Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 22, 2018

အံ့ဩေလာက္ေအာင္ က်န္းမာေစတဲ့ ႐ုံးပတီသီး


႐ုံးပတီသီးကို ငပိရည္တို႔စရာအျဖစ္ ျပဳတ္စားၾကသလို ဟင္းခ်ိဳထဲထည့္၍ျဖစ္ေစ ေၾကာ္၍ျဖစ္ေစ စားၾကပါတယ္။ သီးစံုပဲကုလားဟင္းထဲ ႐ုံးပတီသီးထည့္ခ်က္လိုက္ရင္ျဖင့္ အရသာေလးကို နစ္လို႔။ ႐ုံးပတီသီးႀကိဳက္တဲ့ သူအဖို႔ သတင္းေကာင္းတစ္ရပ္အေနနဲ႔ ႐ုံးပတီသီးရဲ႕ ထူးျခားတဲ့ က်န္းမာေရးအက်ိဳးေတြကို မ်ွေဝေပးလိုက္ပါတယ္ေနာ္။

၁။ ဆီးခ်ိဳထိန္းေပး။

႐ုံပတီသီးမွာ အစာေျခလမ္းေၾကာင္းမွ သၾကားစုပ္ယူမႈႏႈန္းကို ထိန္းညႇိေပးျခင္းအားျဖင့္ ေသြးခ်ိဳႏႈန္းကို တည္ၿငိမ္ေစတဲ့ အမ်ွင္ေတြႂကြယ္ဝပါတယ္။

၂။ နလံုးေရာဂါကာကြယ္ေပး။

ေသြးထဲမွာ ကိုလက္စထေရာႏႈန္းမ်တဲ့အတြက္ ႏွလံုးေရာဂါျဖစ္လာရပါတယ္။ ႐ုံပတီသီးထဲမွာ႐ွိတဲ့ Pectin လိုေခၚတဲ့ ေပ်ာ္ဝင္လြယ္အမွ်င္ဓာတ္က ကိုလက္စထေရာႏႈန္းကို က်ဆင္းေစၿပီး ႏွလံုးေရာဂါမွ ကာကြယ္ေပးပါတယ္။

၃။ ကိုယ္အေလးခ်ိန္ေလ်ာ့က်ေစ။

ကိုယ္အေလးခ်ိန္ေလ်ွာ့ခ်တဲ့အခါ ႐ုံးပတီသီးစားေပးလို႔ရပါတယ္။ သူ႔မွာ႐ွိတဲ့ ကယ္လိုရီဟာ အင္မတန္နည္းၿပီး ၁၀၀ဂရမ္ စားရင္ေတာင္ ၃၃ကယ္လိုရီသာရမွာ ျဖစ္ပါတယ္။

၄။ ကိုယ္ခံအားကို တိုးျမႇင့္ေပး။

တစ္ေန႔ ႐ုံပတီသီး ၁၀၀ဂရမ္စားေပးျခင္းျဖင့္ လူတစ္ေယာက္ရဲ႕တစ္ေန႔တာအတြက္လိုအပ္ေသာ Vitamin C ဓာတ္ကိုရ႐ွိမွာျဖစ္ပါတယ္။ Vitamin C ဟာ ခႏၶာကိုယ္ခုခံစြမ္းအားအတြက္ ေအရးပါတဲ့ အာဟာရဓာတ္ျဖစ္ၿပီး ေရာဂါနဲ႔ ကူးစက္ေရာဂါေတြမွလည္း ကာကြယ္ေပးပါတယ္။

၅။ ဦးေႏွာက္၏ လုပ္ေဆာင္ခ်က္ကိုျမႇင့္တင္ေပး။

ဦးေႏွာက္ရဲ႕ လုပ္ေဆာင္ခ်က္ပံုမွန္ျဖစ္ေစရန္ လိုအပ္တဲ့ ျဒပ္ေပါင္းမ်ားစြာထုတ္လုပ္ေပးရာမွာကူညီႏိုင္တဲ့ Folate နဲ႔ Vitamin B9 အာဟာရဓာတ္ႏွစ္မ်ိဳး ႐ုံးပတီသီးထဲမွာ ပါဝင္ပါတယ္။


၆။ ကိုယ္ဝန္ေဆာင္မိခင္မ်ားအတြက္ သင့္ေတာ္။

႐ုံးပတီသီးထဲမွာ B9 နဲ႔ ေဖာ္လစ္အက္ဆစ္ (Folic Acid) ပါဝင္တာေၾကာင့္ ကိုယ္ဝန္သည္ေတြမီးဖြားတဲ့အခါ အာ႐ုံေၾကာခြၽတ္ယြင္းမႈကို တားဆီးေပးပါတယ္။

၇။ ကင္ဆာေရာဂါမွ ကာကြယ္ေပး။

အာဟာရဆိုင္ရာ ဂ်ာနယ္တစ္ခုမွာ ေဖာ္ျပျခင္းရတဲ့သုေတသန မွတ္တမ္းအရ ႐ုံးပတီသီးဟာ တျခားေသာ ဟင္းသီးဟင္းရြက္ေတြထက္ ေရာဂါခုခံႏိုင္တဲ့အာဟာရဓာတ္ပိုပါဝင္ပါတယ္။ ယင္းဓာတ္က ကင္ဆာဆဲလ္ ဖြံ႔ၿဖိဳးမႈကို တားျမစ္ေပးပါတယ္။

က်န္းမာေရအတြက္အဖက္ဖက္က အက်ိဳးျပဳေစတဲ့ ႐ုံးပတီသီးကို မ်ားမ်ားစားေပးဖို႔တိုက္တြန္းပါတယ္။

myfood

#Unicode Version#
ရုံးပတီသီးကို ငပိရည်တို့စရာအဖြစ် ပြုတ်စားကြသလို ဟင်းချိုထဲထည့်၍ဖြစ်စေ ကြော်၍ဖြစ်စေ စားကြပါတယ်။ သီးစုံပဲကုလားဟင်းထဲ ရုံးပတီသီးထည့်ချက်လိုက်ရင်ဖြင့် အရသာလေးကို နစ်လို့။ ရုံးပတီသီးကြိုက်တဲ့ သူအဖို့ သတင်းကောင်းတစ်ရပ်အနေနဲ့ ရုံးပတီသီးရဲ့ ထူးခြားတဲ့ ကျန်းမာရေးအကျိုးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ ဆီးချိုထိန်းပေး။

ရုံပတီသီးမှာ အစာခြေလမ်းကြောင်းမှ သကြားစုပ်ယူမှုနှုန်းကို ထိန်းညှိပေးခြင်းအားဖြင့် သွေးချိုနှုန်းကို တည်ငြိမ်စေတဲ့ အမျှင်တွေကြွယ်ဝပါတယ်။

၂။ နလုံးရောဂါကာကွယ်ပေး။

သွေးထဲမှာ ကိုလက်စထရောနှုန်းမျတဲ့အတွက် နှလုံးရောဂါဖြစ်လာရပါတယ်။ ရုံပတီသီးထဲမှာရှိတဲ့ Pectin လိုခေါ်တဲ့ ပျော်ဝင်လွယ်အမျှင်ဓာတ်က ကိုလက်စထရောနှုန်းကို ကျဆင်းစေပြီး နှလုံးရောဂါမှ ကာကွယ်ပေးပါတယ်။

၃။ ကိုယ်အလေးချိန်လျော့ကျစေ။

ကိုယ်အလေးချိန်လျှော့ချတဲ့အခါ ရုံးပတီသီးစားပေးလို့ရပါတယ်။ သူ့မှာရှိတဲ့ ကယ်လိုရီဟာ အင်မတန်နည်းပြီး ၁၀၀ဂရမ် စားရင်တောင် ၃၃ကယ်လိုရီသာရမှာ ဖြစ်ပါတယ်။

၄။ ကိုယ်ခံအားကို တိုးမြှင့်ပေး။

တစ်နေ့ ရုံပတီသီး ၁၀၀ဂရမ်စားပေးခြင်းဖြင့် လူတစ်ယောက်ရဲ့တစ်နေ့တာအတွက်လိုအပ်သော Vitamin C ဓာတ်ကိုရရှိမှာဖြစ်ပါတယ်။ Vitamin C ဟာ ခန္ဓာကိုယ်ခုခံစွမ်းအားအတွက် အေရးပါတဲ့ အာဟာရဓာတ်ဖြစ်ပြီး ရောဂါနဲ့ ကူးစက်ရောဂါတွေမှလည်း ကာကွယ်ပေးပါတယ်။

၅။ ဦးနှောက်၏ လုပ်ဆောင်ချက်ကိုမြှင့်တင်ပေး။

ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ပုံမှန်ဖြစ်စေရန် လိုအပ်တဲ့ ဒြပ်ပေါင်းများစွာထုတ်လုပ်ပေးရာမှာကူညီနိုင်တဲ့ Folate နဲ့ Vitamin B9 အာဟာရဓာတ်နှစ်မျိုး ရုံးပတီသီးထဲမှာ ပါဝင်ပါတယ်။

၆။ ကိုယ်ဝန်ဆောင်မိခင်များအတွက် သင့်တော်။

ရုံးပတီသီးထဲမှာ B9 နဲ့ ဖော်လစ်အက်ဆစ် (Folic Acid) ပါဝင်တာကြောင့် ကိုယ်ဝန်သည်တွေမီးဖွားတဲ့အခါ အာရုံကြောချွတ်ယွင်းမှုကို တားဆီးပေးပါတယ်။

၇။ ကင်ဆာရောဂါမှ ကာကွယ်ပေး။

အာဟာရဆိုင်ရာ ဂျာနယ်တစ်ခုမှာ ဖော်ပြခြင်းရတဲ့သုတေသန မှတ်တမ်းအရ ရုံးပတီသီးဟာ တခြားသော ဟင်းသီးဟင်းရွက်တွေထက် ရောဂါခုခံနိုင်တဲ့အာဟာရဓာတ်ပိုပါဝင်ပါတယ်။ ယင်းဓာတ်က ကင်ဆာဆဲလ် ဖွံ့ဖြိုးမှုကို တားမြစ်ပေးပါတယ်။

ကျန်းမာရေအတွက်အဖက်ဖက်က အကျိုးပြုစေတဲ့ ရုံးပတီသီးကို များများစားပေးဖို့တိုက်တွန်းပါတယ်။

myfood

No comments:

Post a Comment