ဒီေန႔ေခတ္ ေနထိုင္စားေသာက္ပံုစံက အသင့္စားအစားအစာေတြ၊ ျပဳျပင္ထားတဲ့ အစားအစာ၊ သၾကားမ်ားတဲ့ အစားအစာေတြကို စားေသာက္ၾကတာမ်ားပါတယ္။
အဲ့ဒီအျပင္ စိတ္ဖိစီးမႈ၊ အရက္၊ ေဆးလိပ္ ေသာက္သံုးမႈနဲ႔ ခႏၶာကိုယ္ လႈပ္ရွားမႈနည္းတာေတြကလည္း ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြမ်ားေစပါတယ္။
သဘာ၀ပတ္၀န္းက်င္ ညစ္ညမ္းလာတာေၾကာင့္ အဆုတ္၊ အသားအေရ၊ ေက်ာက္ကပ္၊ အသည္း နဲ႔အူလမ္းေၾကာင္းေတြကလည္း ပိုၿပီး အလုပ္လုပ္လာရပါတယ္္။
ကိုယ္အေလးခ်ိန္ေတြ ေလ်ာ့က်လာမယ္၊ မူးေ၀ ေအာ့အန္၊ ပင္ပန္းႏြမ္းနယ္၊ ၀က္ၿခံမ်ားလာတာနဲ႔ စိတ္ဖိစီးမႈမ်ားလာတာကလည္း ခႏၶာကိုယ္ထဲမွာ အဆိပ္အေတာက္ေတြမ်ားေနတဲ့ လကၡဏာ တစ္ရပ္ပါ။
ဒါေၾကာင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ထိထိေရာက္ဖယ္ရွားေပးႏိုင္တဲ့ သဘာ၀ အသီးေဖ်ာ္ရည္အေၾကာင္းကို ေ၀မွ်ခ်င္ပါတယ္။
ပါ၀င္ပစၥည္းမ်ား
ေရ ဖန္ခြက္ ၁ ခြက္
အစိမ္းေရာင္ ပန္းသီး ၄ လံုး
သံပုရာသီး ၁ လံုး
ဂ်င္း လက္ဖက္ရည္ဇြန္း ၃ ဇြန္း
ျပဳလုပ္နည္း
သံပုရာသီးကို အခြံခြာလိုက္ပါ။ ပါ၀င္ပစၥည္းေတြအားလံုးကို ေသးေသးေလးေတြျဖစ္ေအာင္ လွီးၿပီး ေဖ်ာ္စက္ထဲထည့္ကာ ေမႊၿပီး ေသာက္ႏုိင္ပါၿပီ။
myfood
#Unicode Version#
ဒီနေ့ခေတ် နေထိုင်စားသောက်ပုံစံက အသင့်စားအစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာ၊ သကြားများတဲ့ အစားအစာတွေကို စားသောက်ကြတာများပါတယ်။
အဲ့ဒီအပြင် စိတ်ဖိစီးမှု၊ အရက်၊ ဆေးလိပ် သောက်သုံးမှုနဲ့ ခန္ဓာကိုယ် လှုပ်ရှားမှုနည်းတာတွေကလည်း ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများစေပါတယ်။
သဘာဝပတ်ဝန်းကျင် ညစ်ညမ်းလာတာကြောင့် အဆုတ်၊ အသားအရေ၊ ကျောက်ကပ်၊ အသည်း နဲ့အူလမ်းကြောင်းတွေကလည်း ပိုပြီး အလုပ်လုပ်လာရပါတယ်။
ကိုယ်အလေးချိန်တွေ လျော့ကျလာမယ်၊ မူးေ၀ အော့အန်၊ ပင်ပန်းနွမ်းနယ်၊ ဝက်ခြံများလာတာနဲ့ စိတ်ဖိစီးမှုများလာတာကလည်း ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေများနေတဲ့ လက္ခဏာ တစ်ရပ်ပါ။
ဒါကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထိထိရောက်ဖယ်ရှားပေးနိုင်တဲ့ သဘာ၀ အသီးဖျော်ရည်အကြောင်းကို ဝေမျှချင်ပါတယ်။
ပါဝင်ပစ္စည်းများ
ရေ ဖန်ခွက် ၁ ခွက်
အစိမ်းရောင် ပန်းသီး ၄ လုံး
သံပုရာသီး ၁ လုံး
ဂျင်း လက်ဖက်ရည်ဇွန်း ၃ ဇွန်း
ပြုလုပ်နည်း
သံပုရာသီးကို အခွံခွာလိုက်ပါ။ ပါဝင်ပစ္စည်းတွေအားလုံးကို သေးသေးလေးတွေဖြစ်အောင် လှီးပြီး ဖျော်စက်ထဲထည့်ကာ မွှေပြီး သောက်နိုင်ပါပြီ။
myfood
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Tuesday, May 22, 2018
သင့္ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို အစိမ္းေရာင္ပန္းသီးေဖ်ာ္ရည္နဲ႔ ဖယ္ရွားလိုက္ရေအာင္
သင့္ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို အစိမ္းေရာင္ပန္းသီးေဖ်ာ္ရည္နဲ႔ ဖယ္ရွားလိုက္ရေအာင္
Reviewed by MP4 YoU
on
May 22, 2018
Rating: 5
Reviewed by MP4 YoU
on
May 22, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment