Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 5, 2017

အတိုင်ပင်ခံပုဂ္ဂိုလ်အား မမြ၀င်းရောဂါရနေသည်ဆိုသော ဝေဖန်ချက် သည် ယနေ့နိုင်ငံရေးအနေထားကို ဆန္ဒစွဲဖြင့် ပြောကြားခြင်းသာဖြစ်သည် ဟု NLD ပြောရေးဆိုခွင့်ရှိသူ ပြောကြား


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား နာမည်ကြီး မြန်မာရှပ်ရှင် ဇာတ်ကားတစ်ကား ဖြစ်သည့် ဗိုလ်အောင်ဒင် ဇာတ်ကား ထဲမှ အဓိက ဇာတ်ဆောင်မင်းသမီး မမြ၀င်းနှင့်ခိုင်းနှိုင်းကာ မမြ၀င်း ရောဂါ ရနေသည် ဆိုသော ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကို၏ ဝေဖန်ပြောကြားချက်နှင့် ပတ်သတ်ပြီး NLD ဗဟိုပြန်ကြားရေး ကော်မတီ ၏ အတွင်းရေးမှူးဖြစ်သူ ဆရာမုံရွာအောင်ရှင်က ကိုကျော်ကျာ်ကို အနေဖြင့် ဘက်ပေါင်းစုံမှ မသုံးသပ်ပဲ ယနေ့ နိုင်ငံရေးအနေအထား ဆန္ဒစွဲဖြင့် ပြောကြာခြင်းသာ ဖြစ်ဟု The Ladies News သို့ ပြောကြား သည်။

ဗကသ ဥက္ကဋ္ဌဟောင်း ကိုကျော်ကိုကိုက `စစ်တပ်ကို ချော့မြူရေး သွားနေ ရင်တော့ လှေနံနှစ်ဖက် နင်းတာလို့ပဲ ကျွန်တော်က ပြောရလိမ့်မယ်။ မမြ၀င်းရောဂါကို ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုတယ်။ လှေနံနှစ်ဖက် နင်းနေရင်တော့ အဆင်မပြေဘူး` ဆိုသည့် စကားလုံးများဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို ဝေဖန် ပြောကြားခဲ့ကြောင်း The Nyang News က နိုဝင်ဘာ ၃ ရက် ရက်စွဲ ဖြင့် သတင်းဖော်ပြထားသည်။

ထိုဝေဖန်ချက်နှင့် ပတ်သတ်ပြီး NLD ဗဟိုပြန်ကြာရေးမှ ပြောရေး ဆိုခွင့်ရှိသူ ဆရာမုံရွာအောင်ရှင်က ကိုကျော်ကိုကို အနေဖြင့် ၄င်း၏ လွတ်လပ်စွာ ပြောဆိုပိုင်းခွင့်ကို ပြောဆိုခြင်းဖြစ်သည့်အတွက် မိမိအနေ ဖြင့် တာပိုင်းခွင့်မရှိကြောင်း သို့သော် ယနေ့ NLD ဖြတ်သန်းနေ ရသည့် နိုင်ငံရေးအခြေအနေသည့် ရိုးရိုးသာမန် အခြေအနေ မဟုတ်သည်ကို နိုင်ငံရေးသမားတိုင်း သိရှိကြောင်း၊ သည့်အတွက်ကြောင့် ကိုကျော်ကိုကို အနေဖြင့် ယနေ့ နိုင်ငံရေး အနေအထားကို ဆန္ဒစွဲကြီးပြီး ပြောဆိုခြင်းသာ ဖြစ်သည်ဟု ဆိုသည်။

`နံပါတ်တစ်ပြောချင်တာက ဒီစကားဟာ သူရဲ့ပြောပိုင်ခွင့်အရ ပြောတယ်။ ဒါကိုတော့ ကျွန်တော်က မတားချင်ဘူး၊ တားပိုင်းခွင့်လည်း မရှိဘူး။ ဒါသူ့ လွတ်လပ်ခွင့်ပဲ။ သို့သော်လည်းပဲ သူပြောချင်တဲ့ မမြ၀င်း ပုံစံမျိုးဖြစ်နေ တယ် ဆိုတာမျိုးကတော့ အဲဒါကတော့ သူလွဲနေတယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ မြန်မာပြည်ရဲ့ နိုင်ငံရေး အခြေ အနေ၊ ဒီနေ့ NLD ဖြတ်သန်းနေရတဲ့ အခြေအနေဟာ ရိုးရိုးသာမန် အခြေအနေမဟုတ် ဘူး ဆိုတာတော့ နိုင်ငံရေးသမားတိုင်း သိတဲ့ကိစ္စပါ။ NLD ဟာ ပြည်သူ လူထုကပေးတဲ့ တာဝန်ကို ၂၀၁၅ မှ ရယူတယ် ဆိုပေမယ်လို့ တကယ်ကို လွတ်လွတ်ကျွတ်ကျွှတ် ပြည်သူ့အစိုးရတစ်ရပ် အနေနဲ့ လုပ်နိုင်တဲ့ အနေ အထားရှိသလား၊ မရှိသလား ဆိုတာ သူစဉ်းစား ဖို့သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုအနေအထားနဲ့ သွားနေရ တယ် ဆိုတာကို သူသိပါလိမ့်မယ်။ ဒီလို လက်လွတ်စပါယ်ပြော တာပေါ့။ လက်လွတ်စပါယ် ပြောတယ်ဆိုတာ သူ့ကို အပြစ်တင်တယ် ဆိုတာထက် ကျွန်တော်ဒီလိုမြင်တယ်။ ဒီနေ့ နိုင်ငံရေးအနေအထားကို သူဆန္ဒစွဲကြီးပြီး ပြောတယ်လို့ မြင်တယ်` ဟု ဆရာမုံရွာအောင်ရှင်က ပြောကြားသည်။

နိုင်ငံရေး ပြသ၁နာတစ်ရပ်ကို လေ့လာသုံးသပ်မည်ဆိုပါက ဘက်ပေါင်းစုံကို လေ့လာပြီး သုံးသပ်ရန် လိုအပ်ကြောင်း နှင့် NLD ပါတီအနေဖြင့် ကိုကျော်ကိုကိုအပေါ် တစ်စုံတစ်ခု တုန့်ပြန် ဆောင်ရွက်ခြင်းမျိုးကိုလည်း ပြုလုပ်မှာ မဟုတ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

`သို့သော် သူပြောတဲ့ဟာ အပေါ်မှာတော့ တာဝန်ယူမှု တာဝန်ခံမှုတော့ သူဟာသူ ရှိရလိမ့်မယ်လေ။ အဲဒါပါပဲ ကျွန်တော်တို့ကတော့ သူ့အပေါ်မှာ ဘာမှတုန်ပြန်ဖို့ အကြောင်းမရှိပါဘူး´ ဟု ဆရာမုံရွာအောင်ရှင်က ပြောကြားသည်။

The Ladies News

No comments:

Post a Comment