Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, August 4, 2018

မသင်္ကာတဲ့ ကားတစ်စီး ရဲတပ်ဖွဲ့က စစ်ဆေးလိုက်တဲ့အခါ နယ်လှည့် ဈေးသူခိုးများဖြစ်နေ



မုံရွာ၊ သြဂုတ် ၎

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကျောက္ကာမြောက်ရွာ ရွှေဂူနီဘုရားအနီး ကျောက္ကာလမ်းဘေးတွင် အဖြူရောင် လိုက်ထရပ်ကား တစ်စီးမှာ ယာဉ်၏နောက်ခန်းအား မိုးကာချဖုံးအုပ်လျက် မသင်္ကာဖွယ်ရာ အနေအထားတစ်ရပ်ဖြစ်နေတာကြောင့် မုံရွာနယ်မြေရဲခန်း နယ်ထိန်းရဲအရာရှိ ရဲဒုဗိုလ် တင့်လွင်ဦးနှင့်အဖွဲ့က သွားရောက် စစ်ဆေးမေးမြန်းခဲ့ရာ ယာဉ်ပေါ်တွင် ခိုးရာပါ ဈေးပစ္စည်းများနှင့်အတူ လူသုံးဦးအား ဖမ်းဆီးရရှိခဲ့ကြောင်း မုံရွာခရိုင် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။

မုံရွာနယ်မြေ ရဲစခန်းမှူး ရဲဗိုလ် ဆန်းလင်းမှ “ .. ဈေးကုန်ပစ္စည်းများတွေ့ရတယ် ၊ သူတို့ဝယ်လာတာ..၊ သူတို့ပိုင်ဆိုင်တာ ဖြစ်ကြောင်း အထောက်အထားမပြနိုင်ဘူး ၊ ဈေးသူခိုးတွေဖြစ်နိုင်တာကြောင့် ဖမ်းဆီးလိုက်တာပါ …” ဟုပြောသည်။

အဆိုပါ ကားပေါ်တွင် 3K - 12 ဗို့ N 20 ဘက်ထရီအိုး အသစ် (၂)လုံး၊ 3K - 12 ဗို့ Ns 40 ZN ( 36 B 20 L ) ဘက်ထရီအိုး အသစ်(၂) လုံး၊ ၀င်းမော်ဦး အမည်ပါ ဆိပ်ခွန်လုံချည် အသစ်(၁၂)ထည်၊ အပါအ၀င် အမျိုးသား ၊ အမျိုးသမီးဝတ် အက်ျီ ၊ အတွင်းခံ ဘော်လီ၊ ဘောင်းဘီး၊ လုံချည်များနှင့် လူသုံးကုန် ပစ္စည်း အမျိုးအစား (၄၀)ကျော်အား ရဲတပ်ဖွဲ့က အမှုဖြင့် သိမ်းဆီးနိုင်ခဲ့သည်။

ထို့နောက် နယ်ထိန်းရဲအရာရှိ ဒုရဲဗိုလ် တင့်လွင်ဦးက အဆိုပါ ကားပေါ်တွင်တွေ့ရှိရသူ မကွေးတိုင်းဒေသကြီး ကမ္မမြို့နယ်၊ ဖလံအိုကျေးရွာနေ ကိုဇော်နိုင် ၊ ကိုမိုးဆွေ နှင့် မသီတာအေး (၃) ဦးတို့ကို ဥပဒေအရ အမှုဖွင့် အရေးယူပေးရန် တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၁၉၂/ ၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၈၀ / ကျင့် ၅၄ အရ အမှုရေးဖွင့်လက်ခံခဲ့ကြောင်း မုံရွာနယ်မြေရဲစခန်းမှ သိရသည်။

ကိုတိုးကြီး ( မုံရွာ)
သတင်း + ဓာတ်ပုံ = ကိုတိုးကြီး

No comments:

Post a Comment