Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 21, 2018

ရင်​ထဲရှိတာ ​ပြောခဲ့ပါ


" ရင်​ထဲရှိတာ ​ပြောခဲ့ပါ "
===================

အဲ့ဒိလူသားနှစ်​ဦး ...
သေချာ​အောင်​​ပြောရ ရင်​အရပ်​သား စစ်​စစ်​ လူသားနှစ်​ဦး ​ပေါ့ ...

သူ့​နေရာနဲ့သူ​တော့အမြင့်​ဆုံးရာထူး ​တွေ
အမြင့်​ဆုံးလုပ်​ပိုင်​ခွင့်​​တွေပိုင်​ဆိုင်​ခဲ့ကြ​ပေ မဲ့ ...

တိုင်းပြည်​နဲ့ပြည်​သူလူထုအတွက်
လိုအပ်​ချက်​​ကြောင့်​ ​နောက်​လူကိုဦးစား​ပေးပါဆိုရင်
မိမိတို့လက်​ရှိပိုင်​ဆိုင်​ထားတဲ့ အမြင့်​ဆုံးရထူးကြီးကို
ချက်​ချင်းလက်​ငင်း လွဲ​ပြောင်း​ပေးဘို့ရာ ​နောက်​တွန့်
ဝန်​​လေးမဲ့သူ​တွေမဟုတ်​ဘူးဆိုတာ ... ယခုသူတို့လုပ်
ဆောင်​ချက်​​တွေက​နေ သက်​​သေပြခဲ့ကြပြီ ...

ဟုတ်​ပါ ပြီ ... ဒါဆိုရင်​သူတို့နုတ်​ထွက်​အနားယူသွားလို့
သူတို့​နဲ့အတူဘာ​တွေပါသွားလဲ ...
ကြည့်​ကြရ ​အောင်​ ...

သူတို့အနားယူသွားချိန်​မှာနန်း​တော်​ကြီးအလား စံအိမ်​ကြီး​တွေနဲ့
စည်းစိမ်​ခံစားဘို့အတွက်​ နိုင်​ငံ​တော်​ဘဏ္ဏာ​တွေနဲ့
ကြိုတင်​ပြင်​ဆင်​ တည်​​ဆောင်​ခဲ့ကြသလား ...

သိန်း​ပေါင်း​သောင်းချီတန်​တဲ့ ​မြေကွက်​ကြီး​တွေ
အကွက်​​ပေါင်း ၁၀၀ ​လောက်​ ပိုင်​ဆိုင်​သွားကြသလား ...

လယ်​​မြေ​အေက​ပေါင်း ​ထောင်​​သောင်းမက
သူတို့ပိုင်​ဆိုင်​မူ့အဖြစ်​ ရယူသွားခဲ့ကြသလား ...

အမြင့်​ဆုံးရာထူးကြီး​တွေက​နေ
အနားယူသွားပြီးရင်​ ​အေးချမ်းစွာ​နေချင်​လို့
လယ်​​​တော​မြေ​အေက ၅၀၀ ​လောက်​ ၊ သရက်​ခြံဥယာဉ်​။
တန်​ဘိုးမြင့်​​မွေးမြူ​ရေးခြံကြီး ​တွေ အစရှိသဖြစ်
ရိုးသားစွာဆိုတဲ့စကားလုံးအသုံးချပြီး နိုင်​ငံပိုင်​မှ
မိမိပိုင်​အဖြစ်​ ရယူသွားခဲ့ကြသလား ...

နိုင်​ငံ​တော်​ပိုင်​ အဖိုးတန်​သံယံဇာတ​ ​တွေဖြစ်​တဲ့
ကျောက်​စိမ်း ၊ ​ကျောက်​မြတ်​ ၊ သဘာဝဓာတ်​​ငွေ့
စတာ​တွေ ​ပေါများစွာထွက်​ရှိတဲ့ ​နေရာ​ဒေသ​တွေမှာ
သူတို့ရဲ့လုပ်​ပိုင်​ခွင့်​အာဏာကို အသုံးချပြီး ၊ သူတို့နဲ့
သူတို့သားသမီး ​မြေးမြစ်​ ​ဆွေမျိုး တပည့်​​တွေအတွက်
လုပ်​ကွက်​​တွေမှန်​သမျှ အိပ်​ထဲထည့်​သွားခဲ့ကြသလား ...

ဟို အမြင့်​ကြီးမှ အ​ကောင်​ကြီးကြီးအငြိမ်းစားမ​ပြောနဲ့
သာမန်​ ဗိုလ်​မှုး​ဟောင်းတစ်​ဦး​မှ အငြိမ်းစား ယူ
( သို့ ) နုတ်​ထွက်​သွားခဲ့ရင်​​တောင်​ Company ​လေး
ငါးခုပိုင်​ဆိုင်​ပါတယ်​ဆို​နေချိန်​ မှာ ( လက်​ရှိ ဦးကိုနီအမူ့
ရင်​ဆိုင်​​နေ​သော ၀ရမ်း​ပြေးတစ်​ဦးနဲ့ အချုပ်​​ထောင်​ထဲမှ
စစ်​အငြိမ်းစားတစ်​ဦး ကိုရည်​ရွယ်​ပါတယ်​ )

ဖထီးနဲ့ဦးထင်​​ကျော်​ ... သူတို့နှစ်​​ယောက်
နောင်​​ရေးအတွက်​ပါ ၊ အိုစာမင်းစာ​လေးပါဆိုပြီး
Company ​လေးတစ်​ခု ပိုင်​ဆိုင်​သွားပါရဲ့လား ...

ငါတို့ကအသက်​ကြီး​နေပါပြီ ။ ဒါ​တွေမလိုပါဘူး
ငါတို့သားသမီး​လေး​တွေ ​နောင်​​ရေးစိတ်​​အေးရဘို့
နိုင်​ငံတကာနဲ့ချိတ်​ဆက်​​လုပ်​​ဆောင်​နိုင်​တဲ့ ​ဒေါ်လာ
ဘီလီယံချီတန်​​သော ဆက်​သွယ်​​ရေးလုပ်​ငန်း
လိုဟာကြီး​တွေကို ...

အ​မွေအနှစ်​​ပေးသွားနိုင်​သလား ...
စတာ​တွေ ... စတာ​တွေထိုင်​ပြီးစဉ်းစား​နေမိတယ်​ ...

လက်​ရှိကိုယ်​​တွေမြင်​ရသ​လောက်​​ပြောရရင်
ဖတီးလဲသူပိုင်​ဆိုင်​တဲ့ တိုင်း​အေရာမြို့​လေးတစ်​မြို့မှ
ယခင်​၀န်​ကြီးချုပ်​မဖြစ်​ခင်​ကတည်းက ​နေထိုင်​ခဲ့တဲ့
သာမန်​ပျဉ်​​ထောင်​အိမ်​​လေးတစ်​လုံးဆီကို ပြန်​သွားသလို...

ယခုသမ္မတကြီးဦးထင်​​ကျော်​ကလဲသူယခင်​​နေတိုင်​တဲ့ ရန်​ကုန်​တိုင်းကွမ်းခြံကုန်းမြို့​လေးမှ
နှစ်​ထပ်​ပျဉ်​​ထောင်​အိမ်​အိုကြီးဆီသို့ သူတို့ဇနီး​မောင်​နှံ
ခြေဦးပြင်​​နေကြ​လောက်​ ပြီ ...

ဒီအချက်​​တွေ ၊ ဒီအရာ​တွေကြည့်​ရင်​ဘဲ ...ကျ​နော်​တို့နိုင်​ငံသူ / နိုင်​ငံသား​တွေ ...

2020 မှာဘာကို​ရွေးချယ်​ကြအုန်းမှာလဲ ...

ရင်​ထဲရှိတာ ​ဖြေခဲ့ပါ ... ။

Sua Sponte .
Sitt Naing Aung
Photo . Org Crd .

No comments:

Post a Comment