Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, January 8, 2018

“စိန္စီေသာည”ကို အမွတ္ရေစခဲ့တဲ့ ေနျပည္ေတာ္က “ထိန္ရီေသာည”



 By ထက္နိုင္ေဇာ္ 8 January 2018
မေန႔ ဇန္နဝါရီ ၇ ရက္ ညက ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ အာဏာရ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ (NLD) ပါတီရဲ့ ဗဟို အလုပ္အမွုေဆာင္ အဖြဲ႕ အတြင္းေရးမွူး ဦးဝင္းထိန္ရဲ့ သားျဖစ္သူ ကိုဆန္းဝင္းထိန္နဲ႔ အမ်ိဳးသမီး သတင္းေထာက္ မႏွင္းရတနာေဇာ္တို႔ရဲ့ မဂၤလာပြဲ ကို အေၾကာင္းျပဳၿပီး လူမွုကြန္ရက္မွာ ေဝဖန္ေျပာဆိုမွုေတြ ပြက္ပြက္ညံသြားတယ္။

ဒီမဂၤလာပြဲဟာ ပုံမွန္ထက္ ပိုႀကီးက်ယ္လြန္းတဲ့ အခမ္းအနားႀကီးတခု မဟုတ္ေပမယ့္ ဆင္းရဲနိမ့္က်ေနတဲ့ တိုင္းျပည္တခုမွာ အာဏာ ရသူေတြရဲ့ ပါဝင္ဆင္ႏြဲခဲ့တဲ့ ပြဲလမ္းသဘင္မ်ိဳးကို အမ်ားျပည္သူက စိတ္ဝင္စားေလ့ရွိၿပီး ပြဲမွာ သမၼတ ဦးထင္ေက်ာ္နဲ႔ ဇနီး၊ အတိုင္ပင္ခံ ပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ တက္ေရာက္ခဲ့တာေၾကာင့္ လူထုက ပိုအာ႐ုံစိုက္ခဲ့ၾကပါတယ္။

ဒီမဂၤလာေဆာင္ကို ၾကည့္ၿပီး လူေတြဟာ တပ္မေတာ္ အစိုးရလက္ထက္က ဗိုလ္ခ်ဳပ္မွူးႀကီး သန္းေရႊရဲ့ သမီးေတာ္ မသႏၲာေရႊရဲ့ မဂၤေဆာင္မွာ စိန္ေပါင္းမ်ားစြာနဲ႔ တန္ဆာဆင္ထားတာေတြကို ျပန္အမွတ္ရၿပီး ဒီတေခါက္က ဦးဝင္းထိန္ ရယ္ေမာ သေဘာ က်ေနပုံကို ၾကည့္ၿပီး ေနျပည္ေတာ္က “ထိန္ရီေသာည”လို႔ လူမွုကြန္ရက္မွာ မွတ္ခ်က္ျပဳေနၾကပါၿပီ။

ကာယံကံရွင္ျဖစ္သူ ဦးဝင္းထိန္ကေတာ့ ဒီလို ပ်က္ရယ္ျပဳေနတာတာေတြကို သူ႔အေနနဲ႔ ဂ႐ုစိုက္မွာ မဟုတ္ဘဲ တရားစြဲဆို အေရးယူ တာေတြလည္း လုပ္မွာ မဟုတ္ေၾကာင္း၊ လူေတြရဲ့ ေျပာတတ္တဲ့ သဘာဝျဖစ္ၿပီး ၾကာလာရင္ ေမ့သြားမယ့္ ကိစၥတခုသာ ျဖစ္တယ္လို႔ ဒီေန႔ ဇန္နဝါရီ ၈ ရက္ ေနျပည္ေတာ္မွာ သတင္းေထာက္တခ်ိဳ႕ကို မွတ္ခ်က္ျပဳခဲ့ပါတယ္။

မဂၤလာပြဲ ျပဳလုပ္ခဲ့တဲ့ M-Gallary ဟိုတယ္ဟာ စီးပြားေရး လုပ္ငန္းရွင္ ဦးေဇာ္ေဇာ္ပိုင္တဲ့ ဟိုတယ္ ျဖစ္ၿပီး မဂၤလာေဆာင္ အခမ္းအနားအတြက္ ေမတၱာနဲ႔ လက္ဖြဲ႕ခဲ့တာပါ။ ပြဲမွာ သတို႔သမီး ဝတ္ဆင္ခဲ့တဲ့ စိန္ေတြ ေတြကေတာ့ Win & San စိန္တိုက္က ငွားရမ္း ဝတ္ဆင္ခဲ့တာျဖစ္တယ္လို႔ နီးစပ္သူေတြဆီက သိရၿပီး လူမွုကြန္ရက္မွာ ပ်ံ႕ႏွံေနသလို လက္ဖြဲ႕အျဖစ္ အပိုင္ရတာမ်ိဳး မဟုတ္ပါဘူး။ မိတ္ကပ္လိမ္းခ်ယ္တာနဲ႔အတူ စိန္ေတြကိုပါ တြဲငွားခဲ့တာလို႔ ဆိုပါတယ္။

လူေတြက “စိန္စီေသာည” လို႔ ေျပာေနၾကေပမယ့္ စိန္ေတြ တျဖတ္ျဖတ္နဲ႔ လုပ္ေနတာ မဟုတ္သလို ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္လို ၿမိဳ႕ႀကီးေတြက သာမန္ လူလတ္တန္းစားေတြလည္း ဒီလို မဂၤလာေဆာင္မ်ိဳးေတာ့ ေဆာင္နိုင္ၾကေပမယ့္ အခမ္းအနားကို တက္ေရာက္ လာသူ နိုင္ငံအႀကီးအကဲေတြေၾကာင့္ အခုလို အဆိုးျမင္နဲ႔ ေဝဖန္ေနၾကတာ ျဖစ္တယ္လို႔ NLD ပါတီက ဦးမင္းသူက ေျပာပါတယ္။

“လက္ဖြဲ႕တဲ့ေနရာမွာလည္း ပုံၿပီးေတာ့မွ စိန္ေတြ ကားေတြ၊ ေသာ့ေတြ၊ တိုက္ေတြ ေပးတာ မဟုတ္ပါဘူး။ ထုံးစံ အတိုင္းပဲ ေဆာင္တာပါ။ လုပ္ရိုး လုပ္စဥ္ ေနာက္ပိုင္း ထုံးစံအရ အသုံးအေဆာင္ေတြ ေပးတာပဲ ရွိတာပါ။ ဒီလိုပြဲမ်ိဳးေတြက ရန္ကုန္၊ ေနျပည္ေတာ္ လုပ္ေနၾကပါပဲ။ နိုင္ငံေတာ္ အႀကီးအကဲေတြ တက္လို႔၊ မီးေရာင္ေတြ ဆိုတာလည္း ဒီေလာက္မေကာင္းပါဘူး။ ထင္ေရာင္ ထင္မွားနဲ႔ ေျပာေနတာ”လို႔ ေနျပည္ေတာ္ စည္ပင္သာယာေရး ေကာ္မတီဝင္းလည္း ျဖစ္တဲ့ ဦးမင္းသူက ေျပာပါတယ္။

တဖက္ ရွုေထာင့္ ကေန နိုင္ငံေတာ္ အစိုးရနဲ႔ လက္ရွိ ျပည္သူေရြးခ်ယ္ထားတဲ့ ပါတီကို ေဒါက္ေထာက္ၾကည့္ ေဝဖန္ေနတာသာ ျဖစ္ၿပီး ကုန္က်စရိတ္ကလည္း သာမန္ လူလတ္တန္းစား မဂၤလာပြဲေတြထက္ မပိုေၾကာင္း၊ သာမန္ေဆာင္တဲ့ မဂၤလာပြဲတခုျဖစ္တယ္လို႔ ၎က ကာကြယ္ေျပာဆိုခဲ့ပါတယ္။ ဒါေပမယ့္ အသံုံးစရိတ္ ဘယ္ေလာက္ဆိုတာကိုေတာ့ မေျပာပါဘူး။

အဲဒီပြဲကို တက္ေရာက္ခဲ့သူ ဒကၡိဏသီရိၿမိဳ႕နယ္၊ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးသန႔္ဇင္ထြန္းကလည္း “ အရမ္းႀကီး ခမ္းနားေနတာေတာ့ မဟုတ္ပါဘူး။ လက္ဖြဲ႕လည္း လက္ခံပါတယ္။ ရြာက မဂၤလာေဆာင္ထက္ေတာ့ စည္တာေပါ့”လို႔ ဆိုပါတယ္။

ပြဲမွာ မဂၤလာစကား ေျပာၾကားေပးဖို႔ ဖိတ္ေခၚခံခဲ့ရတဲ့ နိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ကိုယ္တိုင္ကေတာ့ အခုေခတ္ လုပ္ရိုးလုပ္စဥ္အရ မဂၤလာလက္ဖြဲ႕ေတြ ဖြဲ႕ၾကေပမယ့္ သူနားလည္သေလာက္ မဂၤလာလက္ဖြဲ႕ ဆိုတာဟာ ရိုးရာ လုပ္ရိုးလုပ္စဥ္ မဟုတ္ပါဘဲ ရိုးရာအရ မဂၤလာစုံတြဲက ဆြမ္းကပ္တာ အလွူဒါန လုပ္ေဆာင္တဲ့ သေဘာသာ ျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“က်မတို႔ ျပန္ၿပီးေတာ့ စဥ္းစားရမွာက က်မတို႔ေတြရဲ့ ထုံးတမ္းစဥ္လာထဲမွာ ဘယ္ဟာေတြကို ဆက္ၿပီးေတာ့ ထိန္းသိမ္းထားသင့္တယ္။ ဘယ္ဟာေတြကို အသစ္ ရယူသင့္တယ္ဆိုတာကိုေတာ့ က်မတို႔ ဒီလိုပြဲမ်ိဳးမွာ ဆိုလို႔ရွိရင္ အားလုံးကေန စဥ္းစားေစခ်င္ပါတယ္။ ဒီလို အားလုံး အမ်ား ဆုံတဲ့ အခ်ိန္အခါမွာ က်မတို႔ နိုင္ငံ၊ က်မတိုရဲ့ ယဥ္ေက်းမွုဟာ ဘယ္လမ္းကို သြားေနတယ္ဆိုတာ အားလုံး ဝိုင္းၿပီးေတာ့ စဥ္းစားမယ္ဆိုရင္ ဒါလည္း တကယ့္ကို မဂၤလာရွိတဲ့ အလုပ္တခုပါပဲ”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဆိုပါတယ္။

သူ႔သေဘာထားမွတ္ခ်က္ကို ေလ့လာၾကည့္ရင္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လက္ဖြဲ႕ေတြ ယူတာကို သိပ္သေဘာမက်သလို ျဖစ္ေနၿပီး သူ႔ရဲ့ လက္႐ုံးတဦးျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ ဥကၠဌ ဦးဝင္းျမင့္ရဲ့ သမီး မဂၤေဆာင္တုန္းကေတာ့ ေနျပည္ေတာ္နဲ႔ ပုသိမ္မွာ လုပ္ခဲ့တဲ့ ပြဲ ၂ ခု စလုံးမွာ လက္ဖြဲ႕ လက္ခံတာမ်ိဳး မရွိခဲ့တာနဲ႔ ယွဥ္ၾကည့္ရင္ အခုပြဲက ေျပာစရာ မလြတ္ျဖစ္ရျပန္တယ္။

လူထုက ေရြးေကာက္တင္ေျမာက္ထားတဲ့ အာဏာရပါတီ အသိုင္းအဝိုင္းမွာ ပါတီေခါင္းေဆာင္တေယာက္က တႏွစ္တႀကိမ္ သမီးနဲ႔သားကို မဂၤလာေဆာင္ေပးၿပီး သမီးတုန္းကေတာ့ ယူတဲ့သူက ခ်မ္းသာတဲ့အတြက္ သိပ္ေျပာစရာ မရွိေပမယ့္ သား အလွည့္မွာေတာ့ နိုင္ငံေတာ္အဆင့္ ျပဳလုပ္ၿပီး ပန္းဖိုးတင္ သိန္းေထာင္ခ်ီ အကုန္ခံတာမ်ိဳးေတြ ေတြ႕ရတယ္လို႔ ရန္ကုန္ၿမိဳ႕က သတင္းေထာက္ ဦးၿဖိဳးေဝဝင္းက ေျပာပါတယ္။

“ဝတ္ထားတဲ့ စိန္ေတြက ျမန္မာနိုင္ငံ စိန္ေလာကရဲ့ ထိပ္တန္း Win&Sam က စပြန္ဆာ ေပးတယ္။ တိုင္ကြန္းေတြ၊ တနိုင္ငံလုံးက နိုင္ငံေရးသမားေတြ၊ ဝန္ႀကီးခ်ဳပ္ေတြ အားလုံးလာတက္တယ္။ ဒီျမင္ကြင္းေတြဟာ ျမန္မာျပည္မွာ စိန္စီေသာညအၿပီး ဒုတိယအႀကိမ္ အာဏာရွိတဲ့သူေတြဘက္က ခမ္းခမ္းနားနား လုပ္တာလို႔ ျမင္တယ္။ တိုင္းျပည္ ဆင္းရဲ မြဲေတလို႔ ဗိုလ္ခ်ဳပ္႐ုပ္ရွင္ေတာင္ သိန္း ၈၃၀၀ နဲ႔ေလာက္ေအာင္ ရိုက္ပါ။ ျပည္သူေတြ ဟင္းတမ်ိဳးတည္းနဲ႔ စားပါဆိုတဲ့ နိုင္ငံမွာ ကိုယ့္မွာ မရွိဘဲ စပြန္ဆာယူၿပီး ႀကီးႀကီးက်ယ္က်ယ္ ေဆာင္ေပးတာက ထူးျခားမွုပဲ”လို႔ သူက ေျပာပါတယ္။

ဒီမဂၤလာပြဲေၾကာင့္ တပ္မေတာ္ အစိုးရလက္ထက္က “စိန္စီေသာည” ဆိုၿပီး နာမည္ႀကီး မဂၤလာေဆာင္တခုကို ျပန္အမွတ္ရေစၿပီး ဆင္းရဲ တဲ့ တိုင္းျပည္တခုက ျပည္သူေတြဟာ အေထြေထြ က်ပ္တည္းေနခ်ိန္မွာ ဒီလို ပြဲလမ္းသဘင္မ်ိဳးကို ေခါင္းေဆာင္ေတြ အေနနဲ႔ သတိထားသင့္တယ္လို႔ ရန္ကုန္ၿမိဳ႕က တိုင္းေဒသႀကီးအမတ္ေဟာင္း ေဒၚညိဳညိဳသင္းက သုံးသပ္ပါတယ္။

မၾကားေသးခင္က ကယားျပည္နယ္က ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲတခုမွာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္ ခမ္းနားတာေတြ ပကာသ နေတြ မလုပ္ဖို႔၊ ဝန္ႀကီးအဖြဲ႕ေတြ လာရင္ေတာင္ ငပိရည္၊ တို႔စရာ ဟင္းတမ်ိဳးဆိုရင္ ေတာ္ၿပီ၊ ဟင္းေတြ အမ်ားႀကီး မေကၽြးနဲ႔ တိုင္းျပည္ ဘ႑ာကို ေခၽြတာရမယ္လို႔ ေျပာခဲ့ၿပီး မၾကာခင္ ဒီလိုပြဲမ်ိဳးကို ျမင္ရေတာ့ အံၾသမိတယ္လို႔လည္း ဆိုပါတယ္။

နိုင္ငံေရးရာထူး လက္ရွိ ရွိေနသူ တေယာက္အေနနဲ႔ အခုလိုမ်ိဳး ပုဂၢိဳလ္ေရးဆိုင္ရာကိစၥ တခုမွာ စီးပြားေရး ကုမၸဏီႀကီးေတြက ပါဝင္ပတ္ သက္ၿပီးေတာ့ မဂၤလာပြဲကို ၿခိမ့္ၿခိမ့္သဲ က်င္းပၾကျခင္းဟာ ဥပေဒအရ ေျပာရရင္ အဂတိလိုက္စားမွု တိုက္ဖ်က္ေရး ဥပေဒနဲ႔ပါ ၿငိစြန္းေၾကာင္း၊ အဂတိလိုက္စားမွုဆိုတဲ့ အဓိပၸါယ္ဖြင့္ဆိုခ်က္ကို ျပန္ၾကည့္ရင္ နိုင္ငံေရးရာထူး လက္ရွိ ယူထားသူေတြက ကိုယ့္ရဲ့ အာဏာ ကိုယ့္ရဲ့ လုပ္ပိုင္ခြင့္ အလြဲသုံးစားျပဳၿပီးေတာ့ ဒီလိုကိစၥေတြ ေဆာင္ရြက္ျခင္း ပါဝင္တဲ့အတြက္ နိုင္ငံေရးသမားတေယာက္ အေနနဲ႔ အရမ္းကို သတိထားသင့္ေၾကာင္း ဆိုပါတယ္။

ဒါေပမယ့္ တပ္မေတာ္ အစိုးရလက္ထက္ မဂၤလာေဆာင္ပြဲေတြနဲ႔ နီးစပ္ခဲ့သူတဦးလည္း ျဖစ္ၿပီး ယခု ဦးဝင္းထိန္ မီသားစုနဲ႔လည္း နီးစပ္သူ အမ်ိဳးသား တဦးကေတာ့ အခုပြဲဟာ စိန္စီေသာညနဲ႔ ႏွိုင္းယွဥ္ေျပာဆိုလို႔ မရဘဲ ဒီပြဲမွာ ေဆာင္ရြက္ခဲ့တာေတြဟာ တန္ရာတန္ေၾကးနဲ႔ ငွားရမ္းခဲ့တာေတြသာ ျဖစ္ၿပီး ဟိုဘက္ေခတ္က မဂၤလာေဆာင္ေတြကေတာ့ အကုန္ စပြန္ဆာ ရခဲ့တာလို႔ ဆိုပါတယ္။

“ဗိုလ္ခ်ဳပ္မွူးႀကီး သန္းေရႊသမီး မဂၤလာေဆာင္တုန္းက ဦးေတဇက အာဖရိက ကေန အေကာင္းဆုံး စိန္တဆင္စာကို လက္ဖြဲ႕တာ။ အခု ဒီမွာက အကုန္ငွားဝတ္ရတာ။ မယူဘူး။ ခင္မင္ရင္ႏွီးလို႔ ဆင္ေပးမယ္။ ပိုက္ဆံမယူဘူးဆိုတာမ်ိဳးေတာ့ ရွိနိုင္တယ္။ ဒါေပမယ့္ လုံးဝ မယူဘူး။ မဂၤလာေဆာင္ကို လာတဲ့ ခ်မ္းသာတဲ့ သူေဌးဆိုလို႔လည္း ဦးအိုက္ထြန္းနဲ႔ ဦးေနေအာင္ပဲ ေတြ႕တယ္။ က်န္တဲ့ ခရိုနီေတြ တေယာက္မွ မရွိဘူး”လို႔ အဲဒီပြဲကို တက္ေရာက္ခဲ့သူ အမ်ိဳးသားက ေျပာပါတယ္။

ဒီမဂၤလာပြဲကို ကာယကံရွင္ေတြကိုယ္တိုင္က ႀကီးက်ယ္ခမ္းနားစြာ မလုပ္ခ်င္လို႔ နိုင္ငံေရး အသိုင္းအဝိုင္းက လူစုံေအာင္ေတာင္ မဖိတ္ဘဲ တခ်ိဳ႕ဆိုရင္ ဖိတ္စာမရေပမယ့္ ဦးဝင္းထိန္ကို ေလးစားတဲ့စိတ္နဲ႔ လာၾကတဲ့ နိုင္ငံေရးသမားတခ်ိဳ႕လည္း ရွိသလို အစိုးရ အဖြဲ႕ဝင္ေတြ အားလုံးကိုေတာ့ ဖိတ္စာနဲ႔ ေသေသခ်ာခ်ာ ဖိတ္တယ္လို႔ သိရပါတယ္။

ေဒၚညိဳညိဳသင္းကေတာ့ “ေဖ့ဘုတ္စ္မွာ ေျပာေနၾကသလို “ထိန္ရီေသာည” ဆိုၿပီး သမိုင္းမွတ္တမ္း တြင္သြားတာေပါ့။ နိုင္ငံေရးသမား ဆိုတာ ျပည္သူလူထုရဲ့ ေစာင့္ၾကည့္မွုကို ခံေနရသူေတြ ျဖစ္တဲ့အတြက္ ျပည္သူလူထုဘဝနဲ႔ တသားတည္း ရွိေနဖို႔ လိုတယ္။ ျပည္သူက အေထြထြ အက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရခ်ိန္မွာ အခုလို ပကာသနေတြ လႊမ္းျခဳံေနတဲ့ မဂၤလာပြဲႀကီးတရပ္ဟာ တျခားေသာ ကိစၥေတြလည္း မပါဘူးလို႔ ေျပာလို႔မရဘူး”လို႔ ဆိုပါတယ္။

(မိုးမိုး ပူးေပါင္းေရးသားသည္။)
Irrawaddy





“စိန်စီသောည”ကို အမှတ်ရစေခဲ့တဲ့ နေပြည်တော်က “ထိန်ရီသောည”

မင်္ဂလာစကား ပြောသူ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဖွဲ့တွေ ယူတာကို သိပ်သဘောမကျသလို ဖြစ်နေကြောင်း သိရသည် / Cheery Zahau Facebook မှ
32.7k
By ထက်နိုင်ဇော် 8 January 2018
Want create site? Find Free WordPress Themes and plugins.
မနေ့ ဇန်နဝါရီ ၇ ရက် ညက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ အတွင်းရေးမှူး ဦးဝင်းထိန်ရဲ့ သားဖြစ်သူ ကိုဆန်းဝင်းထိန်နဲ့ အမျိုးသမီး သတင်းထောက် မနှင်းရတနာဇော်တို့ရဲ့ မင်္ဂလာပွဲ ကို အကြောင်းပြုပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုမှုတွေ ပွက်ပွက်ညံသွားတယ်။

ဒီမင်္ဂလာပွဲဟာ ပုံမှန်ထက် ပိုကြီးကျယ်လွန်းတဲ့ အခမ်းအနားကြီးတခု မဟုတ်ပေမယ့် ဆင်းရဲနိမ့်ကျနေတဲ့ တိုင်းပြည်တခုမှာ အာဏာ ရသူတွေရဲ့ ပါဝင်ဆင်နွဲခဲ့တဲ့ ပွဲလမ်းသဘင်မျိုးကို အများပြည်သူက စိတ်ဝင်စားလေ့ရှိပြီး ပွဲမှာ သမ္မတ ဦးထင်ကျော်နဲ့ ဇနီး၊ အတိုင်ပင်ခံ ပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်ခဲ့တာကြောင့် လူထုက ပိုအာရုံစိုက်ခဲ့ကြပါတယ်။

ဒီမင်္ဂလာဆောင်ကို ကြည့်ပြီး လူတွေဟာ တပ်မတော် အစိုးရလက်ထက်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ သမီးတော် မသန္တာရွှေရဲ့ မင်္ဂဆောင်မှာ စိန်ပေါင်းများစွာနဲ့ တန်ဆာဆင်ထားတာတွေကို ပြန်အမှတ်ရပြီး ဒီတခေါက်က ဦးဝင်းထိန် ရယ်မော သဘော ကျနေပုံကို ကြည့်ပြီး နေပြည်တော်က “ထိန်ရီသောည”လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပြုနေကြပါပြီ။

ကာယံကံရှင်ဖြစ်သူ ဦးဝင်းထိန်ကတော့ ဒီလို ပျက်ရယ်ပြုနေတာတာတွေကို သူ့အနေနဲ့ ဂရုစိုက်မှာ မဟုတ်ဘဲ တရားစွဲဆို အရေးယူ တာတွေလည်း လုပ်မှာ မဟုတ်ကြောင်း၊ လူတွေရဲ့ ပြောတတ်တဲ့ သဘာဝဖြစ်ပြီး ကြာလာရင် မေ့သွားမယ့် ကိစ္စတခုသာ ဖြစ်တယ်လို့ ဒီနေ့ ဇန်နဝါရီ ၈ ရက် နေပြည်တော်မှာ သတင်းထောက်တချို့ကို မှတ်ချက်ပြုခဲ့ပါတယ်။

မင်္ဂလာပွဲ ပြုလုပ်ခဲ့တဲ့ M-Gallary ဟိုတယ်ဟာ စီးပွားရေး လုပ်ငန်းရှင် ဦးဇော်ဇော်ပိုင်တဲ့ ဟိုတယ် ဖြစ်ပြီး မင်္ဂလာဆောင် အခမ်းအနားအတွက် မေတ္တာနဲ့ လက်ဖွဲ့ခဲ့တာပါ။ ပွဲမှာ သတို့သမီး ဝတ်ဆင်ခဲ့တဲ့ စိန်တွေ တွေကတော့ Win & San စိန်တိုက်က ငှားရမ်း ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပြီး လူမှုကွန်ရက်မှာ ပျံ့နှံနေသလို လက်ဖွဲ့အဖြစ် အပိုင်ရတာမျိုး မဟုတ်ပါဘူး။ မိတ်ကပ်လိမ်းချယ်တာနဲ့အတူ စိန်တွေကိုပါ တွဲငှားခဲ့တာလို့ ဆိုပါတယ်။

လူတွေက “စိန်စီသောည” လို့ ပြောနေကြပေမယ့် စိန်တွေ တဖြတ်ဖြတ်နဲ့ လုပ်နေတာ မဟုတ်သလို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေက သာမန် လူလတ်တန်းစားတွေလည်း ဒီလို မင်္ဂလာဆောင်မျိုးတော့ ဆောင်နိုင်ကြပေမယ့် အခမ်းအနားကို တက်ရောက် လာသူ နိုင်ငံအကြီးအကဲတွေကြောင့် အခုလို အဆိုးမြင်နဲ့ ဝေဖန်နေကြတာ ဖြစ်တယ်လို့ NLD ပါတီက ဦးမင်းသူက ပြောပါတယ်။

“လက်ဖွဲ့တဲ့နေရာမှာလည်း ပုံပြီးတော့မှ စိန်တွေ ကားတွေ၊ သော့တွေ၊ တိုက်တွေ ပေးတာ မဟုတ်ပါဘူး။ ထုံးစံ အတိုင်းပဲ ဆောင်တာပါ။ လုပ်ရိုး လုပ်စဉ် နောက်ပိုင်း ထုံးစံအရ အသုံးအဆောင်တွေ ပေးတာပဲ ရှိတာပါ။ ဒီလိုပွဲမျိုးတွေက ရန်ကုန်၊ နေပြည်တော် လုပ်နေကြပါပဲ။ နိုင်ငံတော် အကြီးအကဲတွေ တက်လို့၊ မီးရောင်တွေ ဆိုတာလည်း ဒီလောက်မကောင်းပါဘူး။ ထင်ရောင် ထင်မှားနဲ့ ပြောနေတာ”လို့ နေပြည်တော် စည်ပင်သာယာရေး ကော်မတီဝင်းလည်း ဖြစ်တဲ့ ဦးမင်းသူက ပြောပါတယ်။

တဖက် ရှုထောင့် ကနေ နိုင်ငံတော် အစိုးရနဲ့ လက်ရှိ ပြည်သူရွေးချယ်ထားတဲ့ ပါတီကို ဒေါက်ထောက်ကြည့် ဝေဖန်နေတာသာ ဖြစ်ပြီး ကုန်ကျစရိတ်ကလည်း သာမန် လူလတ်တန်းစား မင်္ဂလာပွဲတွေထက် မပိုကြောင်း၊ သာမန်ဆောင်တဲ့ မင်္ဂလာပွဲတခုဖြစ်တယ်လို့ ၎င်းက ကာကွယ်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အသံုံးစရိတ် ဘယ်လောက်ဆိုတာကိုတော့ မပြောပါဘူး။

အဲဒီပွဲကို တက်ရောက်ခဲ့သူ ဒက္ခိဏသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကလည်း “ အရမ်းကြီး ခမ်းနားနေတာတော့ မဟုတ်ပါဘူး။ လက်ဖွဲ့လည်း လက်ခံပါတယ်။ ရွာက မင်္ဂလာဆောင်ထက်တော့ စည်တာပေါ့”လို့ ဆိုပါတယ်။

ပွဲမှာ မင်္ဂလာစကား ပြောကြားပေးဖို့ ဖိတ်ခေါ်ခံခဲ့ရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင်ကတော့ အခုခေတ် လုပ်ရိုးလုပ်စဉ်အရ မင်္ဂလာလက်ဖွဲ့တွေ ဖွဲ့ကြပေမယ့် သူနားလည်သလောက် မင်္ဂလာလက်ဖွဲ့ ဆိုတာဟာ ရိုးရာ လုပ်ရိုးလုပ်စဉ် မဟုတ်ပါဘဲ ရိုးရာအရ မင်္ဂလာစုံတွဲက ဆွမ်းကပ်တာ အလှူဒါန လုပ်ဆောင်တဲ့ သဘောသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ကျမတို့ ပြန်ပြီးတော့ စဉ်းစားရမှာက ကျမတို့တွေရဲ့ ထုံးတမ်းစဉ်လာထဲမှာ ဘယ်ဟာတွေကို ဆက်ပြီးတော့ ထိန်းသိမ်းထားသင့်တယ်။ ဘယ်ဟာတွေကို အသစ် ရယူသင့်တယ်ဆိုတာကိုတော့ ကျမတို့ ဒီလိုပွဲမျိုးမှာ ဆိုလို့ရှိရင် အားလုံးကနေ စဉ်းစားစေချင်ပါတယ်။ ဒီလို အားလုံး အများ ဆုံတဲ့ အချိန်အခါမှာ ကျမတို့ နိုင်ငံ၊ ကျမတိုရဲ့ ယဉ်ကျေးမှုဟာ ဘယ်လမ်းကို သွားနေတယ်ဆိုတာ အားလုံး ဝိုင်းပြီးတော့ စဉ်းစားမယ်ဆိုရင် ဒါလည်း တကယ့်ကို မင်္ဂလာရှိတဲ့ အလုပ်တခုပါပဲ”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

သူ့သဘောထားမှတ်ချက်ကို လေ့လာကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ဖွဲ့တွေ ယူတာကို သိပ်သဘောမကျသလို ဖြစ်နေပြီး သူ့ရဲ့ လက်ရုံးတဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်ရဲ့ သမီး မင်္ဂဆောင်တုန်းကတော့ နေပြည်တော်နဲ့ ပုသိမ်မှာ လုပ်ခဲ့တဲ့ ပွဲ ၂ ခု စလုံးမှာ လက်ဖွဲ့ လက်ခံတာမျိုး မရှိခဲ့တာနဲ့ ယှဉ်ကြည့်ရင် အခုပွဲက ပြောစရာ မလွတ်ဖြစ်ရပြန်တယ်။

လူထုက ရွေးကောက်တင်မြောက်ထားတဲ့ အာဏာရပါတီ အသိုင်းအဝိုင်းမှာ ပါတီခေါင်းဆောင်တယောက်က တနှစ်တကြိမ် သမီးနဲ့သားကို မင်္ဂလာဆောင်ပေးပြီး သမီးတုန်းကတော့ ယူတဲ့သူက ချမ်းသာတဲ့အတွက် သိပ်ပြောစရာ မရှိပေမယ့် သား အလှည့်မှာတော့ နိုင်ငံတော်အဆင့် ပြုလုပ်ပြီး ပန်းဖိုးတင် သိန်းထောင်ချီ အကုန်ခံတာမျိုးတွေ တွေ့ရတယ်လို့ ရန်ကုန်မြို့က သတင်းထောက် ဦးဖြိုးဝေဝင်းက ပြောပါတယ်။

“ဝတ်ထားတဲ့ စိန်တွေက မြန်မာနိုင်ငံ စိန်လောကရဲ့ ထိပ်တန်း Win&Sam က စပွန်ဆာ ပေးတယ်။ တိုင်ကွန်းတွေ၊ တနိုင်ငံလုံးက နိုင်ငံရေးသမားတွေ၊ ဝန်ကြီးချုပ်တွေ အားလုံးလာတက်တယ်။ ဒီမြင်ကွင်းတွေဟာ မြန်မာပြည်မှာ စိန်စီသောညအပြီး ဒုတိယအကြိမ် အာဏာရှိတဲ့သူတွေဘက်က ခမ်းခမ်းနားနား လုပ်တာလို့ မြင်တယ်။ တိုင်းပြည် ဆင်းရဲ မွဲတေလို့ ဗိုလ်ချုပ်ရုပ်ရှင်တောင် သိန်း ၈၃၀၀ နဲ့လောက်အောင် ရိုက်ပါ။ ပြည်သူတွေ ဟင်းတမျိုးတည်းနဲ့ စားပါဆိုတဲ့ နိုင်ငံမှာ ကိုယ့်မှာ မရှိဘဲ စပွန်ဆာယူပြီး ကြီးကြီးကျယ်ကျယ် ဆောင်ပေးတာက ထူးခြားမှုပဲ”လို့ သူက ပြောပါတယ်။

ဒီမင်္ဂလာပွဲကြောင့် တပ်မတော် အစိုးရလက်ထက်က “စိန်စီသောည” ဆိုပြီး နာမည်ကြီး မင်္ဂလာဆောင်တခုကို ပြန်အမှတ်ရစေပြီး ဆင်းရဲ တဲ့ တိုင်းပြည်တခုက ပြည်သူတွေဟာ အထွေထွေ ကျပ်တည်းနေချိန်မှာ ဒီလို ပွဲလမ်းသဘင်မျိုးကို ခေါင်းဆောင်တွေ အနေနဲ့ သတိထားသင့်တယ်လို့ ရန်ကုန်မြို့က တိုင်းဒေသကြီးအမတ်ဟောင်း ဒေါ်ညိုညိုသင်းက သုံးသပ်ပါတယ်။

မကြားသေးခင်က ကယားပြည်နယ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ခမ်းနားတာတွေ ပကာသ နတွေ မလုပ်ဖို့၊ ဝန်ကြီးအဖွဲ့တွေ လာရင်တောင် ငပိရည်၊ တို့စရာ ဟင်းတမျိုးဆိုရင် တော်ပြီ၊ ဟင်းတွေ အများကြီး မကျွေးနဲ့ တိုင်းပြည် ဘဏ္ဍာကို ချွေတာရမယ်လို့ ပြောခဲ့ပြီး မကြာခင် ဒီလိုပွဲမျိုးကို မြင်ရတော့ အံသြမိတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံရေးရာထူး လက်ရှိ ရှိနေသူ တယောက်အနေနဲ့ အခုလိုမျိုး ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စ တခုမှာ စီးပွားရေး ကုမ္ပဏီကြီးတွေက ပါဝင်ပတ် သက်ပြီးတော့ မင်္ဂလာပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပကြခြင်းဟာ ဥပဒေအရ ပြောရရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ပါ ငြိစွန်းကြောင်း၊ အဂတိလိုက်စားမှုဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို ပြန်ကြည့်ရင် နိုင်ငံရေးရာထူး လက်ရှိ ယူထားသူတွေက ကိုယ့်ရဲ့ အာဏာ ကိုယ့်ရဲ့ လုပ်ပိုင်ခွင့် အလွဲသုံးစားပြုပြီးတော့ ဒီလိုကိစ္စတွေ ဆောင်ရွက်ခြင်း ပါဝင်တဲ့အတွက် နိုင်ငံရေးသမားတယောက် အနေနဲ့ အရမ်းကို သတိထားသင့်ကြောင်း ဆိုပါတယ်။

ဒါပေမယ့် တပ်မတော် အစိုးရလက်ထက် မင်္ဂလာဆောင်ပွဲတွေနဲ့ နီးစပ်ခဲ့သူတဦးလည်း ဖြစ်ပြီး ယခု ဦးဝင်းထိန် မီသားစုနဲ့လည်း နီးစပ်သူ အမျိုးသား တဦးကတော့ အခုပွဲဟာ စိန်စီသောညနဲ့ နှိုင်းယှဉ်ပြောဆိုလို့ မရဘဲ ဒီပွဲမှာ ဆောင်ရွက်ခဲ့တာတွေဟာ တန်ရာတန်ကြေးနဲ့ ငှားရမ်းခဲ့တာတွေသာ ဖြစ်ပြီး ဟိုဘက်ခေတ်က မင်္ဂလာဆောင်တွေကတော့ အကုန် စပွန်ဆာ ရခဲ့တာလို့ ဆိုပါတယ်။

“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး မင်္ဂလာဆောင်တုန်းက ဦးတေဇက အာဖရိက ကနေ အကောင်းဆုံး စိန်တဆင်စာကို လက်ဖွဲ့တာ။ အခု ဒီမှာက အကုန်ငှားဝတ်ရတာ။ မယူဘူး။ ခင်မင်ရင်နှီးလို့ ဆင်ပေးမယ်။ ပိုက်ဆံမယူဘူးဆိုတာမျိုးတော့ ရှိနိုင်တယ်။ ဒါပေမယ့် လုံးဝ မယူဘူး။ မင်္ဂလာဆောင်ကို လာတဲ့ ချမ်းသာတဲ့ သူဌေးဆိုလို့လည်း ဦးအိုက်ထွန်းနဲ့ ဦးနေအောင်ပဲ တွေ့တယ်။ ကျန်တဲ့ ခရိုနီတွေ တယောက်မှ မရှိဘူး”လို့ အဲဒီပွဲကို တက်ရောက်ခဲ့သူ အမျိုးသားက ပြောပါတယ်။

ဒီမင်္ဂလာပွဲကို ကာယကံရှင်တွေကိုယ်တိုင်က ကြီးကျယ်ခမ်းနားစွာ မလုပ်ချင်လို့ နိုင်ငံရေး အသိုင်းအဝိုင်းက လူစုံအောင်တောင် မဖိတ်ဘဲ တချို့ဆိုရင် ဖိတ်စာမရပေမယ့် ဦးဝင်းထိန်ကို လေးစားတဲ့စိတ်နဲ့ လာကြတဲ့ နိုင်ငံရေးသမားတချို့လည်း ရှိသလို အစိုးရ အဖွဲ့ဝင်တွေ အားလုံးကိုတော့ ဖိတ်စာနဲ့ သေသေချာချာ ဖိတ်တယ်လို့ သိရပါတယ်။

ဒေါ်ညိုညိုသင်းကတော့ “ဖေ့ဘုတ်စ်မှာ ပြောနေကြသလို “ထိန်ရီသောည” ဆိုပြီး သမိုင်းမှတ်တမ်း တွင်သွားတာပေါ့။ နိုင်ငံရေးသမား ဆိုတာ ပြည်သူလူထုရဲ့ စောင့်ကြည့်မှုကို ခံနေရသူတွေ ဖြစ်တဲ့အတွက် ပြည်သူလူထုဘဝနဲ့ တသားတည်း ရှိနေဖို့ လိုတယ်။ ပြည်သူက အထွေထွ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရချိန်မှာ အခုလို ပကာသနတွေ လွှမ်းခြုံနေတဲ့ မင်္ဂလာပွဲကြီးတရပ်ဟာ တခြားသော ကိစ္စတွေလည်း မပါဘူးလို့ ပြောလို့မရဘူး”လို့ ဆိုပါတယ်။

(မိုးမိုး ပူးပေါင်းရေးသားသည်။)

No comments:

Post a Comment