Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 8, 2018

တပတ်​အတွင်း မ​ကွေးတိုင်း​ အစိုးရအဖွဲ့ဝန်​ကြီး ၂ ​ဦး နုတ်​ထွက်​စာတင်


By ဒီဗွီဘီ 8 January 2018 
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနှစ်ဦးဟာ တာဝန်မှ နုတ်ထွက်စာ တင်ထားတယ်လို့  ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုထံက သိရပါတယ်​။

မကွေးတိုင်းဒေသကြီးအစိုးရ အလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော်နဲ့ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုးမြင့် တို့ ၂ ဦးတို့ဟာ ဇန်နဝါရီ ၅ ရက်က နုတ်ထွက်စာ တင်ထားလိုက်တာဖြစ်ပါတယ်​။

နုတ်ထွက်စာတင်ထားတာနဲ့ ပတ်သက်ပြီး တိုင်းအလုပ်သမား၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးနေမျိုးကျော်က မကွေး မြို့တော်ခန်းမမှာ ဇန်နဝါရီ ၆ရက်က ကျင်းပတဲ့ ရသပြည်ထောင်စုသစ် စာပေဆွေးနွေးပွဲ အဖွင့်အမှာစကားပြောရာမှာ အတည်ပြုပြောကြားခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဦးစိုးမြင့်ကလည်း သတင်းမီဒီယာတွေက မေးမြန်းရာမှာ အစိုးရအဖွဲ့ ဝန်ကြီးအဖြစ်မှ နှုတ်ထွက်စာတင်ထားကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်​။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနဝန်ကြီး ဦးစိုးမြင့်က “ဇန်နဝါရီလ ၅ ရက်နေ့က နှုတ်ထွက်စာတင်ထားတာပါ။ ကျန်းမာရေး အခြေအနေက ကောင်းလာမလိုလိုနဲ့ အခုလိုအေးတဲ့အချိန်တွေမှာ ဂရုစိုက်ရမှာဖြစ်တဲ့အတွက် အရင်ကလည်း လေဖြန်းတာနှစ်ခါ ဖြစ်ဖူးတဲ့အတွက် လေဖြတ်သွားရင် မလွယ်ဘူးလေ။ ကျန်းမာရေး အခြေအနေအရ နုတ်ထွက်စာတင်ထားတာပါ”လို့ ပြောပါတယ်​။

အစိုးရအဖွဲ့ဝန်ကြီးအဖြစ်မှ နုတ်ထွက်စာတင်ထားမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ထံတင်ထားကြောင်း တင်ထားတာနဲ့ပတ်သက်ပြီး အကြောင်းပြန်ခြင်းမရှိသေးပါဘူး။

အဆိုပါဝန်ကြီးနှစ်ဦးက တိုင်းအစိုးရအဖွဲ့ထံ နုတ်ထွက်စာတင်ထားပေမယ့်လည်း တိုင်းဒေသကြီးလွှတ်တော်ထံ နုတ်ထွက်စာတင်ပြမှုမရှိသေးဘူးလို့ မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးတာက ဒီဗွီဘီကို ပြောပါတယ်​။

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ဝန်ကြီးတာဝန်ထမ်းဆောင်သူတွေဟာ တိုင်းအစိုးရဝန်ကြီးတာဝန်မှ နုတ်ထွက်သွားပေမယ့်လည်း ဥပဒေအရ လွှတ်တော်ကိုယ်စား လှယ်အဖြစ် ဆက်လက် တည်ရှိနေမှာဖြစ်ပါတယ်​။

မကွေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီး ၂ ဦး အစားထိုးဖို့အတွက် မကွေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိန်းဇော်နဲ့ ပခုက္ကူခရိုင်အတွင်းမှ တိုင်းလွှတ်တော်ကိုယ်စားလှယ်တဦးတို့ ရေပန်းစားနေကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေ ထံက သိရပါတယ်။

မကွေးမြို့နေ ဦးသိန်းထွန်းအောင်ကတော့ “မကွေးတိုင်း အစိုးရအဖွဲ့ဝန်ကြီးတွေ တာဝန်ပေးအပ်မှုမှာ တိုင်းရဲ့မြို့တော်ဖြစ်တဲ့ မကွေးမြို့နေ မကွေးသား တစ်ဦးတစ်ယောက်မှ မပါသေးဘူး။ ကျနော်ကတော့ မကွေးမြို့သား ပါသင့်တယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်​။

သတင်း – ကိုလင်း (ချောက်)
http://burmese.dvb.no/archives/247197

No comments:

Post a Comment