Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 7, 2018

ဝန်ကြီးချုပ်တဦးအပါအဝင် တိုင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီး ၆ ဦးခန့် အစားထိုးခန့်အပ်ဖွယ်ရှိ


ဝန်ကြီးချုပ်တဦးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဝန်ကြီး ၆ ဦးခန့် အစားထိုးခန့်အပ်ဖွယ်ရှိကြောင်း သတင်းရရှိသည်။
အစားထိုးခန့်အပ်ဖွယ်ရှိသည့် ရာထူးတာဝန်များမှာ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးချူပ်နှင့် ဝန်ကြီးတဦး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဝန်ကြီးနှစ်ဦး၊မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မှ ဝန်ကြီးနှစ်ဦးတို့ ဖြစ်ကြောင်း NLD ဗဟိုကော်မတီဝင်တဦးကပြောသည်။

"ကျွန်တော် ကြားသိရသလောက်ကတော့ ဧရာဝတီတိုင်းက ၂ယောက်၊ ဝန်ကြီးချူပ် တဦးပါတယ်။ မကွေးတိုင်းက ၂ယောက်၊ ပဲခူးတိုင်းက ၂ယောက် လို့သိရတယ်။ ဒါကို အတိအကျ ပြောဖို့တော့ ခက်တယ်။ သူတို့ နှုတ်ထွက်စာ တင်ဖို့ လည်းရှိနိုင်ပါတယ်။ တချို့လည်း မတင်ကြသေးဘူးပေါ့။ သူတို့နေရာတွေကို အစားထိုးခန့်အပ်မှာပေါ့။ သေချာ တာကတော့ အပြင်မှာ ထွက်နေတဲ့ သတင်းတွေ အတိုင်း ရာခိုင်နှုန်း ပြည့်နီးပါးလောက် မှန်နိုင်လောက်ပါတယ်"ဟု ၄င်းကပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့မှလည်း အထက်ပါ ပုဂ္ဂိုလ်များအား ရာထူးတာဝန်မှ နှုတ်ထွက်စာ တင်ခိုင်းထား ကြောင်းနှင့် နှုတ်ထွက်စာ တင်ခိုင်းရခြင်းသည် ကျန်းမာရေးနှင့် လုပ်ငန်းစွမ်းဆောင်ရည် ကျဆင်းသည့် အချက်ဟူ၍ အချက်၂ချက်ရှိပြီး တို့ကြောင့်ဖြစ်ကြောင်း အထက်ပါ ဗဟိုကော်မတီဝင်တဦးကပြောသည်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ နှုတ်ထွက်စာတင်ခိုင်းထားတယ်လို့ သိရတယ်။ဗဟိုအလုပ်အမှု ဆောင် အဖွဲ့ကို အထက် ကပ်ဘိနက်က ခိုင်းတာလည်း ဖြစ်ရင်ဖြစ်မယ်ပေါ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ နှုတ်ထွက်စာတင်ပါလို့ ပြောတော့ ပြောနေပီ။တာဝန်ယူပြီးတော့ ပြောနေရပြီ”ဟု ၄င်းကပြောသည်။

ယင်းအပြင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာ ၂၀ ရက်အထိ NLD လွှတ်တော်ကိုယ်စားလှယ်များတိုင် ကြားစာဌာနသို့ ရောက်ရှိလာသော တိုင်ကြားစာများအနက် ပါတီချမှတ်ထားသော ပါတီစည်းကမ်းချက်များကို လိုက် နာခြင်းမရှိသောကြောင့် တိုင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီး ၅ ဦးခန့်၏ တိုင်ကြားစာများကို ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့သို့ တင်ပြထားကြောင်းသိရသည်။

လက်ရှိအချိန်တွင် ဝန်ကြီးချုပ်တဦးအပါအဝင် တိုင်းနှင့် ပြည်နယ်အဆင့်ဝန်ကြီး ၆ ဦးတို့အား နှုတ်ထွက်စာ တင်ခိုင်း ထားမှု သတင်းထွက်ပေါ်နေမှုနှင့် ပတ်သက်၍ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၊အတွင်းရေးမှူးအဖွဲ့ဝင် ဦးဥာဏ်ဝင်း အားမေးမြန်းကြည့်ရာ ၄င်းက ” ကြားပေမဲ့ ဘာ့ကြောင့် ဘယ်လို ဆိုတာမျိုးကျတော့ မသိပါဘူး” ဟုဆိုသည်။ ထို့အတူ NLD လွှတ်တော်ကိုယ်စားလှယ် များတိုင် ကြားစာဌာနအဖွဲ့ခေါင်းဆောင် ဒေါက်တာမျိုးညွှန့်ကလည်း အဆိုပါသတင်းများကြားသိနေရသော်လည်း သက်ဆိုင်ရာအုပ်ချုပ် ရေးပိုင်းမှသာ ထုတ်ပြန်ကြေညာလိမ့်မည်ဖြစ် ကြောင်း ပြောသည်။

လက်ရှိအချိန်တွင် မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဦးနေမျိုးကျော်၊ ဧရာဝတီတိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီး ဦးဘဟိန်းတို့မှာ ၀န်ကြီးရာထူးမှ နုတ်ထွက်ရန်စာ တင်ထားကြောင်း သိရသည်။

လင်းလင်းအောင်
News Watch

No comments:

Post a Comment