန်း အင်ဂျင်နီယာတယောက် ရှိပါသည်။

ကျွန်တော်သည် နံနက် ၇-နာရီဆိုလျှင် ကိုဘိုစိန်ရှိရာသို့ ရောက်ရှိသွားပြီး ပစ္စည်းများကို ချိန်တွယ်ကြ၊ ရေတွက်ကြနဲ့ စာရေးတွေရော ကိုဘိုစိန်တို့ပါ အလုပ်ရှုပ်နေကြပါသည်။ ဤသို့ စစ်ဆေးရေတွက်နေစဉ်တွင် အငယ်တန်း အင်ဂျင်နီယာကလေးသည် ပစ္စည်းများမ,ရန် ရှောင်ဖယ် ရှောင်ဖယ် လုပ်နေသဖြင့် ကိုဘိုစိန်က အငယ်တန်းအင်ဂျင်နီယာလေးအား ဆူပူကြိမ်းမောင်းပါသည်။

ထိုအခါ အငယ်တန်းအင်ဂျင်နီယာကလေးက ကျွန်တော် အသည်းရောင် အသားဝါဖြစ်လို့ ဆရာဝန်ဆီမှာ ၂-ရက်ရှိပြီ ဆေးထိုးနေရတယ်။ ဆရာဝန်က အသီးအနှံနဲ့ အချိုရည်သာ သောက်ပါတဲ့။ အလေးအပင် မ,မပါနဲ့လို့ မှာကြားထားလို့ပါ-ဟူ၍ ပြောကာ သူ့မျက်စိကို ပြပါသည်။ ဟုတ်ပါသည်။ မျက်စိတခုလုံး ဝါထိန်နေတာ တွေ့ကြရပါသည်။

ကိုဘိုစိန်၊ ဒါဟာ အသည်းရောင် အသားဝါ ဟုတ်တယ်။ ကုဖို့ရာလဲ လွယ်လွယ်လေးပါ။ အခုအချိန်မှာ ထန်းသီးပေါ်နေပြီ။ ထန်းသီအရည်စုပ်ကို တထိုင်တည်းနဲ့ အဝကျွေးလိုက်ပါဗျာ။ အဲဒီ ထန်းသီးအရည် သောက်ပြီးတာနဲ့ ဆီးဝါတာရော၊ မျက်စိဝါတာပါ ချက်ချင်းပျောက်သွားမယ်။ ထမင်းလဲ တန်းစားလို့ရတယ်။ အလေးအပင်လဲ မ,လို့ရပါမယ်။ ဒါကျွန်တော့်ကိုယ်တွေ့ပဲ။ ခင်ဗျားတပည့်အတွက် ထန်းသီးရအောင် ရှာပြီး အမြန်ကျွေးပါ-ဟု ပြောခဲ့ပါသည်။

နောက်တနေ့ မနက် ၇-နာရီတွင် ကျွန်တော် ကိုဘိုစိန် အလုပ်လုပ်သောနေရာသို့ ရောက်ရှိပါသည်။ အငယ်တန်း အင်ဂျင်နီယာကလေးသည် သံခွေများကို မ,ပြီးရွှေ့ပြောင်းနေသည်ကို တွေ့ရသည်။ ဟေ့-မောင်ရင်၊ မင်းက အသည်းရောင် အသားဝါရှိတဲ့သူ မ,မနဲ့-ဟု ပြောလိုက်သည်။

အငယ်တန်း အင်ဂျင်နီယာကလေးက မနေ့ညက ပုသိမ်ကြီးဘက်က အလုပ်သမားတွေ လိုက်ပို့ရင်းနဲ့ လမ်းဘေးမှာ မန္တလေးကိုပို့မဲ့ ထန်းသီးခိုင်တွေ တွေ့တာနဲ့ ဆရာဝယ်လာပါတယ်။

ညတွင်းချင်းပဲ ကျွန်တော် ထန်းသီးရည်တွေ အဝစုပ်လိုက်တယ်။ စုပ်ပြီးအိပ်လိုက်တယ်။ တရေးနိုးတော့ ဆီးကြောကြီးတင်းနေလို့ ဆီးသွားတယ်။ ဆီးကဖြူဖွေးပြီး တော်တော်နဲ့ မပြီးတော့ဘူး။ ဆီးဖြူသလို မျက်စိလဲ ဖြူသွားတယ်။ ထမင်းလဲ စားလိုက်တယ်။ အခု ကျွန်တော် အလေးအပင်လဲ မ,နိုင်ပြီ-ဟု ဝမ်းသာအားရ ပြောပြ၏။

အသည်းရောင် အသားဝါ ခံစားနေရသူများကို ကိုယ်ချင်းစာနာပြီး ကျွန်တော်၏ လက်တွေ့အကျိုးထူး ခံစားရပုံများကို တင်ပြရခြင်း ဖြစ်ပါသည်။ အချို့ကလည်း ကျွန်တော်ပြောသည်ကို လက်တွေ့တော့ လုပ်မကြည့်ဘဲနဲ့ မယုံကြပါ။ ဘာပဲဖြစ်ဖြစ် မသိသူကျော်သွား သိသူဖော်စားကြရန်သာ ဖြစ်ပါသည်။ ကျွန်တော်ကတော့ ဇီဝိတဒါနအဖြစ် တင်ပြခြင်း ဖြစ်ပါသည်။

(ဦးတင်ရွှေ-ACE-ဆောက်လုပ်ရေး)
( မြတ်မင်္ဂလာ ၂၀၀၃-ခု ဇန်နဝါရီ )

No comments:

Post a Comment