Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 22, 2018

" အပါယ္သို႔ ေရာက္ေစတတ္ေသာ ဒုစရုိက္ (၁၀)ပါး"


မေကာင္းေသာကိုယ္မူ၊ ႏူတ္မူ၊ စိတ္မူတုိ႔ကို ဒုစရုိက္ ဟုေခၚသည္။
(ဒု = မေကာင္းေသာ၊ စရိတ = က်င့္ၾကံျပဳလုပ္ျခင္း)

ဒုစရုိက္ ကာယကံသံုးပါး

(၁) ပါဏာတိပါတ = သူ႕အသက္သတ္ျခင္း။
(၂) အဒိႏၷာဒါန = ပိုင္ရွင္သည္ ကုိယ္ႏူတ္တုိ႕ျဖင့္ မေပးအပ္ေသာ သူတပါးဥစၥာကို ခိုးယူျခင္း။
(၃) ကာေမသုမိစၦာစာရ = ကာမဂုဏ္တုိ႔၌ မွားယြင္းစြာက်င့္ျခင္း။

ဒုစရုိက္ ၀စီကံေလးပါး

(၁) မုသာ၀ါဒ = မဟုတ္မမွန္ ေျပာဆုိျခင္း။
(၂) ပိသုဏ၀ါစာ = ကုန္းတုိက္စကားေျပာဆုိျခင္း၊
ခ်စ္သူႏွစ္ဦး ကြဲသြားေအာင္ ရန္တုိက္ေပးျခင္း။
(၃) ဖရုသ၀ါစာ = ဆဲေရး တုိင္းထြာျခင္း စေသာ
ၾကမ္းတမ္းေသာ စကားေျပာဆုိျခင္း။
(၄) သမၹပၸလာပ = အက်ိဳးမရွိ အႏွစ္မဲ့ေသာ စကားကို ေျပာဆုိျခင္း။

ဒုစရုိက္ မေနာကံသံုးပါး

(၁) အဘိဇၥ်ာ - သူတပါးပစၥည္းကို “ငါ့ဟာျဖစ္လွ်င္ ေကာင္းေလစြ”ဟု မတရား ၾကံစည္ျခင္း။
(၂) ဗ်ာပါဒ = သူတပါးကို ေသေၾကပ်က္စီး ေစလိုျခင္း။
(၃) မိစၦာဒိ႒ိ = အမွားယူျခင္း (ကံ - ကံ၏အက်ိဳး မယံုၾကည္ျခင္း)။
ဓမၼစာေပမ်ား
# Unicode Version ျဖင့္ ဖတ္ပါ #
မကောင်းသောကိုယ်မူ၊ နူတ်မူ၊ စိတ်မူတို့ကို ဒုစရိုက် ဟုခေါ်သည်။
(ဒု = မကောင်းသော၊ စရိတ = ကျင့်ကြံပြုလုပ်ခြင်း)

ဒုစရိုက် ကာယကံသုံးပါး

(၁) ပါဏာတိပါတ = သူ့အသက်သတ်ခြင်း။
(၂) အဒိန္နာဒါန = ပိုင်ရှင်သည် ကိုယ်နူတ်တို့ဖြင့် မပေးအပ်သော သူတပါးဥစ္စာကို ခိုးယူခြင်း။
(၃) ကာမေသုမိစ္ဆာစာရ = ကာမဂုဏ်တို့၌ မှားယွင်းစွာကျင့်ခြင်း။

ဒုစရိုက် ဝစီကံလေးပါး

(၁) မုသာဝါဒ = မဟုတ်မမှန် ပြောဆိုခြင်း။
(၂) ပိသုဏဝါစာ = ကုန်းတိုက်စကားပြောဆိုခြင်း၊
ချစ်သူနှစ်ဦး ကွဲသွားအောင် ရန်တိုက်ပေးခြင်း။
(၃) ဖရုသဝါစာ = ဆဲရေး တိုင်းထွာခြင်း စသော
ကြမ်းတမ်းသော စကားပြောဆိုခြင်း။
(၄) သမ္ဖပ္ပလာပ = အကျိုးမရှိ အနှစ်မဲ့သော စကားကို ပြောဆိုခြင်း။

ဒုစရိုက် မနောကံသုံးပါး

(၁) အဘိဇ္ဈာ - သူတပါးပစ္စည်းကို “ငါ့ဟာဖြစ်လျှင် ကောင်းလေစွ”ဟု မတရား ကြံစည်ခြင်း။
(၂) ဗျာပါဒ = သူတပါးကို သေကြေပျက်စီး စေလိုခြင်း။
(၃) မိစ္ဆာဒိဋ္ဌိ = အမှားယူခြင်း (ကံ - ကံ၏အကျိုး မယုံကြည်ခြင်း)။
ဓမ္မစာပေများ

No comments:

Post a Comment