Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 4, 2018

ရည်းစား စောစောမထားပါနဲ့…


ရည်းစား စောစောမထားပါနဲ့…

အချိန်မလင့်သေးခင် 15/16 ပတ်ချာလည်အရွယ်မှာ
ရည်းစားလက်တည့်စမ်း ထားခဲ့ဖူးကြပါလိမ့်မယ်။

တစ်ချို့က နှစ်တွေအကြာကြီး လက်တွဲသွားကြတယ်
တစ်ချို့က အဲ့တစ်ယောက်ထဲနဲ့ပဲ လက်ထပ်သွားကြတယ်
ဒါက 100.မှာ 1.ယောက် ဖြစ်စဉ်မျိုးပါ။

အများစုကတော့ တိုင်ပတ်ကြပါတယ်…
ပရမ်းပတာတွေ အသည်းကွဲကြပါတယ်…
မမှားသင့်တဲ့အမှားတွေကြားမှာ နစ်သွားကြပါတယ်…
ဒဏ်ရာတွေရ အတောင်ပံတွေကျိုးကုန်ကြပါတယ်…
မတော်တဆ လက်ထပ်လိုက်ရတာမျိုး ဖြစ်ကုန်ပါတယ်…။

တကယ်တမ်းက အဲ့အရွယ်က သိပ်အရေးကြီးပါတယ်
အမှားမခံဘူး Foul မဖြစ်အောင်နေခဲ့ရမယ်။

ဆယ်တန်းရဲ့ အခြေခံက ရှစ်တန်း… ဒီလိုပါပဲ !
အချစ်စစ်ရဲ့ Foundation က First love ပဲလေ။

First love မှာထဲက အခြေမခိုင်ခဲ့ ကျရှုံးခဲ့ရရင်
ဘဝတစ်လျှောက်လုံး အထပ်ထပ်အခါခါ လဲပြိုရပါလိမ့်မယ်
စိတ်ထဲအရမ်းနှစ် ရူးသွပ်ခဲ့ပြီးမှ လမ်းလည်းခွဲရရော
သေမလိုရှင်မလိုတွေဖြစ် မျက်ရည်နဲ့မျက်ခွက်တွေဖြစ်
စစ်မရောက်သေးဘူး မြှားကကုန်နေပြီ
အဲ့စိတ်က ဘဝတစ်လျှောက်လုံး အရိပ်လိုလိုက်နေရော။

ဆိုပါစို့…16.နှစ်အရွယ်မှာ ရည်းစား"စ"ထားမယ်
ကိုယ်တွဲတဲ့ ရည်းစားက Real ဆို ရှော့မရှိဘူး
အဲ့လိုမဟုတ်ပဲ Fake ဖြစ်နေတာဆို သေပြီသာမှတ်တော့။

Fake တွေရဲ့ Super Power က…
Romance သိပ်ကို ဆန်တတ်ကြတယ်
မချစ်ပဲနဲ့လည်း ဟန်ဆောင်တွဲရဲကြတယ်
အမှတ်ရဖို့အတွက် အသေအလဲ ဂရုစိုက်ချစ်ပြကြတယ်
ကတိတစ်လုံးကို ထမင်းစားရေသောက်သလို
လွယ်လွယ်ပေးတတ်ကြတယ်
လူတစ်ယောက်ကို ပျော့ကျလာအောင် ညှို့တတ်ကြတယ်
လိုတာထက်ပို အပြောချိုတယ်…အဲ့ဒါ Fake ပဲ။

Fake တွေက အစမ်းသပ်တော့မခံနိုင်ကြဘူး
ဒုက္ခရောက်နေပြီဆို ရှာမရတော့ဘူး ပျောက်ပြီ…
ပြတ်ပြီလို့ စနောက်ပြီးပြောကြည့် ချာကနဲ လှည့်သွားလိမ့်မယ်
တောင်းပန်တာ မရမက တွယ်ကပ်နေတာ မရှိဘူး…
ဘဝအတွက် အရေးကြီးတဲ့စကား ပြောကြည့်
ပေါ့ပျက်ပျက်အမူအရာနဲ့ စကားလွှဲပြပါလိမ့်မယ်…
စိတ်မမှန်ဘူး သူ့ဘက်ကဖုန်းအရမ်းပြောချင်နေတဲ့အခါဆို
လက်ကမချ နားကွဲမတတ် ပေါက်ပေါက်ဖေါက်ပြမယ်
နောက်နေ့တွေကျ ဖုန်းခေါ်ချင်မှခေါ်မယ် မအားတော့ဘူး
ပြောဖြစ်ရင်လည်း 1.မိနစ်မပြည့်သေး ဒါပဲနော် ကအရင်။

16.နှစ်မှာ စထားတဲ့ ရည်းစားဦးက Fake ဆို …
သွားပြီပဲ တောက်လျှောက်က မလှပတော့ဘူးလေ။
ပညာရေး အရင်ဆုံး ထိခိုက်မယ်
အိမ်ရဲ့ မျက်စိဒေါက်ထောက် ရှိုးတာခံရမယ်
မိဘတွေက အဲ့အရွယ်ကစ သေတဲ့အထိ မယုံတော့ဘူး
ပတ်ဝန်းကျင်ရဲ့ Respect ဆုံးရှုံးရမယ်
နောက်ဆုံး ကိုယ်တိုင်က စိတ်ဓါတ်သေမယ်။

ဖြစ်သင့်တာလား?
15/16 အရွယ်မှာ အထိအတွေ့ အချစ်မထားခဲ့နဲ့
စိတ်ကစားတာ ကစားလို့ရတယ်
လူတော့မကစားလိုက်နဲ့ ပါးနပ်တတ်ပါစေ
အကုန်လုံးကို ကြိုးရှည်ရှည်နဲ့ လှန်းထားခဲ့လိုက်
Crush အဆင့်မှာပဲ ရပ်တန့်ခဲ့ ချန်ထားပစ်ခဲ့
အချစ်စစ်နဲ့စောင့်နိုင်တဲ့သူ တစ်ယောက်တော့ ကျန်လိမ့်မယ်
တစ်ယောက်မှ မကျန်တော့ဘူးဆိုလည်း ရှော့မရှိဘူး
တစ်ကယ်မချစ်လို့ မစောင့်နိုင်တာပဲလို့ သတ်မှတ်လိုက်။

Foundation အရင်ဆုံး ခိုင်မာအောင်လုပ်
ပညာရေးဘက် စိတ်ထဲနှစ် ကြိုးစား…
စိတ်ရော လူပါ သင်ကြားစရာရှိတာ အကုန်သင်ထား။

20+ လောက်ရှိပြီဆို မင်း သိပ်လှနေလောက်ပြီ
Perfect တွေဖြစ် အထာတွေသိပ်ကိုကျနေလောက်ပြီ
ကိုယ့်ရဲ့တန်ဖိုးကလည်း အဆမတန်တက်နေပြီလေ။

ကိုယ့်ဆီကို တော်ရုံလူ မကပ်ရဲတော့ပါဘူး
Auto ရှိန်ပါတယ်
သေချာတာ ကိုယ်နဲ့တန်တဲ့သူပဲ အနားမှာရှိတော့မှာပါ
ရွေးချင်ရင်လည်း နားရွက်ဆွဲ ရွေးလိုက်…
စိတ်မဝင်စားသေးရင်လည်း "Go လေနော့" ပြောလိုက်။

အမှား အမှန်ကို Calculator နဲ့တွက်မလား?
ဒါမှမဟုတ် ရင်ခုန်သံကို မက်ဆေ့ခ်ျပို့ စဉ်းစားမလား?

20+ အရွယ်ကျမှ အချစ်ရေးကို စတင်ပါ
ပြောရရင် အဖြူထည် 20+ တစ်ယောက်ရဲ့
ရွေးချယ်မှုတစ်ခုက အမှားအယွင်း ကင်းနေတတ်လို့ပါ။
Phyu Phyu Win

No comments:

Post a Comment