Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 8, 2018

ခ်ရခက္တဲ့ ခါးပတ္လည္က အဆီေတြ က်ေစဖို႔ ေဖ်ာ္ရည္တစ္ခြက္


ေလ့က်င့္ခန္းလုပ္ေနရင္းနဲ႔ ကိုယ္အေလးခ်ိန္ အနည္းငယ္ဘဲ က်တာခံစားဖူးမွာပါ။ ဒါေပမယ့္ ေဟာ္မႈန္းေျပာင္းလဲမႈေတြ၊ စိတ္ဖိစီးမႈ၊ ေရဓာတ္ခမ္းေျခာက္ျခင္း စတာေတြေၾကာင့္ ကိုယ္အေလးခ်ိန္ ရုတ္တရပ္ျမင့္တက္တာေတြျဖစ္ႏိုင္ပါတယ္။ တခါတေလ တျခား ေနရာမွာမ၀ေပမယ့္ ခါးပတ္လည္အဆီေတြမ်ားေနတာ၊ ဗိုက္ပူေနတာေတြျဖစ္တတ္ပါတယ္။

အဲ့ဒီ ခါးပတ္လည္က အဆီေတြ၊ ဗိုက္ပူေနတာေတြက တကယ္တမ္း ေလ့က်င့္ခန္းလုပ္ၿပီး ခ်ရခက္ပါတယ္။

နံနံပင္ရဲ႕ အက်ိဳးေက်းဇူး

နံနံပင္က အသည္းနဲ႔ေက်ာက္ကပ္မွာရွိတဲ့ အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးၿပီး အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။

အဲ့ဒီအျပင္ ခႏၶာကိုယ္ရဲ႕ အဆိပ္အေတာက္ေတြကိုလည္း ဖယ္ရွားေပးပါတယ္။ အမ်ားအားျဖင့္ အဆိပ္အေတာက္ေတြက အဆီထဲမွာဘဲ သိမ္းဆည္းၾကတာမ်ားၿပီး နံနံပင္စားတာမ်ားရင္ အဆိပ္အေတာက္တြကို ဖယ္ရွားႏိုင္တာေၾကာင့္ အဆီေတြလည္း က်ေစပါတယ္။

နံနံပင္မွာ Antioxidants ဓာတ္ေတြျဖစ္တဲ့ Luteonlin ဓာတ္နဲ႔ Apigenin ဓာတ္တို႔ပါ၀င္တဲ့အျပင္ ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္တဲ့ ဗီတာမင္ A နဲ႔ C ဓာတ္တုိ႔ပါ၀င္ပါတယ္။ အဲ့ဒီအျပင္ အသည္းေရာဂါကို ကာကြယ္ေပးပါတယ္။

တျခား က်န္းမာေရးအက်ိဳးေက်းဇူးမ်ားမွာ အာရုံေၾကာအတြက္ ေကာင္းမြန္၊ အႀကိတ္ေတြကို ကာကြယ္ေပး၊ ေရာင္ရမ္းတာေတြ ေလ်ာ့ခ်၊ အဆစ္အျမစ္နာတာေတြ သက္သာ၊ ၾကြက္သားနာတာေတြ သက္သာ၊ ေက်ာက္ကပ္ ေက်ာက္တည္တာေတြကို ကာကြယ္ေပးတာစသျဖင့္ အက်ိဳးေက်းဇူးေတြ အမ်ားႀကီးရွိပါတယ္။

health-benefits-of-drinking-parsley-juice
ခါးပတ္လည္က အဆီေတြ က်ေစဖို႔

ပါ၀င္ပစၥည္းမ်ား

ေရ တစ္ခြက္ရဲ႕ ၃ ပံု ၁ပံု
ဂ်င္း လက္တစ္ဒစ္
သခြားသီး ၁လံုး
နံနံပင္ တစ္စည္း
သံပုရာသီး ၁ျခမ္း
ပ်ားရည္ (မထည့္ခ်င္လည္း ရပါတယ္)

ျပဳလုပ္နည္း

ပါ၀င္ပစၥည္းေတြအားလံုးကို ေဆးလိုက္ပါ။ နံနံပင္ေတြကို ပါးပါးလွီးၿပီး စားပြဲတင္ဇြန္း ၁ဇြန္း ေလာက္ရေအာင္လွီးပါ။ ပိုတဲ့ဟာကို သိမ္းထားပါ။

သခြားသီးကို ပါးပါးလီွးၿပီး ပါ၀င္ပစၥည္းေတြ အားလံုးကို ေမႊစက္ထဲထည့္ေမႊပါ။ လံုး၀ေၾကမႊသြားတဲ့အထိ ေမႊပါ။

ၿပီးရင္ ပ်ားရည္ထည့္ၿပီး ေသာက္လို႔ရပါၿပီ။ ပ်ားရည္က အရသာ ေကာင္းခ်င္လို႔ထည့္တာျဖစ္တာေၾကာင့္ မထည့္လည္းရပါတယ္။
myfoodmyanmar

#Unicode Version#
လေ့ကျင့်ခန်းလုပ်နေရင်းနဲ့ ကိုယ်အလေးချိန် အနည်းငယ်ဘဲ ကျတာခံစားဖူးမှာပါ။ ဒါပေမယ့် ဟော်မှုန်းပြောင်းလဲမှုတွေ၊ စိတ်ဖိစီးမှု၊ ရေဓာတ်ခမ်းခြောက်ခြင်း စတာတွေကြောင့် ကိုယ်အလေးချိန် ရုတ်တရပ်မြင့်တက်တာတွေဖြစ်နိုင်ပါတယ်။ တခါတလေ တခြား နေရာမှာမဝပေမယ့် ခါးပတ်လည်အဆီတွေများနေတာ၊ ဗိုက်ပူနေတာတွေဖြစ်တတ်ပါတယ်။

အဲ့ဒီ ခါးပတ်လည်က အဆီတွေ၊ ဗိုက်ပူနေတာတွေက တကယ်တမ်း လေ့ကျင့်ခန်းလုပ်ပြီး ချရခက်ပါတယ်။

နံနံပင်ရဲ့ အကျိုးကျေးဇူး

နံနံပင်က အသည်းနဲ့ကျောက်ကပ်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။

အဲ့ဒီအပြင် ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ အများအားဖြင့် အဆိပ်အတောက်တွေက အဆီထဲမှာဘဲ သိမ်းဆည်းကြတာများပြီး နံနံပင်စားတာများရင် အဆိပ်အတောက်တွကို ဖယ်ရှားနိုင်တာကြောင့် အဆီတွေလည်း ကျစေပါတယ်။

နံနံပင်မှာ Antioxidants ဓာတ်တွေဖြစ်တဲ့ Luteonlin ဓာတ်နဲ့ Apigenin ဓာတ်တို့ပါဝင်တဲ့အပြင် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင် A နဲ့ C ဓာတ်တို့ပါဝင်ပါတယ်။ အဲ့ဒီအပြင် အသည်းရောဂါကို ကာကွယ်ပေးပါတယ်။

တခြား ကျန်းမာရေးအကျိုးကျေးဇူးများမှာ အာရုံကြောအတွက် ကောင်းမွန်၊ အကြိတ်တွေကို ကာကွယ်ပေး၊ ရောင်ရမ်းတာတွေ လျော့ချ၊ အဆစ်အမြစ်နာတာတွေ သက်သာ၊ ကြွက်သားနာတာတွေ သက်သာ၊ ကျောက်ကပ် ကျောက်တည်တာတွေကို ကာကွယ်ပေးတာစသဖြင့် အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။

health-benefits-of-drinking-parsley-juice
ခါးပတ်လည်က အဆီတွေ ကျစေဖို့

ပါဝင်ပစ္စည်းများ

ရေ တစ်ခွက်ရဲ့ ၃ ပုံ ၁ပုံ
ဂျင်း လက်တစ်ဒစ်
သခွားသီး ၁လုံး
နံနံပင် တစ်စည်း
သံပုရာသီး ၁ခြမ်း
ပျားရည် (မထည့်ချင်လည်း ရပါတယ်)

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေအားလုံးကို ဆေးလိုက်ပါ။ နံနံပင်တွေကို ပါးပါးလှီးပြီး စားပွဲတင်ဇွန်း ၁ဇွန်း လောက်ရအောင်လှီးပါ။ ပိုတဲ့ဟာကို သိမ်းထားပါ။

သခွားသီးကို ပါးပါးလှီးပြီး ပါဝင်ပစ္စည်းတွေ အားလုံးကို မွှေစက်ထဲထည့်မွှေပါ။ လုံးဝကြေမွှသွားတဲ့အထိ မွှေပါ။

ပြီးရင် ပျားရည်ထည့်ပြီး သောက်လို့ရပါပြီ။ ပျားရည်က အရသာ ကောင်းချင်လို့ထည့်တာဖြစ်တာကြောင့် မထည့်လည်းရပါတယ်။
myfoodmyanmar

No comments:

Post a Comment