Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 23, 2018

ငယ္ငယ္က ၿပိဳကဲြခဲ့တဲ့မိသားစုအေၾကာင္းကို ရင္ဖြင့္ျပလိုက္တဲ့ ေမသက္ခိုင္


ေအာင္ျမင္တဲ့ သရုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေမသက္ခိုင္ကေတာ့ ငယ္ငယ္ၿပိဳကဲြခဲ့ရတဲ့ သူမရဲ့မိသားစုအေၾကာင္းကို ရင္ဖြင့္ျပလိုက္ပါတယ္။ ေမသက္ခိုင္ အႏုပညာလမ္းေၾကာင္းမွာ နာမည္တစ္လံုးရေအာင္ ႀကိဳးစားခဲ့တာဟာ အေမျဖစ္သူရဲ့တစ္ခုတည္းေသာ အားအင္ေၾကာင့္ ျဖစ္လာတာလို႔ သိရပါတယ္။

သူက ခုေတာ့ အေမရိကန္မွာ ရွိေနတဲ့ ဖခင္နဲ႔ ေမာင္ေလးကို သြားေတြ႔ေနတာလို႔ သိရပါတယ္။ မေန႔ညကေတာ့ ရင္ဖြင့္တဲ့ပို႔စ္ေလးတစ္ခု သူမရဲ့ေဖ့ဘုတ္မွာ တင္ထားပါတယ္။

အေမခ်စ္သမီးပဲျဖစ္ခ်င္တယ္ အသက္ ၁ ႏွစ္ခြဲထဲက ႏိုင္ငံျခားထြက္သြားတဲ့အေဖ ၅ တန္းႏွစ္မွာ ေနာက္အိမ္ေထာင္ထပ္ျပဳတဲ့အေဖ အေဖကိုမျမင္ဖူးလို႔ သူတို႔မဂၤလာေဆာင္မွာ ၄၅ မိနစ္ေလာက္ သြားၾကည့္ခဲ့ရတယ္ ေဘးကျဖတ္သြားရင္ေတာင္မမွတ္မိႏိုင္ဘူး အဲ့ဒီမဂၤလာေဆာင္မွာပဲ အေဖကသူနဲ႔လိုက္ေနဖို႔ေခၚတယ္ တစ္ခါမွမျမင္ဖူးတဲ့လူႀကီးနဲ႔လိုက္သြားဖို႔မစဥ္းစားသလို သိတတ္တဲ႔အရြယ္မေရာက္ေသးတဲ့သမီးကို မိေထြးနဲ႔မထားႏိုင္ဘူးဆိုတဲ့စကားနဲ႔ အေမကမေပးခဲ့ဘူး

ဘဝတစ္ေလွ်ာက္လံုး အေမကပဲျပဳစုပ်ိဳးေထာင္ေပးခဲ့တာ အခုအခ်ိန္အထိအသက္ရွင္ေနထိုင္ၿပီးအလုပ္ေတြလုပ္ေနႏိုင္တာ ေက်ာင္းေတြတက္ ခရီးေတြထြက္ႏိုင္တာ အေမ႔ေက်းဇူးေတြပဲ တစ္သက္လံုးမွာ အဆက္အသြယ္မလုပ္ခဲ့တဲ့အေဖက အသက္ ၂၈ ႏွစ္ေရာက္မွ လာဆက္သြယ္လို႔ အခုအေဖနဲ႔ခဏလာေတြ႕တယ္ အေဖေခၚလို႔လာတယ္ အေဖကလည္းခ်စ္ပါတယ္ ငယ္ငယ္ကအေဖ႔ကိုမုန္းတဲ့ကိုယ္က ဘုရားရွိခိုးအမွ်ေဝရင္ေတာင္ အေဖေနရာကိုခ်န္ၿပီးရြတ္ခဲ့တယ္

အဲ့ဒီအမူအက်င့္ကို အေမကသိသြားေတာ့ျပန္ေျပာင္းေပးခဲ့တယ္ အေဖဟာအေဖပဲ ဆိုၿပီး အေကာင္းျမင္စိတ္နဲ႔ ေအးခ်မ္းေအာင္ေျပာေပးဆံုးမေပးခဲ့တယ္ အခုအခ်ိန္အထိအသက္ရွင္ရပ္တည္ႏိုင္တာ အေမဆိုတဲ့မိန္းမတစ္ေယာက္ရဲ႕အင္အားနဲ႔ပါ ကိုယ့္လမ္းကိုယ္ေလွ်ာက္တာခ်င္းတူေပမဲ႔ သမီးတစ္ေယာက္ကိုေက်ာပိုးၿပီးေလွ်ာက္ေပးခဲ့လို႔ ေမႀကီးကိုေက်းဇူးတင္ပါတယ္
Credit: Hlataw
......................................................................

#Unicode Version#

အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ မေသက်ခိုင်ကတော့ ငယ်ငယ်ပြိုကွဲခဲ့ရတဲ့ သူမရဲ့မိသားစုအကြောင်းကို ရင်ဖွင့်ပြလိုက်ပါတယ်။ မေသက်ခိုင် အနုပညာလမ်းကြောင်းမှာ နာမည်တစ်လုံးရအောင် ကြိုးစားခဲ့တာဟာ အမေဖြစ်သူရဲ့တစ်ခုတည်းသော အားအင်ကြောင့် ဖြစ်လာတာလို့ သိရပါတယ်။

သူက ခုတော့ အမေရိကန်မှာ ရှိနေတဲ့ ဖခင်နဲ့ မောင်လေးကို သွားတွေ့နေတာလို့ သိရပါတယ်။ မနေ့ညကတော့ ရင်ဖွင့်တဲ့ပို့စ်လေးတစ်ခု သူမရဲ့ဖေ့ဘုတ်မှာ တင်ထားပါတယ်။


အမေချစ်သမီးပဲဖြစ်ချင်တယ် အသက် ၁ နှစ်ခွဲထဲက နိုင်ငံခြားထွက်သွားတဲ့အဖေ ၅ တန်းနှစ်မှာ နောက်အိမ်ထောင်ထပ်ပြုတဲ့အဖေ အဖေကိုမမြင်ဖူးလို့ သူတို့မင်္ဂလာဆောင်မှာ ၄၅ မိနစ်လောက် သွားကြည့်ခဲ့ရတယ် ဘေးကဖြတ်သွားရင်တောင်မမှတ်မိနိုင်ဘူး အဲ့ဒီမင်္ဂလာဆောင်မှာပဲ အဖေကသူနဲ့လိုက်နေဖို့ခေါ်တယ် တစ်ခါမှမမြင်ဖူးတဲ့လူကြီးနဲ့လိုက်သွားဖို့မစဉ်းစားသလို သိတတ်တဲ့အရွယ်မရောက်သေးတဲ့သမီးကို မိထွေးနဲ့မထားနိုင်ဘူးဆိုတဲ့စကားနဲ့ အမေကမပေးခဲ့ဘူး

ဘဝတစ်လျှောက်လုံး အမေကပဲပြုစုပျိုးထောင်ပေးခဲ့တာ အခုအချိန်အထိအသက်ရှင်နေထိုင်ပြီးအလုပ်တွေလုပ်နေနိုင်တာ ကျောင်းတွေတက် ခရီးတွေထွက်နိုင်တာ အမေ့ကျေးဇူးတွေပဲ တစ်သက်လုံးမှာ အဆက်အသွယ်မလုပ်ခဲ့တဲ့အဖေက အသက် ၂၈ နှစ်ရောက်မှ လာဆက်သွယ်လို့ အခုအဖေနဲ့ခဏလာတွေ့တယ် အဖေခေါ်လို့လာတယ် အဖေကလည်းချစ်ပါတယ် ငယ်ငယ်ကအဖေ့ကိုမုန်းတဲ့ကိုယ်က ဘုရားရှိခိုးအမျှဝေရင်တောင် အဖေနေရာကိုချန်ပြီးရွတ်ခဲ့တယ်

အဲ့ဒီအမူအကျင့်ကို အမေကသိသွားတော့ပြန်ပြောင်းပေးခဲ့တယ် အဖေဟာအဖေပဲ ဆိုပြီး အကောင်းမြင်စိတ်နဲ့ အေးချမ်းအောင်ပြောပေးဆုံးမပေးခဲ့တယ် အခုအချိန်အထိအသက်ရှင်ရပ်တည်နိုင်တာ အမေဆိုတဲ့မိန်းမတစ်ယောက်ရဲ့အင်အားနဲ့ပါ ကိုယ့်လမ်းကိုယ်လျှောက်တာချင်းတူပေမဲ့ သမီးတစ်ယောက်ကိုကျောပိုးပြီးလျှောက်ပေးခဲ့လို့ မေကြီးကိုကျေးဇူးတင်ပါတယ်
Credit: Hlataw

1 comment:

  1. Wow, this is an incredibly insightful perspective that adds so much value to the topic! I completely agree with your points and appreciate you taking the time to share this TikTok Downloader.

    ReplyDelete