Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 5, 2018

ပဋာစာရီ ကို ဘုရား ဘာ တရား ေဟာခဲ့တာလဲ


ပဋာစာရီေထရီမျကီး လင္ေသ သားေသလို႔႐ူးသြားတဲ့အေၾကာင္းေတာ့ လူတိုင္းဖတ္ဖူးၾကလိမ့္မယ္ထင္ပါတယ္
အ႐ူးတပိုင္းျဖစ္ေနလို႔ အ၀တ္ေတာင္မကပ္ေတာ့တဲ့အေျခအေနကေနၿပီး ျမတ္ဘုရား က ဘာတရားမ်ားေဟာလိုက္လို႔
အ႐ူးေပ်ာက္သြားရတာလဲလို႔သိခ်င္မိလို႔ ႐ွာေဖြျပီး သိလိုက္ရတဲ့တရားကိုျပန္ျဖန္႔ေ၀လိုက္ပါတယ္

ခ်စ္သမီး ပဋာစာရီ အိုရလိမ့္အံုးမယ္၊ နာရလိမ့္အံုးမယ္၊ ေသရလိမ့္အံုး မယ္ဆိုတဲ့ အိုျခင္း နာျခင္း ေသျခင္း မရွိဘူးလားလို႔-ျမတ္စြာဘုရားက ေမး ေတာ့၊ ပဋာစာရီ က အိုျခင္း, နာျခင္း, ေသျခင္းတရား ရွိပါတယ္ဘုရား၊ ထိုအိုျခင္း, နာျခင္း, ေသျခင္းတရား ရွိပါလွ်င္ မအို, မနာ, မေသတဲ့ တရား
ေကာ မရွိဘူးလားလို႔ေမးတယ္။ ပဋာစာရီက မအို, မနာ, မေသတဲ့ တရားလဲ ရွိပါတယ္ဘုရား။ အိုျခင္း, နာျခင္း, ေသျခင္းတရားလဲရွိတယ္၊ မအို, မနာ, မေသတဲ့ တရား လဲရွိတယ္ဆိုလွ်င္ ထိုအိုျခင္း, နာျခင္း, ေသျခင္းတရားကို သင္မေၾကာက္ဘူး လားလို႔ ျမတ္စြာဘုရားက ေမးေတာ့၊ ပဋာစာရီ က အိုျခင္း, နာျခင္း, ေသျခင္း တရားကို ေၾကာက္ပါတယ္ဘုရား။

☆ အိုျခင္း, နာျခင္း, ေသျခင္းတရားကို ေၾကာက္လွ်င္ မအို,မနာ, မေသတဲ့တ ရားကို ရွာမွေပါ့။ သည္ေတာ့ပဋာစာရီက ေလွ်ာက္ထားသည္မွာ အရွင္ဘုရား က အိုျခင္း, နာျခင္း, ေသျခင္းတရား ေၾကာက္လွ်င္ မအို, မနာ, မေသတဲ့တ
ရားရွာရမယ္လို႔ အမိန္႔ရွိတယ္။ တပည့္ေတာ္မ ဘယ္လို ရွာရပါမည္လဲ ဘုရား လို႔ ေလွ်ာက္ထားျပန္ေတာ့ သူတပါးကိုလဲမခ်စ္ႏွင့္၊ မိမိကိုယ္ကိုလဲ မခ်စ္ႏွင့္လို႔ အမိန္႔ရွိေတာ့၊ ပဋာစာရီ က တပည့္ေတာ္မ ကေတာ့ ခ်စ္ေသးတယ္ ဘုရား-ခ်စ္
ေသးတာဘဲ၊ မခ်စ္ဘဲ ရွိပါ့မလားဘုရား၊ တပည့္ေတာ္မ သားကေလး က မ်က္ လံုးျပဴးကေလးနဲ႔ မ်က္ေတာင္ေကာ့ကေလးနဲ့ ပလီပလာ တီတီတာတာ အလြန္ ေျပာတတ္တယ္ဘုရား-ေျပာတတ္တယ္။ သည္ေတာ့ တပည့္ေတာ္မ က ခ်စ္
တာေပါ့ ဘုရား-ခ်စ္တာေပါ့…ဟု ေလွ်ာက္ထားတယ္။
☆ သည္ေတာ့ ျမတ္စြာဘုရား က မိန္႔ေတာ္မူသည္မွာ သင္ခ်စ္တယ္ဆိုတာဟာ မသိလို႔ ခ်စ္တာ၊ သိလွ်င္ သင္မခ်စ္ဘူး၊ အဲဒါေၾကာင့္-မသိလို႔လိုခ်င္၊ လိုခ်င္လို႔ စြဲလမ္း၊ စြဲလမ္းေတာ့ ျပဳလုပ္၊ ျပဳလုပ္ေတာ့-ရရွိ၊ ရရွိေတာ့-ခံၾက၊ ခံရလိမ့္မယ္။

☆ မသိတာကက အဝိဇၨာလို႔ ေခၚတယ္၊ လိုခ်င္တာက တဏွာလို႔ ေခၚတယ္၊ စြဲလမ္းတာက ဥပါဒါန္လို႔ ေခၚတယ္။ ျပဳလုပ္တာက သခၤါရလို႔ ေခၚတယ္၊ ရရွိ တာက ဘဝလို႔ ေခၚတယ္၊ အဝိဇၨာႏွင့္ တဏွာ ႏွစ္ပင္ပူးလို႔ အေၾကာင္းျပဳလိုက္
ေတာ့ေလ….ဇာတိတရားၾကီး ရတာေပါ့…။ အဲဒီ ဇာတိတရား ဝဋ္ေကာင္ၾကီး ရမွျဖင့္ ခံရလိမ့္မယ္၊ မညဥ္းႏွင့္၊
သင့္ၾကည့္ပါလား ရြာစဥ္က်ယ္ တလယ္လယ္ ႏွင့္ မစားႏိုင္ မေသာက္ႏိုင္၊ ရင္ထဲႏွလံုးထဲ ကြဲမတတ္, ေဆြးမတတ္, ပြင့္မ
တတ္ သင္ခံရတယ္၊ ဘယ့္အတြက္ ခံရတယ္၊ ကိုဒါသခ်စ္မိလို႔ သင္ခံရတယ္၊ဘယ္အတြက္ ခ်စ္မိတယ္၊ မသိလို႔ ခ်စ္မိတယ္၊ သိလွ်င္ သင္ မခ်စ္ဘူး မခ်စ္လွ်င္ နင္သည္လိုခံရမွာ မဟုတ္ဘူး သင့္သားကေလးေတြကို သင္ခ်စ္မိလို႔ခံရတယ္၊ ဘယ့္အတြက္ သင္ခ်စ္မိတယ္၊ သင္မသိလို႔ ခ်စ္မိတယ္၊ သိလွ်င္ သင္မခ်စ္ဘူး မခ်စ္လွ်င္ သင္သည္လို ခံရမွာမဟုတ္ဘူး။
☆ ဟဲ့-ပဋာစာရီ သင္ သညာ၏အလိမ္ကို ခံေနရပါေပါ့ကလား၊ ခ်စ္တယ္ဆိုတာ သင္က-ခ်စ္ခ်င္လို႔ ခ်စ္တာမဟုတ္ဘူး၊ သညာက လိမ္ထားလို႔ သင္ခ်စ္ေနတာ။ ဘယ္လို လိမ္ထားသလဲ ဆိုပါလွ်င္… တရားေတာ္ၾကီး က အနိစၥလို႔ဆိုတယ္၊ သ ညာက နိစၥလို႔ လိမ္ထားတယ္။ တရားေတာ္ၾကီးက ဒုကၡလို႔ဆိုတယ္၊ သညာ က သုခလို႔လိမ္ထားတယ္။ တရားေတာ္ၾကီးက အနတၱလို႔ဆိုတယ္၊ သညာက အတၱလို႔ လိမ္ထားတယ္။ တရားေတာ္ၾကီးက အသုဘလို႔ဆိုတယ္။ သညာက သုဘလို႔ လိမ္ထားတယ္။ အဲဒါေၾကာင့္“ျမင္တာကို သညာဖံုးတယ္၊ သညာကို သကၤာရွင္းမွ သကၤာ
ကင္းမယ္၊ ျမင္တာကို သညာဖံုးတယ္၊ သညာကို သကၤာ မရွင္းေတာ့-သကၤာ မကင္းတယ္”။ သညာ၏အလိမ္ကို ခံေနရလို႔ ဒုကၡေရာက္တယ္။

အဲသည္လိမ္ထားတဲ့ သညာကို သကၤာ ရွင္းလိုက္ပါေတာ့လား ဟု ျမတ္စြာ ဘုရားက မိန္႔ေတာ္မူေတာ့မွ ပဋာစာရီက သကၤာရွင္းဆိုတာ ဘယ္လိုရွင္း ရမွာလဲ ဘုရားဟု ျပန္၍ ေလွ်ာက္ထားေတာ့ ျမတ္စြာဘုရားက သတိပ႒ာန္
ေလးပါးႏွင့္ ရွင္းရလိမ့္မယ္။ သတိပ႒ာန္ ေလးပါး ကိုရႈေတာ့ သတိပ႒ာန္ ေလး ပါးက သကၤာရွင္းေပးလိမ့္မယ္၊ မိမိ“ခႏၶာကိုယ္”ႏွာသီးဝ ေခၚတဲ့ ကာယတံခါး ကို ထြက္ေလဝင္ေလျဖစ္တဲ့ ေဖာ႒ဗၺာရံုကတိုးထိေတာ့-သိ၊ သိတဲ့အေပၚမွာ သတိထားျပီး ေနမွျဖင့္ သတိပ႒ာန္ေလးပါး ျပည့္စံုေနျပီ။
☆ ျပည့္စံုပံုကား….ထိမႈကို သတိျပဳေနတာက ကာယႏုပႆ နာ သတိပ႒ာန္ လို႔ ေခၚတယ္၊ ေကာင္း မေကာင္းခံစားမႈ သေဘာကို သတိျပဳေနတာက ေဝဒနာ ႏုပႆ နာ သတိပ႒ာန္လို႔ေခၚတယ္၊ ထိမႈသေဘာကို သတိျပဳေနတာက စိတၱာ
ႏုပႆ နာ သတိပ႒ာန္လို႔ေခၚတယ္။ အဘိဇၩာေဒါမနႆ ကို လ်စ္လ်ဴ ရႈျပီး သူ႔ သေဘာအတိုင္း သူျဖစ္ခ်င္သလို ျဖစ္ေနတာကို သတိျပဳေနတာက ဓမၼာႏုပ ႆ နာသတိပ႒ာန္လို႔ေခၚတယ္။

☆ အဲဒီ သတိပ႒ာန္ ေလးပါးကိုရႈေတာ့ ကာယာႏုပႆ နာ သတိပ႒ာန္ က သု ဘသညာကို ရွင္းေပးလိမ့္မယ္၊ ေဝဒနာႏုပႆ နာ သတိပ႒ာန္က သုခသညာ ကို ရွင္းေပးလိမ့္မယ္၊ စိတၱာႏုပႆ နာ သတိပ႒ာန္ က နိစၥ သညာကို ရွင္းေပး
လိမ့္မယ္။ ဓမၼာႏုပႆ နာ သတိပ႒ာန္ က အတၱသညာကို ရွင္းေပးလိမ့္မယ္။ ပဋာစာရီ သတိပ႒ာန္ေလးပါးကို ရႈလိုက္ပါေတာ့လား၊ မိမိ၏ခႏၶာကိုယ္ အတြင္းက အပူဓာတ္ကို ရႈလိုက္-ရႈလိုက္လို႔ ျမတ္စြာဘုရား ကိုယ္ေတာ္ျမတ္ ၾကီးက ခိုင္းေတာ့၊ ပဋာစာရီ သည္ ျမတ္စြာဘုရား ခိုင္းေတာ္မူသည့္အတိုင္းရႈလိုက္ေတာ့ ဓမၼစကၡဳံ ပြင့္သြားပါေတာ့တယ္။
Credit: Original

#Unicode Version#
ပဋာစာရီထေရီမကြီး လင်သေ သားသေလို့ရူးသွားတဲ့အကြောင်းတော့ လူတိုင်းဖတ်ဖူးကြလိမ့်မယ်ထင်ပါတယ်
အရူးတပိုင်းဖြစ်နေလို့ အဝတ်တောင်မကပ်တော့တဲ့အခြေအနေကနေပြီး မြတ်ဘုရား က ဘာတရားများဟောလိုက်လို့
အရူးပျောက်သွားရတာလဲလို့သိချင်မိလို့ ရှာဖွေပြီး သိလိုက်ရတဲ့တရားကိုပြန်ဖြန့်ဝေလိုက်ပါတယ်

ချစ်သမီး ပဋာစာရီ အိုရလိမ့်အုံးမယ်၊ နာရလိမ့်အုံးမယ်၊ သေရလိမ့်အုံး မယ်ဆိုတဲ့ အိုခြင်း နာခြင်း သေခြင်း မရှိဘူးလားလို့-မြတ်စွာဘုရားက မေး တော့၊ ပဋာစာရီ က အိုခြင်း, နာခြင်း, သေခြင်းတရား ရှိပါတယ်ဘုရား၊ ထိုအိုခြင်း, နာခြင်း, သေခြင်းတရား ရှိပါလျှင် မအို, မနာ, မသေတဲ့ တရား
ကော မရှိဘူးလားလို့မေးတယ်။ ပဋာစာရီက မအို, မနာ, မသေတဲ့ တရားလဲ ရှိပါတယ်ဘုရား။ အိုခြင်း, နာခြင်း, သေခြင်းတရားလဲရှိတယ်၊ မအို, မနာ, မသေတဲ့ တရား လဲရှိတယ်ဆိုလျှင် ထိုအိုခြင်း, နာခြင်း, သေခြင်းတရားကို သင်မကြောက်ဘူး လားလို့ မြတ်စွာဘုရားက မေးတော့၊ ပဋာစာရီ က အိုခြင်း, နာခြင်း, သေခြင်း တရားကို ကြောက်ပါတယ်ဘုရား။

☆ အိုခြင်း, နာခြင်း, သေခြင်းတရားကို ကြောက်လျှင် မအို,မနာ, မသေတဲ့တ ရားကို ရှာမှပေါ့။ သည်တော့ပဋာစာရီက လျှောက်ထားသည်မှာ အရှင်ဘုရား က အိုခြင်း, နာခြင်း, သေခြင်းတရား ကြောက်လျှင် မအို, မနာ, မသေတဲ့တ
ရားရှာရမယ်လို့ အမိန့်ရှိတယ်။ တပည့်တော်မ ဘယ်လို ရှာရပါမည်လဲ ဘုရား လို့ လျှောက်ထားပြန်တော့ သူတပါးကိုလဲမချစ်နှင့်၊ မိမိကိုယ်ကိုလဲ မချစ်နှင့်လို့ အမိန့်ရှိတော့၊ ပဋာစာရီ က တပည့်တော်မ ကတော့ ချစ်သေးတယ် ဘုရား-ချစ်
သေးတာဘဲ၊ မချစ်ဘဲ ရှိပါ့မလားဘုရား၊ တပည့်တော်မ သားကလေး က မျက် လုံးပြူးကလေးနဲ့ မျက်တောင်ကော့ကလေးနဲ့ ပလီပလာ တီတီတာတာ အလွန် ပြောတတ်တယ်ဘုရား-ပြောတတ်တယ်။ သည်တော့ တပည့်တော်မ က ချစ်
တာပေါ့ ဘုရား-ချစ်တာပေါ့…ဟု လျှောက်ထားတယ်။
☆ သည်တော့ မြတ်စွာဘုရား က မိန့်တော်မူသည်မှာ သင်ချစ်တယ်ဆိုတာဟာ မသိလို့ ချစ်တာ၊ သိလျှင် သင်မချစ်ဘူး၊ အဲဒါကြောင့်-မသိလို့လိုချင်၊ လိုချင်လို့ စွဲလမ်း၊ စွဲလမ်းတော့ ပြုလုပ်၊ ပြုလုပ်တော့-ရရှိ၊ ရရှိတော့-ခံကြ၊ ခံရလိမ့်မယ်။

☆ မသိတာကက အဝိဇ္ဇာလို့ ခေါ်တယ်၊ လိုချင်တာက တဏှာလို့ ခေါ်တယ်၊ စွဲလမ်းတာက ဥပါဒါန်လို့ ခေါ်တယ်။ ပြုလုပ်တာက သင်္ခါရလို့ ခေါ်တယ်၊ ရရှိ တာက ဘဝလို့ ခေါ်တယ်၊ အဝိဇ္ဇာနှင့် တဏှာ နှစ်ပင်ပူးလို့ အကြောင်းပြုလိုက်
တော့လေ….ဇာတိတရားကြီး ရတာပေါ့…။ အဲဒီ ဇာတိတရား ဝဋ်ကောင်ကြီး ရမှဖြင့် ခံရလိမ့်မယ်၊ မညဉ်းနှင့်၊
သင့်ကြည့်ပါလား ရွာစဉ်ကျယ် တလယ်လယ် နှင့် မစားနိုင် မသောက်နိုင်၊ ရင်ထဲနှလုံးထဲ ကွဲမတတ်, ဆွေးမတတ်, ပွင့်မ
တတ် သင်ခံရတယ်၊ ဘယ့်အတွက် ခံရတယ်၊ ကိုဒါသချစ်မိလို့ သင်ခံရတယ်၊ဘယ်အတွက် ချစ်မိတယ်၊ မသိလို့ ချစ်မိတယ်၊ သိလျှင် သင် မချစ်ဘူး မချစ်လျှင် နင်သည်လိုခံရမှာ မဟုတ်ဘူး သင့်သားကလေးတွေကို သင်ချစ်မိလို့ခံရတယ်၊ ဘယ့်အတွက် သင်ချစ်မိတယ်၊ သင်မသိလို့ ချစ်မိတယ်၊ သိလျှင် သင်မချစ်ဘူး မချစ်လျှင် သင်သည်လို ခံရမှာမဟုတ်ဘူး။
☆ ဟဲ့-ပဋာစာရီ သင် သညာ၏အလိမ်ကို ခံနေရပါပေါ့ကလား၊ ချစ်တယ်ဆိုတာ သင်က-ချစ်ချင်လို့ ချစ်တာမဟုတ်ဘူး၊ သညာက လိမ်ထားလို့ သင်ချစ်နေတာ။ ဘယ်လို လိမ်ထားသလဲ ဆိုပါလျှင်… တရားတော်ကြီး က အနိစ္စလို့ဆိုတယ်၊ သ ညာက နိစ္စလို့ လိမ်ထားတယ်။ တရားတော်ကြီးက ဒုက္ခလို့ဆိုတယ်၊ သညာ က သုခလို့လိမ်ထားတယ်။ တရားတော်ကြီးက အနတ္တလို့ဆိုတယ်၊ သညာက အတ္တလို့ လိမ်ထားတယ်။ တရားတော်ကြီးက အသုဘလို့ဆိုတယ်။ သညာက သုဘလို့ လိမ်ထားတယ်။ အဲဒါကြောင့်“မြင်တာကို သညာဖုံးတယ်၊ သညာကို သင်္ကာရှင်းမှ သင်္ကာ
ကင်းမယ်၊ မြင်တာကို သညာဖုံးတယ်၊ သညာကို သင်္ကာ မရှင်းတော့-သင်္ကာ မကင်းတယ်”။ သညာ၏အလိမ်ကို ခံနေရလို့ ဒုက္ခရောက်တယ်။

အဲသည်လိမ်ထားတဲ့ သညာကို သင်္ကာ ရှင်းလိုက်ပါတော့လား ဟု မြတ်စွာ ဘုရားက မိန့်တော်မူတော့မှ ပဋာစာရီက သင်္ကာရှင်းဆိုတာ ဘယ်လိုရှင်း ရမှာလဲ ဘုရားဟု ပြန်၍ လျှောက်ထားတော့ မြတ်စွာဘုရားက သတိပဋ္ဌာန်
လေးပါးနှင့် ရှင်းရလိမ့်မယ်။ သတိပဋ္ဌာန် လေးပါး ကိုရှုတော့ သတိပဋ္ဌာန် လေး ပါးက သင်္ကာရှင်းပေးလိမ့်မယ်၊ မိမိ“ခန္ဓာကိုယ်”နှာသီးဝ ခေါ်တဲ့ ကာယတံခါး ကို ထွက်လေဝင်လေဖြစ်တဲ့ ဖောဋ္ဌဗ္ဗာရုံကတိုးထိတော့-သိ၊ သိတဲ့အပေါ်မှာ သတိထားပြီး နေမှဖြင့် သတိပဋ္ဌာန်လေးပါး ပြည့်စုံနေပြီ။
☆ ပြည့်စုံပုံကား….ထိမှုကို သတိပြုနေတာက ကာယနုပဿ နာ သတိပဋ္ဌာန် လို့ ခေါ်တယ်၊ ကောင်း မကောင်းခံစားမှု သဘောကို သတိပြုနေတာက ဝေဒနာ နုပဿ နာ သတိပဋ္ဌာန်လို့ခေါ်တယ်၊ ထိမှုသဘောကို သတိပြုနေတာက စိတ္တာ
နုပဿ နာ သတိပဋ္ဌာန်လို့ခေါ်တယ်။ အဘိဇ္ဈာဒေါမနဿ ကို လျစ်လျူ ရှုပြီး သူ့ သဘောအတိုင်း သူဖြစ်ချင်သလို ဖြစ်နေတာကို သတိပြုနေတာက ဓမ္မာနုပ ဿ နာသတိပဋ္ဌာန်လို့ခေါ်တယ်။

☆ အဲဒီ သတိပဋ္ဌာန် လေးပါးကိုရှုတော့ ကာယာနုပဿ နာ သတိပဋ္ဌာန် က သု ဘသညာကို ရှင်းပေးလိမ့်မယ်၊ ဝေဒနာနုပဿ နာ သတိပဋ္ဌာန်က သုခသညာ ကို ရှင်းပေးလိမ့်မယ်၊ စိတ္တာနုပဿ နာ သတိပဋ္ဌာန် က နိစ္စ သညာကို ရှင်းပေး
လိမ့်မယ်။ ဓမ္မာနုပဿ နာ သတိပဋ္ဌာန် က အတ္တသညာကို ရှင်းပေးလိမ့်မယ်။ ပဋာစာရီ သတိပဋ္ဌာန်လေးပါးကို ရှုလိုက်ပါတော့လား၊ မိမိ၏ခန္ဓာကိုယ် အတွင်းက အပူဓာတ်ကို ရှုလိုက်-ရှုလိုက်လို့ မြတ်စွာဘုရား ကိုယ်တော်မြတ် ကြီးက ခိုင်းတော့၊ ပဋာစာရီ သည် မြတ်စွာဘုရား ခိုင်းတော်မူသည့်အတိုင်းရှုလိုက်တော့ ဓမ္မစက္ခုံ ပွင့်သွားပါတော့တယ်။
Credit: Original

No comments:

Post a Comment