Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 23, 2018

အဆိုေတာ္ဆုကိုသိန္း ၂၀၀ ေပးေနခ်ိန္ လူငယ္ ၁ ေယာက္အတြက္ ၁၀ သိန္းမတတ္ႏိုင္တာ ႏိုင္ငံေတာ္ သိကၡာက်လို႔ သမၼတႀကီးထံ ေတာင္းဆိုလိုက္တဲ့ စာေရးဆရာ


သို႔ / ဦးဝင္းျမင့္
ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္သမၼတ။
သမၼတႀကီးခင္ဗ်ား။႐ိုေသေလးစားစြာ တင္ျပအပ္ပါသည္။ အေၾကာင္းမွာျမန္မာႏိုင္ငံတြင္ လူငယ္ျပဳစုပ်ိဳးေထာင္ေရးသင္တန္းေက်ာင္းမ်ား တနည္း မူးယစ္ေဆးဝါးျဖတ္ေပး၍ လူငယ္မ်ားအား ျပဳစုပ်ိဳးေထာင္သည့္ သင္တန္းေက်ာင္းမ်ားရွိပါသည္။

အဆိုပါေက်ာင္းမ်ားတြင္ မူးယစ္ေဆးဝါးျဖတ္လိုေသာလူငယ္မ်ားအတြက္ တစ္ဦးလွ်င္ကုန္က်စားရိတ္၁၀ သိန္းခန႔္ရွိပါသည္။ ( ေတာင္းပါသည္ )လက္ေတြ႕သြားေရာက္ၿပီး ေဆးျဖတ္ခဲ့ေသာ လူငယ္မ်ားကိုယ္တိုင္ ေငြ ၁၀ သိန္းခန႔္ေပး၍ သင္တန္းတက္ေရာက္ခဲ့ၾကရသည့္ သာဓက မ်ားစြာ ရွိပါသည္။

လိုရင္းမွာ ေငြ ၁၀ သိန္းမေပးႏိုင္လွ်င္ တက္ေရာက္ခြင့္ ေဆးျဖတ္ခြင့္ ေဆးဝါးကုသခြင့္မရသည့္အေၾကာင္းျဖစ္ပါသည္။အမွန္တကယ္ မူးယစ္ေဆးဝါးျဖတ္လိုပါေသာ္လည္းေငြ ၁၀ သိန္းမေပးႏိုင္၍ ျဖတ္ခြင့္ မရၾကပါ။

ထို႔ေၾကာင့္မိမိဘဝကို ျပဳျပင္လိုေသာ ထူေထာင္လိုေသာလူငယ္မ်ားစြာ မူးယစ္ႏြံအတြင္းမွ မတက္ႏိုင္ေအာင္ ျဖစ္ေနၾကရပါသည္။အဆိုေတာ္ဆု တစ္ဆုလွ်င္ သိန္း ၂၀၀ ခန႔္လွယဥ္ေက်းမယ္ တစ္ဆုလွ်င္ သိန္း ၂၀၀ ခန႔္ရေအာင္ ေဆာင္႐ြက္ေပးႏိုင္ေသာ ေခတ္ႀကီးမွာမူးယစ္ေဆးဝါးျဖတ္လိုေသာ လူငယ္တစ္ေယာက္အတြက္ ေငြ ၁၀ သိန္းခန႔္ မတတ္ႏိုင္၍ ေဆးမျဖတ္ေပးႏိုင္ျခင္းသည္ ႏိုင္ငံေတာ္၏ ဂုဏ္သိကၡာကိုမ်ားစြာ ထိခိုက္ေစသလို ႏိုင္ငံတကာအလယ္မွာအရွက္ရဖြယ္ျဖစ္ပါသည္။

ဤမွ်အေရးႀကီးေသာမူးယစ္ေဆးဝါးအႏၲရာယ္တားဆီးကာကြယ္ေရးလုပ္ငန္းတြင္ sponsor မ်ားမရွိေတာ့ၿပီေလာ။အဆုံးစြန္ေျပာရလ်င္ ဤမူးယစ္ေဆးဝါးျဖတ္ေပးေသာ သင္တန္းေက်ာင္းမ်ားတြင္ ေငြေၾကးကုန္က်စားရိတ္ လုံးဝမရွိသင့္ပါ။သို႔မွသာ ေဆးစြဲလူငယ္မ်ားကလည္း စိတ္ခ်လက္ခ်လြတ္လပ္စြာ တက္ေရာက္ႏိုင္ၾကပါလိမ့္မည္။

သို႔မဟုတ္ပါက မိမိတို႔ စာေရးဆရာမ်ား မူးယစ္ေဆးဝါးအႏၲရာယ္အေၾကာင္း ေဟာေျပာပြဲမ်ားသည္ အခ်ည္းႏွီးျဖစ္ရပါလိမ့္မည္။ထို႔အတူ ျမန္မာႏိုင္ငံ မူးယစ္ဗဟိုက က်င္းပေပးေနေသာ မူးယစ္ေဆးဝါးတားဆီးကာကြယ္ေရး စာမူၿပိဳင္ပြဲမ်ား နယ္လွည့္ပညာေပးလုပ္ငန္းမ်ား၊မူးယစ္အႏၲရာယ္တားဆီးကာကြယ္ေရး လႈပ္ရွားမႈမ်ားလုပ္ေနၿပီး ေငြမရွိ၍ မကုသေပးႏိုင္ပါက အဆိုပါလုပ္ငန္းမ်ားသည္ အခ်ည္းႏွီးေသာ လုပ္ငန္းမ်ားျဖစ္ရပါလိမ့္မည္။

ျပန္လည္ထူေထာင္ေရး လုပ္ေနရသည့္ျမန္မာႏိုင္ငံတြင္ လူငယ္တို႔၏ အရင္းအျမစ္မ်ားစြာ လိုအပ္လ်က္ရွိသည္ကို အားလုံး သိၾကၿပီး ျဖစ္ပါသည္။လူငယ္အရင္းအျမစ္မ်ားကို ျပဳျပင္ေဖာ္ထုတ္ရမည့္လုပ္ငန္းမွာ အေရးတႀကီးလိုအပ္လ်က္ရွိပါသည္။

သမၼတႀကီးခင္ဗ်ာ စီးပြားေရးသမား ေလာဘသား သူႂကြယ္ႀကီးမ်ား၏သားေကာင္ျဖစ္ခဲ့ရရွာေသာ လူငယ္ေလးမ်ားအားဂ႐ုဏာေရွ႕ထား၍ လူမ်ိဳး ဘာသာ အဆင့္အတန္းမေ႐ြး အခမဲ့တက္ေရာက္ကုသ ေပးႏိုင္ေသာသင္တန္းေက်ာင္းမ်ားျဖစ္လာေစရန္အတြက္ေဆာင္႐ြက္ေပးႏိုင္ပါရန္ ႐ိုေသေလးစားစြာေမတၱာရပ္ခံအပ္ပါသည္။

အကူညီေတာင္းခံသူ ထန္းတပင္စန္းလြင္။

# UniCode Version ဖြင့်ဖတ်ရန် #
သို့ / ဦးဝင်းမြင့်ပြည်ထောင်စုမြန်မာနိုင်ငံတော်သမ္မတ။သမ္မတကြီးခင်ဗျား။ရိုသေလေးစားစွာ တင်ပြအပ်ပါသည်။ အကြောင်းမှာမြန်မာနိုင်ငံတွင် လူငယ်ပြုစုပျိုးထောင်ရေးသင်တန်းကျောင်းများ တနည်း မူးယစ်ဆေးဝါးဖြတ်ပေး၍ လူငယ်များအား ပြုစုပျိုးထောင်သည့် သင်တန်းကျောင်းများရှိပါသည်။

အဆိုပါကျောင်းများတွင် မူးယစ်ဆေးဝါးဖြတ်လိုသောလူငယ်များအတွက် တစ်ဦးလျှင်ကုန်ကျစားရိတ်၁၀ သိန်းခန့်ရှိပါသည်။ ( တောင်းပါသည် )လက်တွေ့သွားရောက်ပြီး ဆေးဖြတ်ခဲ့သော လူငယ်များကိုယ်တိုင် ငွေ ၁၀ သိန်းခန့်ပေး၍ သင်တန်းတက်ရောက်ခဲ့ကြရသည့် သာဓက များစွာ ရှိပါသည်။

လိုရင်းမှာ ငွေ ၁၀ သိန်းမပေးနိုင်လျှင် တက်ရောက်ခွင့် ဆေးဖြတ်ခွင့် ဆေးဝါးကုသခွင့်မရသည့်အကြောင်းဖြစ်ပါသည်။အမှန်တကယ် မူးယစ်ဆေးဝါးဖြတ်လိုပါသော်လည်းငွေ ၁၀ သိန်းမပေးနိုင်၍ ဖြတ်ခွင့် မရကြပါ။

ထို့ကြောင့်မိမိဘဝကို ပြုပြင်လိုသော ထူထောင်လိုသောလူငယ်များစွာ မူးယစ်နွံအတွင်းမှ မတက်နိုင်အောင် ဖြစ်နေကြရပါသည်။အဆိုတော်ဆု တစ်ဆုလျှင် သိန်း ၂၀၀ ခန့်လှယဉ်ကျေးမယ် တစ်ဆုလျှင် သိန်း ၂၀၀ ခန့်ရအောင် ဆောင်ရွက်ပေးနိုင်သော ခေတ်ကြီးမှာမူးယစ်ဆေးဝါးဖြတ်လိုသော လူငယ်တစ်ယောက်အတွက် ငွေ ၁၀ သိန်းခန့် မတတ်နိုင်၍ ဆေးမဖြတ်ပေးနိုင်ခြင်းသည် နိုင်ငံတော်၏ ဂုဏ်သိက္ခာကိုများစွာ ထိခိုက်စေသလို နိုင်ငံတကာအလယ်မှာအရှက်ရဖွယ်ဖြစ်ပါသည်။

ဤမျှအရေးကြီးသောမူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းတွင် sponsor များမရှိတော့ပြီလော။အဆုံးစွန်ပြောရလျင် ဤမူးယစ်ဆေးဝါးဖြတ်ပေးသော သင်တန်းကျောင်းများတွင် ငွေကြေးကုန်ကျစားရိတ် လုံးဝမရှိသင့်ပါ။သို့မှသာ ဆေးစွဲလူငယ်များကလည်း စိတ်ချလက်ချလွတ်လပ်စွာ တက်ရောက်နိုင်ကြပါလိမ့်မည်။

သို့မဟုတ်ပါက မိမိတို့ စာရေးဆရာများ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း ဟောပြောပွဲများသည် အချည်းနှီးဖြစ်ရပါလိမ့်မည်။ထို့အတူ မြန်မာနိုင်ငံ မူးယစ်ဗဟိုက ကျင်းပပေးနေသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး စာမူပြိုင်ပွဲများ နယ်လှည့်ပညာပေးလုပ်ငန်းများ၊မူးယစ်အန္တရာယ်တားဆီးကာကွယ်ရေး လှုပ်ရှားမှုများလုပ်နေပြီး ငွေမရှိ၍ မကုသပေးနိုင်ပါက အဆိုပါလုပ်ငန်းများသည် အချည်းနှီးသော လုပ်ငန်းများဖြစ်ရပါလိမ့်မည်။

ပြန်လည်ထူထောင်ရေး လုပ်နေရသည့်မြန်မာနိုင်ငံတွင် လူငယ်တို့၏ အရင်းအမြစ်များစွာ လိုအပ်လျက်ရှိသည်ကို အားလုံး သိကြပြီး ဖြစ်ပါသည်။လူငယ်အရင်းအမြစ်များကို ပြုပြင်ဖော်ထုတ်ရမည့်လုပ်ငန်းမှာ အရေးတကြီးလိုအပ်လျက်ရှိပါသည်။

သမ္မတကြီးခင်ဗျာ စီးပွားရေးသမား လောဘသား သူကြွယ်ကြီးများ၏သားကောင်ဖြစ်ခဲ့ရရှာသော လူငယ်လေးများအားဂရုဏာရှေ့ထား၍ လူမျိုး ဘာသာ အဆင့်အတန်းမရွေး အခမဲ့တက်ရောက်ကုသ ပေးနိုင်သောသင်တန်းကျောင်းများဖြစ်လာစေရန်အတွက်ဆောင်ရွက်ပေးနိုင်ပါရန် ရိုသေလေးစားစွာမေတ္တာရပ်ခံအပ်ပါသည်။

အကူညီတောင်းခံသူ ထန်းတပင်စန်းလွင်။

No comments:

Post a Comment