Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 27, 2018

ျမတ္စြာ ဘုရားရွင္ ပဋိသေႏၶေနေနစဥ္ ေရွးေျပးနိမိတ္ၾကီး (၃၂)ပါးအေၾကာင္း

အတုမရွိ၊အတူမရွိ အနႏၱဥာဏ္ေတာ္ရွင္ ဘုရားျဖစ္ေတာ္မူမည့္ ဘုရားေလာင္းေတာ္ၾကီးမ်ားသည္ ပညာဓိက ဘုရားဆုပန္လ်ွင္ေလးသေခ်ၤႏွင့္ ကမာၻတစ္သိန္းတိတိ(စြန္႔ျခင္းငါးပါးႏွင့္တကြ ပါရမီေတာ္(၁၀)ပါး အျပား(၃၀)တုိ႔ကုိ အတုမရွိျဖည္က်င့္ဆည္းပူးရေလသည္)။သဒၶါဓိကဘုရားဆုပန္လ်ွင္ ရွစ္သေခ်ၤနဲ႔ ကမာၻတစ္သိန္း၊ဝီရိယာဓိက ဘုရားဆုပန္လ်ွင္ဆယ့္ေျခာက္သေခ်ၤနဲ႔ကမာၻတစ္သိန္းျဖည့္က်င့္ဆည္းပူးရပါတယ္။

ထုိ႔ကဲ့သုိ႔ျဖည့္က်င့္ဆည္း ပူးေတာ္မူေသာေၾကာင့္အသဒိသ၊အတုလ၊ဆ,အသာဓာရဏေရႊဥာဏ္ေတာ္ရွင္ ျဖစ္ေတာ္မူမည့္ဘဝမွာ ယူဇနာေပါင္း(၂)သိန္း၊(၄)ေသာင္းရွိေသာ ေျမအထု၊ယူဇနာေပါင္း(၄)သိန္း၊ (၈)ေသာင္းရွိေသာ ေရအထု၊ယူဇနာေပါင္း(၉)သိန္း၊(၆)ေသာင္းရွိေသာ ေလအထု၊ယူဇနာေပါင္း(၁)သန္း၊ (၉)သိန္း (၂)ေသာင္းရွိေသာမီးအထုမဟာဘူတဓာတ္ၾကီးေလးပါး၏အေဆာက္အဦးျဖစ္ေသာဘုံ(၃၁)၊ စၾကဝဠာ၊ထုိစၾကဝဠာတုိက္ ေပါင္း(၁၀၀၀၀)ကုိ

(၁)ဘုရားေလာင္းေတာ္ ပဋိသေႏၶေနသည္ႏွင့္ မႏွဳိင္းယွဥ္နုိင္ေသာ အလင္းေရာင္ၾကီးသည္ ပ်ံ့ႏွံ႔၏။

(၂)ဘုရားေလာင္းေတာ္၏ ဘုန္းအသေရေတာ္ကုိ ဖူးေမ်ွာ္လုိၾကသည့္ပမာ မ်က္ေစ့ႏွစ္ကြင္းအလင္းမရသူတုိ႔သည္ ထုိခဏ၌ မ်က္စိႏွစ္ကြင္းအလင္းရ၍ ျမင္ၾကကုန္၏။

(၃)နားပင္းၾကကုန္ေသာ သူတုိ႔သည္လည္း နားအပင္းေပ်ာက္ကာ အသံကုိၾကားၾကရကုန္၏။

(၄)အ,သျဖင့္၊စကားမေျပာနုိင္သူတုိ႔သည္လည္း၊ အ,အေပ်ာက္ကာ စကားေျပာနုိင္ၾကကုန္၏။

(၅)ကုန္း၊ကြ၊ေကာက္၊ခြင္ေသာကုိယ္ရွိေသာ သူတုိ႔သည္လည္း ထုိခဏ၌ ေျဖာင့္မတ္ေသာ ကိုယ္ရွိၾကကုန္၏။

(၆)ေျခဆြံ႔ေသာသူ(မသြားလာနုိင္သူ)တုိ႔သည္လည္း ထုိခဏ၌ အဆြံ႔ေပ်ာက္ကာ ေျချဖင့္ေကာင္းစြာသြားလာနုိင္ၾကကုန္၏။

(၇)ေႏွာင္အိမ္ အေႏွာင္အဖြဲ႔(ထူး၊ထိတ္၊သံေျခက်ဥ္း စသည္)၌ ေႏွာင္ဖြဲ႔ျခင္းကုိ ခံလ်ွက္ေနၾကရေသာသူတုိ႔သည္လည္း ထုိခဏ၌ ထုိေႏွာင္အိမ္ အေႏွာင္အဖြဲ႔ အမ်ဳိးမ်ဳိးတုိ႔မွ က်ြတ္လြတ္ၾကကုန္၏။

(၈)အလုံးစုံေသာ ငရဲဘုံတုိ႔၌ ငရဲမီး ျငိမ္းေအး၏။

(၉)ျပိတၱာဘုံ(ျပိတၱာေလာက)၌ ဆာေလာင္ျခင္း၊ေရသိပ္(ေရငတ္)ျခင္း ကင္းစဲျငိမ္းေအး၏။

(၁၀)တိရိစာၦန္တုိ႔အား ေဘးရန္ တစ္စုံတစ္ရာမ်ွမရွိ။(ေဘးရန္ခပ္သိမ္းတုိ႔မွ လြတ္ျငိမ္းၾကရကုန္၏။)

(၁၁)ေရာဂါရွိေသာ သတၱဝါခပ္သိမ္းတုိ႔ ထုိေရာဂါဟူသမ်ွတုိ႔မွ လြတ္ျငိမ္းေပ်ာက္ကင္းၾကကုန္၏။

(၁၂)သတၱဝါခပ္သိမ္းတုိ႔သည္ တစ္ဦးကုိတစ္ဦး ၾကည္နဴးခ်စ္ခင္ဖြယ္ရာ စကားကုိသာေျပာဆုိၾကကုန္၏။

(၁၃)ျမင္းတုိ႔သည္ ခ်ဳိျမိန္သာယာစြာေသာ အျခင္းအရာျဖင့္ ရႊင္လန္းျမဴးတူးစြာ ဟီၾကကုန္၏။

(၁၄)ဆင္တုိ႔သည္ ခ်ဳိျမိန္သာယာေသာ အျခင္းအရာအားျဖင့္ ျမည္ၾကကုန္၏။

(၁၅)စည္း၊ေစာင္း၊ညွင္းစေသာ တူရိယာမ်ဳိး ခပ္သိမ္းတုိ႔သည္ မတီးမမွဳတ္အပ္ပါဘဲလ်က္ မိမိတုိ႔အလုိလုိ မိမိတုိ႔ ျမည္ျမဲေသာအသံကုိ ရင့္သီက်ဴးျမည္ၾကကုန္၏။

(၁၆)လူတုိ႔၏ လက္ေကာက္၊ေျခက်ဥ္းအစရွိေသာ အဆင္တန္ဆာတုိ႔သည္ တစ္ခုႏွင့္တစ္ခု မထိမခုိက္မိၾကပဲလ်က္ အလုိအေလ်ာက္အသံျမည္ၾကကုန္၏။

(၁၇)အလုံးစုံေသာ အရပ္မ်က္ႏွာ လဟာခပင္း၊ရွဳျမင္ကြင္းတုိ႔သည္ သန္႔ရွင္းၾကည္လင္ၾကကုန္၏။

(၁၈)သတၱဝါတုိ႔အား ေအးျမခ်မ္းသာျခင္းကုိ ျဖစ္ေစလ်က္ နဴးညံ့သိမ္ေမြ႔ေသာ ေလေျပေလညွင္းတုိ႔သည္ ျဖည္းညွင္းသာယာစြာ တုိက္ခတ္လာကုန္၏။

(၁၉)အခါမဲ့မုိးၾကီးရြာသြန္းလာ၏။(မုိးရြာခ်ိန္မဟုတ္ဘဲ)အုတ္အုတ္သဲသဲ လြန္ကဲသည္းထန္စြာ မုိးၾကီးရြာသြန္းလာ၏။

(၂၀)မဟာပထဝီ ဤေျမၾကီးမ်ားမွလည္း ေရသည္အလုိလုိစိမ့္ထြက္ကာ ထုိထုိဤဤ စီးသြားေလ၏။

(၂၁)ငွက္အမ်ား ေကာင္ကင္၌ ပ်ံသန္းျခင္းကုိမျပဳၾက။(ထုိခဏ၌ ငွက္မ်ားေကာင္းကင္၌ ပ်ံသြားျခင္းမရွိ။)

(၂၂)တသုန္သုန္ တသြင္သြင္ အစဥ္မျပတ္ စီးသြားစုန္ဆင္းျမဲျဖစ္ေသာ ျမစ္ေရအယဥ္တုိ႔သည္ အရွင္က ေငါက္၍ ေၾကာက္ရြ႔ံရပ္နားသည့္ က်ြန္အလား စီးသြားစုန္ဆင္းျခင္းမရွိဘဲ ပကတိရပ္တန္႔ျငိမ္သက္၍ ရပ္ေနကုန္၏။

(၂၃)မဟာသမုဒၵရာ၌ ပကတိက ငန္သည့္ အရရွိေသာ ေရသည္ ထုိခဏ၌ ခ်ဳိျမိန္၍လာေလ၏။

(၂၄)အလုံးစုံေသာ အရပ္မ်က္ႏွာတုိ႔၌ အဆင္းသုံးျဖာ ၾကာမ်ဳိးငါးပါးတုိ႔ ျဖန္႔လႊားဖုံးကြယ္လ်က္ရွိကုန္၏။(ေရကန္ ေရအုိင္တုိင္း ၾကာမ်ဳိးငါးပါးႏွင့္ ဖုံးလႊမ္းအပ္ေသာ ေရမ်က္ႏွာျပင္ရွိ၏။)

(၂၅)အလုံးစုံေသာ ၾကည္းပန္း(ကုန္းပန္း) ေရပန္းတုိ႔သည္ ထုိခဏ၌ တစ္ျပိဳင္နက္ပြင့္ၾကကုန္၏။

(၂၆)သစ္ပင္တုိ႔၏ ပင္လုံးပင္စည္တုိ႔၌ ခႏၶ ပဒုမေခၚ ပင္စည္ပန္းတုိ႔ အဆန္းတၾကယ္ ပြင့္ၾကကုန္၏။

(၂၇)သစ္ပင္တုိ႔၏ အခက္တုိ႔၌ သာခါပဒုမ မည္ေသာ အခက္ပန္းတုိ႔ အဆန္းတၾကယ္ပြင့္ၾကကုန္၏။

(၂၈)သစ္ပင္တုိ႔၏ အႏြယ္တုိ႔၌ လတာပဒုမ မည္ေသာ အႏြယ္ပန္းတုိ႔ အဆန္းတၾကယ္ ပြင့္ၾကကုန္၏။

(၂၉)ဒ႑ ပဒုမမည္ေသာ အရုိးတန္ပန္းတုိ႔သည္လည္း ကုန္ေျမတစ္ခြင္ တုိ႔ကုိ ေဖာက္ထြင္းကာ ခုနစ္ဆင့္ ခုနစ္ဆင့္ျဖစ္၍ ပြင့္ထြန္းေပၚေပါက္လာကုန္၏။

(၃၀)ေကာင္းကင္၌ ပဒုမာၾကာပန္းတုိ႔သည္ ေအာက္သို႔ တူရူ မ်က္ႏွာ မူလ်က္ တြဲရရြဲ ဆြဲၾကကုန္၏။

(၃၁)အရပ္ထပ္ဝန္းက်င္မွ ပန္းမုိးတုိ႔ တျဖဳိးျဖိဳး ရြာသြန္းကုန္၏။

(၃၂)ေကာင္းကင္၌ နတ္ျဖစ္ တူရိယာတုိ႔လည္း မတီးမမွဳတ္ရဘဲ အလုိအေလ်ွာက္ အသံျမည္ကုန္၏။

ဇာတိေခတ္(ပဋိသေႏၶ)ေနစဥ္ စၾကာဝဠာ တုိက္ေပါင္း ေလာက ဓာတ္ တစ္ေသာင္းသည္ ဤဆုိအပ္ျပီးသည့္ ပုဗၺ နိမိတ္ၾကီး အံ့ဖြယ္ၾကီး(၃၂)တုိ႔ျဖင့္ တန္ဆာဆင္ရကား၊အလုံးျပဳ၍ လႊင့္ပစ္အပ္ေသာ ပန္းလုံးၾကီးကဲ့သုိ႔လည္းေကာင္း၊အျပည့္အၾကပ္ ၾကားမလပ္ေအာင္ဖြဲ႔အပ္ေသာ ပန္းစည္းၾကီးကဲ့သုိ႔လည္းေကာင္း၊တန္ဆာျပင္ဆင္ ခင္းက်င္းအပ္ေသာ ပန္းေနရာၾကီးကဲ့သုိ႔လည္းေကာင္း၊ပန္းႏွင့္ပန္းခ်င္းထပ္မ်ွရွိလ်က္ သားျမီးယပ္ျဖင့္ တလႊဲလႊဲ ခတ္အပ္သည့္ပမာ ပန္းအထုံအခုိးန႔ံသာတုိ႔ျဖင့္ ထက္ဝန္းက်င္ ၾကိဳင္လွဳိင္လ်က္ လြန္ျမတ္ေသာ ၾကက္သေရအစုသုိ႔ ေရာက္ေလေတာ့သည္။

ဒါက ျမတ္စြာဘုရားရွင္ ဖြားေတာ္မမူမီ ပဋိသေႏၶေနစဥ္အခါ စၾကာဝဠာတုိက္ေပါင္းမွာၾကဳိတင္ျပီး ျဖစ္ေပၚေလ့ရွိတဲ့ ပုဗၺနိမိတ္ၾကီး(၃၂)ပါးျဖစ္ပါတယ္။

buddhismbeams

#Unicode Version#

အတုမရှိ၊အတူမရှိ အနန္တဉာဏ်တော်ရှင် ဘုရားဖြစ်တော်မူမည့် ဘုရားလောင်းတော်ကြီးများသည် ပညာဓိက ဘုရားဆုပန်လျှင်လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းတိတိ(စွန့်ခြင်းငါးပါးနှင့်တကွ ပါရမီတော်(၁၀)ပါး အပြား(၃၀)တို့ကို အတုမရှိဖြည်ကျင့်ဆည်းပူးရလေသည်)။သဒ္ဓါဓိကဘုရားဆုပန်လျှင် ရှစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း၊ဝီရိယာဓိက ဘုရားဆုပန်လျှင်ဆယ့်ခြောက်သင်္ချေနဲ့ကမ္ဘာတစ်သိန်းဖြည့်ကျင့်ဆည်းပူးရပါတယ်။

ထို့ကဲ့သို့ဖြည့်ကျင့်ဆည်း ပူးတော်မူသောကြောင့်အသဒိသ၊အတုလ၊ဆ,အသာဓာရဏရွှေဉာဏ်တော်ရှင် ဖြစ်တော်မူမည့်ဘဝမှာ ယူဇနာပေါင်း(၂)သိန်း၊(၄)သောင်းရှိသော မြေအထု၊ယူဇနာပေါင်း(၄)သိန်း၊ (၈)သောင်းရှိသော ရေအထု၊ယူဇနာပေါင်း(၉)သိန်း၊(၆)သောင်းရှိသော လေအထု၊ယူဇနာပေါင်း(၁)သန်း၊ (၉)သိန်း (၂)သောင်းရှိသောမီးအထုမဟာဘူတဓာတ်ကြီးလေးပါး၏အဆောက်အဦးဖြစ်သောဘုံ(၃၁)၊ စကြဝဠာ၊ထိုစကြဝဠာတိုက် ပေါင်း(၁၀၀၀၀)ကို

(၁)ဘုရားလောင်းတော် ပဋိသန္ဓေနေသည်နှင့် မနှိုင်းယှဉ်နိုင်သော အလင်းရောင်ကြီးသည် ပျံ့နှံ့၏။

(၂)ဘုရားလောင်းတော်၏ ဘုန်းအသရေတော်ကို ဖူးမျှော်လိုကြသည့်ပမာ မျက်စေ့နှစ်ကွင်းအလင်းမရသူတို့သည် ထိုခဏ၌ မျက်စိနှစ်ကွင်းအလင်းရ၍ မြင်ကြကုန်၏။

(၃)နားပင်းကြကုန်သော သူတို့သည်လည်း နားအပင်းပျောက်ကာ အသံကိုကြားကြရကုန်၏။

(၄)အ,သဖြင့်၊စကားမပြောနိုင်သူတို့သည်လည်း၊ အ,အပျောက်ကာ စကားပြောနိုင်ကြကုန်၏။

(၅)ကုန်း၊ကွ၊ကောက်၊ခွင်သောကိုယ်ရှိသော သူတို့သည်လည်း ထိုခဏ၌ ဖြောင့်မတ်သော ကိုယ်ရှိကြကုန်၏။

(၆)ခြေဆွံ့သောသူ(မသွားလာနိုင်သူ)တို့သည်လည်း ထိုခဏ၌ အဆွံ့ပျောက်ကာ ခြေဖြင့်ကောင်းစွာသွားလာနိုင်ကြကုန်၏။

(၇)နှောင်အိမ် အနှောင်အဖွဲ့(ထူး၊ထိတ်၊သံခြေကျဉ်း စသည်)၌ နှောင်ဖွဲ့ခြင်းကို ခံလျှက်နေကြရသောသူတို့သည်လည်း ထိုခဏ၌ ထိုနှောင်အိမ် အနှောင်အဖွဲ့ အမျိုးမျိုးတို့မှ ကျွတ်လွတ်ကြကုန်၏။

(၈)အလုံးစုံသော ငရဲဘုံတို့၌ ငရဲမီး ငြိမ်းအေး၏။

(၉)ပြိတ္တာဘုံ(ပြိတ္တာလောက)၌ ဆာလောင်ခြင်း၊ရေသိပ်(ရေငတ်)ခြင်း ကင်းစဲငြိမ်းအေး၏။

(၁၀)တိရိစ္ဆာန်တို့အား ဘေးရန် တစ်စုံတစ်ရာမျှမရှိ။(ဘေးရန်ခပ်သိမ်းတို့မှ လွတ်ငြိမ်းကြရကုန်၏။)

(၁၁)ရောဂါရှိသော သတ္တဝါခပ်သိမ်းတို့ ထိုရောဂါဟူသမျှတို့မှ လွတ်ငြိမ်းပျောက်ကင်းကြကုန်၏။

(၁၂)သတ္တဝါခပ်သိမ်းတို့သည် တစ်ဦးကိုတစ်ဦး ကြည်နူးချစ်ခင်ဖွယ်ရာ စကားကိုသာပြောဆိုကြကုန်၏။

(၁၃)မြင်းတို့သည် ချိုမြိန်သာယာစွာသော အခြင်းအရာဖြင့် ရွှင်လန်းမြူးတူးစွာ ဟီကြကုန်၏။

(၁၄)ဆင်တို့သည် ချိုမြိန်သာယာသော အခြင်းအရာအားဖြင့် မြည်ကြကုန်၏။

(၁၅)စည်း၊စောင်း၊ညှင်းစသော တူရိယာမျိုး ခပ်သိမ်းတို့သည် မတီးမမှုတ်အပ်ပါဘဲလျက် မိမိတို့အလိုလို မိမိတို့ မြည်မြဲသောအသံကို ရင့်သီကျူးမြည်ကြကုန်၏။

(၁၆)လူတို့၏ လက်ကောက်၊ခြေကျဉ်းအစရှိသော အဆင်တန်ဆာတို့သည် တစ်ခုနှင့်တစ်ခု မထိမခိုက်မိကြပဲလျက် အလိုအလျောက်အသံမြည်ကြကုန်၏။

(၁၇)အလုံးစုံသော အရပ်မျက်နှာ လဟာခပင်း၊ရှုမြင်ကွင်းတို့သည် သန့်ရှင်းကြည်လင်ကြကုန်၏။

(၁၈)သတ္တဝါတို့အား အေးမြချမ်းသာခြင်းကို ဖြစ်စေလျက် နူးညံ့သိမ်မွေ့သော လေပြေလေညှင်းတို့သည် ဖြည်းညှင်းသာယာစွာ တိုက်ခတ်လာကုန်၏။

(၁၉)အခါမဲ့မိုးကြီးရွာသွန်းလာ၏။(မိုးရွာချိန်မဟုတ်ဘဲ)အုတ်အုတ်သဲသဲ လွန်ကဲသည်းထန်စွာ မိုးကြီးရွာသွန်းလာ၏။

(၂၀)မဟာပထဝီ ဤမြေကြီးများမှလည်း ရေသည်အလိုလိုစိမ့်ထွက်ကာ ထိုထိုဤဤ စီးသွားလေ၏။

(၂၁)ငှက်အများ ကောင်ကင်၌ ပျံသန်းခြင်းကိုမပြုကြ။(ထိုခဏ၌ ငှက်များကောင်းကင်၌ ပျံသွားခြင်းမရှိ။)

(၂၂)တသုန်သုန် တသွင်သွင် အစဉ်မပြတ် စီးသွားစုန်ဆင်းမြဲဖြစ်သော မြစ်ရေအယဉ်တို့သည် အရှင်က ငေါက်၍ ကြောက်ရွံ့ရပ်နားသည့် ကျွန်အလား စီးသွားစုန်ဆင်းခြင်းမရှိဘဲ ပကတိရပ်တန့်ငြိမ်သက်၍ ရပ်နေကုန်၏။

(၂၃)မဟာသမုဒ္ဒရာ၌ ပကတိက ငန်သည့် အရရှိသော ရေသည် ထိုခဏ၌ ချိုမြိန်၍လာလေ၏။

(၂၄)အလုံးစုံသော အရပ်မျက်နှာတို့၌ အဆင်းသုံးဖြာ ကြာမျိုးငါးပါးတို့ ဖြန့်လွှားဖုံးကွယ်လျက်ရှိကုန်၏။(ရေကန် ရေအိုင်တိုင်း ကြာမျိုးငါးပါးနှင့် ဖုံးလွှမ်းအပ်သော ရေမျက်နှာပြင်ရှိ၏။)

(၂၅)အလုံးစုံသော ကြည်းပန်း(ကုန်းပန်း) ရေပန်းတို့သည် ထိုခဏ၌ တစ်ပြိုင်နက်ပွင့်ကြကုန်၏။

(၂၆)သစ်ပင်တို့၏ ပင်လုံးပင်စည်တို့၌ ခန္ဓ ပဒုမခေါ် ပင်စည်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။

(၂၇)သစ်ပင်တို့၏ အခက်တို့၌ သာခါပဒုမ မည်သော အခက်ပန်းတို့ အဆန်းတကြယ်ပွင့်ကြကုန်၏။

(၂၈)သစ်ပင်တို့၏ အနွယ်တို့၌ လတာပဒုမ မည်သော အနွယ်ပန်းတို့ အဆန်းတကြယ် ပွင့်ကြကုန်၏။

(၂၉)ဒဏ္ဍ ပဒုမမည်သော အရိုးတန်ပန်းတို့သည်လည်း ကုန်မြေတစ်ခွင် တို့ကို ဖောက်ထွင်းကာ ခုနစ်ဆင့် ခုနစ်ဆင့်ဖြစ်၍ ပွင့်ထွန်းပေါ်ပေါက်လာကုန်၏။

(၃၀)ကောင်းကင်၌ ပဒုမာကြာပန်းတို့သည် အောက်သို့ တူရူ မျက်နှာ မူလျက် တွဲရရွဲ ဆွဲကြကုန်၏။

(၃၁)အရပ်ထပ်ဝန်းကျင်မှ ပန်းမိုးတို့ တဖြိုးဖြိုး ရွာသွန်းကုန်၏။

(၃၂)ကောင်းကင်၌ နတ်ဖြစ် တူရိယာတို့လည်း မတီးမမှုတ်ရဘဲ အလိုအလျှောက် အသံမြည်ကုန်၏။

ဇာတိခေတ်(ပဋိသန္ဓေ)နေစဉ် စကြာဝဠာ တိုက်ပေါင်း လောက ဓာတ် တစ်သောင်းသည် ဤဆိုအပ်ပြီးသည့် ပုဗ္ဗ နိမိတ်ကြီး အံ့ဖွယ်ကြီး(၃၂)တို့ဖြင့် တန်ဆာဆင်ရကား၊အလုံးပြု၍ လွှင့်ပစ်အပ်သော ပန်းလုံးကြီးကဲ့သို့လည်းကောင်း၊အပြည့်အကြပ် ကြားမလပ်အောင်ဖွဲ့အပ်သော ပန်းစည်းကြီးကဲ့သို့လည်းကောင်း၊တန်ဆာပြင်ဆင် ခင်းကျင်းအပ်သော ပန်းနေရာကြီးကဲ့သို့လည်းကောင်း၊ပန်းနှင့်ပန်းချင်းထပ်မျှရှိလျက် သားမြီးယပ်ဖြင့် တလွှဲလွှဲ ခတ်အပ်သည့်ပမာ ပန်းအထုံအခိုးနံ့သာတို့ဖြင့် ထက်ဝန်းကျင် ကြိုင်လှိုင်လျက် လွန်မြတ်သော ကြက်သရေအစုသို့ ရောက်လေတော့သည်။

ဒါက မြတ်စွာဘုရားရှင် ဖွားတော်မမူမီ ပဋိသန္ဓေနေစဉ်အခါ စကြာဝဠာတိုက်ပေါင်းမှာကြိုတင်ပြီး ဖြစ်ပေါ်လေ့ရှိတဲ့ ပုဗ္ဗနိမိတ်ကြီး(၃၂)ပါးဖြစ်ပါတယ်။
buddhismbeams

No comments:

Post a Comment