Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 6, 2018

(ဘုန်းကြီးမယား)


ဒီဆောင်းပါးကို မေတ္တာရှင်ရွှေပြည်သာ၏ အိမ်ထောင်ရေးဇာတ်လမ်းကို ကြားသိရပြီးနောက် ဘုန်းကြီးတွေအကြောင်း သိကောင်းစရာအဖြစ် လေ့လာသိရှိခဲ့ဖူတာလေးတွေကို ကောက်နှုပ်ပြီး ရေးသားတင်ပြလိုက်ပါတယ်။

ဘုန်းကြီးတွေမိန်းမယူတာနဲ့ပါတ်သက်ပြီးတော့ အတော်ကလေး လေ့လာသိရှိခဲ့ဖူးပါတယ်။

မိန်းမယူတဲ့အခါမယ် အမျိုးမျိုးနည်းတွေရှိကြတယ်ပေါ့ .. များသောအားဖြင့်တော့ ဘုန်းကြီးတွေက မိန်းမယူကြတဲ့အခါ ဘုန်းကြီးဘဝမှာတင် ပုံချမ်ချမ်ဖြစ်အောင် စိတ်ကြိုက်နေပြီးမှ ယူကြတာများပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ မိန်းမတွေက ဘုန်းကြီးတွေကို ဘုန်းကြီးဘဝမှာတော့ ဇာတ်စင်ပေါ်က မင်းသားတပါးလောက် ချစ်တတ်ကြတယ်လေ။

အဲ့ .. ဘုန်းကြီဘဝကနေ မိန်းမမရသေးခင် လူဝတ်ဖြစ်သွားပြီဆိုရင်တော့ အဲ့ဒီဘုန်းကြီးက မိန်းမရဖို့ မလွယ်တော့ပြန်ဘူး။ အဝတ်အစားက အချိုးမကျ အချိတ်မကျ ပြောပုံဆိုပုံက ဘုန်းကြီးပြောတွေ ဖြစ်နေပြီး မလုပ်တတ်မကိုင်တတ် လူတွေအကြောင်းကို ကောင်းကောင်းနာမလည်တော့တာတွေ ဖြစ်နေတော့တာ မဟုတ်လား။

ဘုန်းကြီးတွေကလဲ ဇတ်စင်ပေါ်သာမဟုတ်တာ ပလ္လင်ပေါ်မှာတော့ မင်းသားတွေနဲ့အပြိုင် တရားပွဲတွေကျင်းပလိုက်ကြတာ ရာထောင်ချီတဲ့ ပရိတ်သတ်တွေ ရှိနေတတ်ကြတယ်။

ခင်ဗျားတိုသိအောင်ပြောလိုက်အုံးမယ် ... မင်းသားတွေက ဇာတ်စင်နောက်ကွယ်က အလှပြင်အခန်းမှာ အားပေးသူပရိတ်သတ်အထဲက ကောင်မလေးတွေကို အနမ်းကလေးတွေပေးပြီး လက်ဆောင်ပေးတတ်သလို ဘုန်းကြီးတွေကလဲ ဘုရားခန်းဘေးက အိပ်ခန်းကလေးထဲရှိ ကုတင်ပေါ်ကနေ ဘုရားပန်းလာလဲပေးကြတဲ့ ဒကာမလေးတွေကို အနမ်းကလေးတွေ ပေးတတ်ကြတယ်။

ဘုန်းကြီးတွေအချင်းချင်းပြောတတ်ကြတဲ့ စကားစမြည်းကတော့ "ဘုရားခန်းနဘေးက အိပ်ဆောင်ထဲကို ဝင်လာလို့ကတော့ ဒကာမလေးက တရားဝင် အထာပေးပြီလို့သာ မှတ်လိုက်တော့ ရဲရဲသာကိုင်လိုက် ဘုန်းဘုန်းလေးဆိုပြီး ပြုံးစိစိနဲ့ ရှက်သလိုလိုလုပ်ပြီး ထွက်ပြေးတော့တာပဲ တဲ့ ... နောက်တနေ့ ဆွမ်းချိုင်ကလေးဆွဲပြီး မျက်နှာတည်လေးနဲ့လာရင် ကိုယ်ကလဲ အားနာနေတဲ့ပုံစံကလေးနဲ့ တောင်းပန်လိုက်ပါ အဲ့ဒီအခါမယ် ရပါတယ် ဘုန်းဘုန်းလေးရယ် ဖြစ်သွားတော့တာပဲ" တဲ့လေ။

အဲ့ဒါဆို နှဖူးလေးကို အသားလေးနမ်းပြီး သင်္ကန်းကလေးနဲ့လုံးပြီးတော့ ဖက်ထားလို့ရပြီလေ ဘုန်းကြီးစာ မိသွားကြပြီပေါ့။

အဲ့အဲ့ ပြောချင်တာက အပျိုမကြီးတွေ ဘုန်းကြီးတွေနဲ့ ယူကြတဲ့အကြောင်းပါ။

ဘုန်းကြီးတစ်ရာကို ကိုးဆယ်ကျော်လောက်က လူလောကမှာ လုပ်မစားတတ်လို့ ဘုန်းကြီးဘဝမြဲနေတယ်လို့ မှတ်ပါလေ။

တကယ်လို့ လူလောကကို ရောက်ပြန်ရင်လဲ ဘုန်းကြီးဘဝတုန်းကလို့ မစားရ မသောက်ရဖြစ်မှာကြောက်လို့ ကတုံးဘဝနဲ့ တိတ်တိတ်ပုံးထားကြရတယ်ပေါ့။

တချို့ စာချပေးချ ဆရာတော်ကြီးဖြစ်နေကြတဲ့ ၄၀ ကျော် ၅၀ ခန့်ဆရာတော်ဖြစ်နေသူတွေက အပျိုကြီး အသက် ၄၀ ဝန်ကျင် သူဌေးမတွေနဲ့ ငြားတတ်ကြတယ်လေ။

အပျိုကြီးတွေကလဲ လင်ယူချိန်က နောက်ဆုံးအချိန်ရောက်နေပေမယ့် အရပ်ထဲက လူပျိုကြီးတွေကိုမြင်သော်လဲ အသုံမကျတဲ့ လူပျိုကြီးတွေလို့ အမြင်ရှိကြတတ်တယ်။

ဘုန်ကြီးတွေကိုတော့ ဝိုင်းဝိုင်းလည်နေတဲ့မင်းသားတွေလို့ မြင်တတ်ကြပြီး ဒီလို ချမ်းသာနေတဲ့ ကိုတော်က ငါ့ကိုချစ်တာ မေတ္တာစစ်လို့ သတ်မှတ်တတ်ကြတယ်လေ။

အဲ့ဒိလိုပါပဲ ၄၀ ကျော် ၅၀ ကျော်ဘုန်းကြီးကိုယူလိုက်ရင် အဲ့ဒီကိုယ်တော်ကြီးတွေက စီပွားရေးဘာမှတော့ မလုပ်တတ်ပေမယ့် သူမအနားမှာတော့ ဘုရားခန်းက ရုတ်တုတော်ကြီးနှင့်အပြိုင် ငုတ်တုတ်ကြီးထိုင်းပြီး စည်းစိမ်ခံအိမ်ထောင်ရေးတခုတော့ ဖြစ်လာလောက်တယ်လို့ မှတ်ယူတတ်ကြတယ်။

အဲ့ဒီလို အပျိုကြီးလောကမှာလဲ အဲ့ဒီလိုပဲ မှတ်ယူထားတဲ့အတိုင်း ၇၅ ရာခိုင်နှုန်း ဘုန်းကြီးလူထွက်တွေက ကိုယ်ဘာမှ မလုပ်ရရင်ပြီးရော လူ့ဘဝမှာ လူရာဝင်သူရာဝင်ဖြစ်ပြီး ဇိမ်ကျကျလေးနဲ့ မိန်းမတယောက်ကိုယူပြီး ညစာမှန်မှန်လေးစားနေရရင် အိုကေနေတယ်လေ၊ အမျိုးမျိုး ခိုးစားနေကြတဲ့ နာမည်ကြီး ဘုန်းတော်ကြီးတွေနဲ့တော့ မယှဉ်နဲ့ပေါ့။

အဲ့ဒါကြောင့်လဲ အနယ်နယ်အရပ်ရပ်က နာမည်ကြီးကျောင်းထိုင်ဘုန်းကြီးအချို့ဟာ အပျိုကြီးသူဌေးမတွေ ဆရာဝန်မတွေနဲ့ ငြားခဲ့ကြတာပေါ့။

ဒီတော့ အစောကစကားကို ပြန်စရရင် ဘုန်းကြီးတွေက အသာချူလိုက်လို့ ငိုက်ကနဲပါလာတဲ့ ဥစ္စာပေါတဲ့ အပျိုမကြီးတွေကို အိုကေလောက်ပြီးဆိုရင်တော့ ဘုရားခန်းအနီးက အိပ်ဆောင်အခန်းထဲမှာ သင်္ကန်းနဲ့လုံးထားပြီး ပုံချမ်ချမ်လုပ်တော့တာပဲလေ။

ဘုန်းကြီးဘဝမှာ ပါရာဇိကကျတယ်ဆိုတာ တကယ်တော့ ဘာမှမဟုတ်ပါဘူး အဲ့ဒီ ပါရာဇိကက ငရဲကျတာမှမဟုတ်တာ လူဝတ်လဲလိုက်ရင် အဲ့ဒီပါရာဇိကဆိုတာကြီးက အလိုလိုပျောက်သွားတာလေ။

ပါရာဇိကကျလို့ ဒီဘဝမှာ မဂ်ဖိုတားတယ်ဆိုပေမယ့် ပေါင်ကြားကသတ္တဝါက ယိမ်းထပြီး ထထကနေမှတော့ မဂ်ဖိုဆိုတာက အဝေးကြီးရှိသေးတယ်မဟုတ်လား။

ဒါကြောင့် ဘုန်းကြီးတွေက အပျိုကြီးတွေကို တက်ခွလိုက်လို့ ဖြစ်နိုင်ရင် ဗိုက်ကလေးရနေပြီဆိုရင်ဖြင့် တိုက်ပွဲအောင်ပြီလို သဘောထားကြတယ် ဒါကာမဘက်ကနေပြီး တပြည့်တော်မလုပ်ကျွေးမယ် ဘုန်းဘုန်းလေး လူဝတ်လဲပါတော့ အရှက်အကွဲမခံပါရစေနဲ့ဆိုပြီး မျက်ရည်ခံလေးထိုးတော့တာက သဘာဝမဟုတ်လား။

ဒီတော့ ပါရာဇိကကို အကျခံကြတယ် .. ပါရာဇိကထက် အရေးကြီးတာက ကိုယ့်သင်္ကန်းအကြားကိုရောက်နေတဲ့ ဒကာမကို အပိုင်ကိုင်ထားပြီး စိတ်တိုင်းကျ သေချာနေဖို့ပဲလေ။

ဒကာမတွေဘက်ကလဲ သူမတွေအထင်က ဘုန်းကြီးဆိုတာ သန့်သန့်ကလေး ခန့်ခန့်ကလေးဖြစ်နေတဲ့ ပလ္လင်ပေါ်က မင်းသားလေးရဲ့ရင်ခွင်အထဲမှာ ငါက မင်းသမီးလေးလို ပျော်နေပြီလေလို့ အောင်းမေ့နေတော့တာပေါ့။

အဲ့ဒီလို အခြေအနေမျိုးဖြင့် မိန်းမရသွားခဲ့ကြတဲ့ ဘုန်းကြီးတွေက ဘုရားခန်းမှာ ရေနွေးကြမ်းကလေးနဲ့ ရပ်ကွက်ထဲက အရွယ်ကျလူကြီးတွေကို သင်ကြားခဲ့ဖူးတဲ့ တရားခန်းလေးပြပြီး ဆရားကြီးလုပ်နေကြတော့တာပေါ့။

အခု မေတ္တာရှင် ရွှေပြည်သာက စည်းကမ်းဖောက်တာလား၊ ဒါမှမဟုတ် စီးပွားရေးကြောင့်လား ဘာလားပေါ့။

ဘုန်းကြီးဘဝကနေ အပိုင်ချပြီး မိန်းမရလို့ လူထွက်ခဲ့ပေမယ့် ခွချင်တဲ့အခါ ခွယုံခွပြီး ဘုရားယောင်ယောင် တရားယောင်နဲ့ ယောင်ခြူးလုပ်နေပုံရပါတယ်။

နောက်ပြီး နောက်ထပ် အမျိုးသမီးလေးများစောင်ရှောက်ရေးအသင်းဆိုပြီးတော့ ဂေဟာဖွင့်ပြီး ဖန်တီးမှုတွေလုပ်အုံးမယ်ဆိုတော့ အကြံကတော့ အတော်ကြီးပုံရပါတယ်။

ပေါင်ခြံကအကောင် ယိမ်းထောင်ထလို့ မနေနိုင်ဖြစ်ပြီး မိန်းမတယောက်ကို အပိုင်တက်ခွလို့ ကလေးတွေတောင် ရခဲ့ပြီးကာမှ သာသနာအယောင်ပြပြီး နောက်ထပ်ဇာတ်လမ်းတွေ မစချင်ပါနဲ့တော့။

ခင်ဗျား အိမ်ထောင်ကျပြီး ကလေးယူတဲ့အရွယ်ဟာ ကလေးတွေကို အရွယ်ရောက်အောင် စောင့်ရှောက်ရမည့်တာဝန်သာ လက်ကျံရှိတော့တယ်။

အရွယ်နှောင်းမှ ကလေးယူပြီး နောက်ထပ်တယောက်ကို ဇာတ်လမ်းစဖို့ လုပ်ကြံဇာတ်တွေ ခင်းနေရမယ့် အချိန်မဟုတ်တော့ဘူး။

ခင်ဗျားမှာ ခင်ဗျားကိုယ်တိုင် ဖန်တီးခဲ့တဲ့ သမိုင်းပေးတာဝန်တွေ တင်သွားပြီ။

(ဦးနိုင်ဝင်း လန်ဒန်)

No comments:

Post a Comment