Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, November 20, 2017

ေမတၱာရွင္(ေရႊျပည္သာ)ဆရာေတာ္ လူထြက္၍အိမ္ေထာင္ျပဳရျခင္းအေၾကာင္း



( ၾကာခဲ႔ပါၿပီ )ဇူလိုင္လ(၃၀)ရက္ေန႔ထုတ္ ျမန္မာပိုစ့္ဂ်ာနယ္မွာ
ဆရာေတာ္ အရွင္ဇဝန လူထြက္ျပီး အိမ္ေထာင္ျပဳျခင္း သတင္းဖတ္လိုက္ရတဲ႔ အခ်ိန္မွာ တစ္ခ်ိဳ႔ကရင္ကြဲ ပက္လက္ ျဖစ္ၾကသလို တစ္ခ်ိဳ႕ဘာသာျခားမ်ားက အေၾကာင္းစုံမသိေသးတဲ႔ ဗုဒၶဘာသာဝင္မ်ားအၾကည္ညိုတန္ အထင္လြဲေစရန္ မဟုတ္မမွန္သတင္းမ်ားျဖန္႔ၾကပါတယ္။

အေၾကာင္းမွာ ဆရာေတာ္၏ ေဟာေျပာမႈေၾကာင့္ ဘာသာျခားဘဝမွဗုဒၶဘာသာသို႔ ကူေျပာင္းသူအေရအတြက္မွာ ဘာသာျခားမ်ားအဖို႔ ထိတ္လန္႔ေလာက္ပင္ မ်ားျပားခဲ႔ေသာေၾကာင့္ ျဖစ္ေပသည္။ဆရာေတာ္ လူထြက္ရျခင္း ပထမအေၾကာင္းအရင္းဆရာေတာ္ဟာ က်ေနာ္တင္ခဲ႔ျပီးေသာ ပိုစ့္မွာေျပာခဲ႔သလို ငယ္စဥ္ထဲက အနစ္(၃၀)လုံးလုံး မေနမနားတရားေဟာခဲ့တဲ႔ဒဏ္ေၾကာင့္ တရားေဟာေနရင္းမွာပင္ လည္ေခ်ာင္းထဲမွ ေသြးစမ်ား ပါလာပါတယ္။စကၤာပူက ဆရာဝန္ၾကီးမွ(၆)လတန္သည္(၁)နစ္တန္သည္နားေနဖို႔ ညြန္ၾကားခဲ႔ေပမဲ႔ တစ္ရက္မွအနားမေနခဲ႔ပါဘူး။ေန႔ေရာ ညပါ တရားေဟာတဲ႔ဒဏ္ေတြေၾကာင့္ လည္ေခ်ာင္းေရာဂါ ျပန္ျဖစ္ျပီး ေသြးမ်ားစြာပါလာ၍ ေနာက္ဆုံးအသံအိုးပါ ထိသြားခဲ႔လို႔ တရားေဟာဖို႔ လုံးဝမျဖစ္နိုင္ေတာ့ပါဘူးလို႔ ဆရာဝန္ကမွတ္ခ်က္ခ်လိုက္ပါတယ္ ။

ဒီၾကားထဲ ေခ်ာ္လဲလို႔ ခါရုိးနာတဲ႔ဒဏ္ကိုလည္းခံလိုက္ရျပန္ပါတယ္ ။အဲဒီမွာ ေဆးေတြက ေနျခင္းညျခင္းသြင္းေနရတဲ႔အတြက္ ဝိနည္းေတာ္မညီမွာစိုးလို႔လူဝတ္လဲလိုက္ရပါေတာ့တယ္ ဒါကလူဝတ္လဲရျခင္းအေၾကာင္းပါ ။ဆရာေတာ္ လူထြက္ရျခင္း ဒုတိယအေၾကာင္းဆရာေတာ္ဟာ က်မ္းမာစဥ္အခ်ိန္ထဲက ေျပာဘူးတဲ႔စကားေလးရွိပါတယ္ ။ဆရာေတာ္ ေျပာတာက-“က်ဳပ္စာအုပ္ေတြကို ျမန္မာနိုင္ငံကလူေတြ ဖတ္ျပီးတစ္ခ်ိဳ႕ အျမင္မွန္ရသြားတယ္ တစ္ခ်ိဳ႕တရားလမ္းေၾကာင္းေပါ္ေရာက္လာတယ္ တစ္ခ်ိဳ႕လူမိုက္ကေနလူလိမၼာျဖစ္လာၾကတယ္ ။ေျပာရရင္ အမ်ားၾကီးပါဘဲဒီေတာ့ က်ဳပ္စာအုပ္ေတြကို ျမန္မာလူမ်ိဳးမ်ားနွင့္ တင္မတင္းတိမ္နိင္ဘူး ျဖစ္နိုင္ရင္ လူမ်ိဳးမေရြး ဘာသာမေရြးဖတ္ေစျခင္တယ္ အေနာက္နိုင္ငံသားေတြထိဖတ္ေစျခင္တယ္။ေနာက္ျပီး သီတဂူဆရာေတာ္ဘုရားၾကီးလို အဂၤလိပ္စာကို ကြ်မ္းကြ်မ္းက်င္က်င္တတ္ေျမာက္ျပီး လူမ်ိဳးျခားေတြကို ေဟာေပးျခင္တယ္က်ဳပ္စာအုပ္ေတြကို အဂၤလိပ္လိုေရးျပီး ဥေရာပတိုက္ကေန တစ္ကမၻာလုံးကိုျဖန္႔မယ္လို႔ စိတ္ကူးထားတယ္။

ဒါေၾကာင့္ က်ဳပ္အခု အဂၤလိပ္စာကို ေလ့လာေနတယ္လို႔ မိန္႔ခဲ႔ဖူးပါတယ္။ရွင္းေအာင္ေျပာရရင္လက္ရွိေအာင္ျမင္ေနတဲ႔ဘဝထက္ပိုျပီး လူသားတိုင္းအတြက္ အက်ိဳးရွိမဲ႔လမ္းကို ေရြးလိုက္တာပါဘဲ။လူေတြအျမင္မွာ ဆရာေတာ္ဟာ ျမင့္ျမတ္တဲ႔ဘဝကေန ယုတ္ညံ႔တဲ႔ဘဝကို ဆင္းသြားတယ္လို႔ ထင္စရာရွိေပမဲ႔ ဆရာေတာ္ဟာ သူအတြက္ထည့္မတြက္ဘဲလူသားအားလုံးအတြက္ အက်ိဳးရွိမွာကို ျမင္လို႔သာမန္ပုဂၢိဳလ္မ်ိဳးေတြ မလုပ္ဝံ့တဲ႔ အလုပ္မ်ိဳး ငါ့ဘာသာ ငါ့လူမ်ိဳး ငါ့သာသနာဆိုတဲ႔ အျမင္က်ဥ္းက်ဥ္းေလးကေနျပီး အားလုံးအတြက္ လူသားဝါဒကိုင္စြဲျပီး ေဆာင္ရြက္သြားတာဟာ ဒုတိယလူထြက္ရျခင္းအေၾကာင္းပါဘဲ ။အိမ္ေထာင္ျပဳရျခင္းအေၾကာင္းဆရာေတာ္ဟာ လူထြက္ျပီးေနာက္ပိုင္း လူေတြအေၾကာင္းေရးဖို႔ဆိုရင္ လူေတြအေၾကာင္းသိေအာင္လုပ္ရပါေတာ့မယ္ ။
ကမ႓ာတစ္ခြင္ကို လွည္လည္သြားလာရပါေတာ့မယ္ ။နိင္ငံျခားတိုင္းျပည္မွာ ေခ်တစ္ဘက္မသန္စြမ္းတဲ႔ လူတစ္ေယာက္ နစ္ရွည္လမ်ားသြားလားမယ့္ဒုကၡကလည္း မေသးလွပါဘူး။ လူဘဝကိုျပန္ေရာက္လာတဲ႔ ဦးဇဝန တစ္ျဖစ္လဲ ဦးစိုးျမင့္အတြက္ ေနတာ ထိုင္တာ စားတာ ေသာက္တာကအစ သူေဘးကေန ကူညီေပးမဲ႔သူ မရွိမျဖစ္လိုအပ္လာပါတယ္။ေနာက္ျပီး ဂ်ာမနီနိင္ငံမွာ နစ္ရွည္လမ်ား ေနထိုင္ရင္းစာေပအလုပ္လုပ္မယ့္ လူတစ္ေယာက္အတြက္အလည္အပတ္ ဗီဇာေလာက္နဲ႔ ေနလို႔မရပါဘူး။ဒီေတာ့ ဂ်ာမနီမွာ အျမဲေနထိုင္ခြင့္ရဖို႔ အေရးတၾကီးလိုအပ္လာပါတယ္။

အဲ႔ဒီအခ်ိန္မွာ ဂ်ာမနီနိင္ငံမွာေနတဲ႔ အမ်ိဳးသမီးတစ္ေယာက္က ပါရမီျဖည့္ေပးမယ္ဆိုေတာ့ လူဝတ္လဲျပီးျဖစ္တဲ႔ ဦးစိုးျမင့္အတြက္ေရြးခ်ယ္စရာလမ္းမရွိေတာ့ပါဘူး။ ဒီတစ္လမ္းဘဲရွိပါေတာ့တယ္။အဲ႔ဒီအမ်ိဳးသမီးက ဦးစိုးျမင့္ကို စာေပအလုပ္ေတြ ေအးေအးခ်မ္းခ်မ္း လုပ္ကိုင္နိင္ဖို႔အတြက္ ပါရမီျဖည့္ဖို႔တာဝန္ယူလိုက္ပါတယ္ ။အဲဒီေနာက္ တိုင္ပင္စရာရွိတာေတြတိုင္ပင္ျပီး စီစဥ္စရာရွိတာေတြ စီစဥ္ေနခ်ိန္မွာဘဲ အတိုက္ခိုက္မ်ိဳးစုံ ခံရေတာ့တာပါဘဲ။ဦးစိုးျမင့္ဟာ အတိုက္အခိုက္ေတြကို အရုိးသားဆုံးေျဖရွင္သြားခဲ႔ပါတယ္။ဦးစိုးျမင့္ဟာ ရဟန္းဘဝကလည္းပါရဇိက မက်ခဲ႔သလိုလူဘဝမွာလဲ ရဟန္းဘဝကတပည့္ဒကာေတြ လွဴ ဒါန္းထားတဲ႔ေငြေတြ ဆရာေတာ္ရဲ႕စာအုပ္ကရတဲ႔ အျမတ္အစြန္းေငြအားလုံးကိုပရဟိတ လုပ္ငန္းေတြမွာ သုံးစြဲဖို အစစအရာရာစီစဥ္ခဲ႔ပါတယ္ ။အဲဒါဟာ ဦးစိုးျမင့္ လူထြက္ရတဲ႔အေၾကာင္းအရင္းပါဘဲ ။ဦးစိုးျမင့္ လက္ထက္လိုက္တဲ႔ အမ်ိဳးသမီးအေၾကာင္းစဥ္းစားၾကည့္ရေအာင္ အဲ႔ဒီအမ်ိဳးသမီးဟာ လက္ရွိေနထိုင္တဲ႔ ဂ်ာမနီနိင္ငံမွာ ကြန္ျပဴတာသင္တန္းေတြေပးေနတဲ႔ ေခတ္ပညာတတ္ ဗုဒၶဘာသာအမ်ိဳးသမီးပါ။မနုးမနပ္အရြယ္လဲ မဟုတ္ပါဘူး။ဒီလိုအမ်ိဳးသမီးတစ္ေယာက္ဟာ တစ္ျပားမွပါမလာတဲ႔ မသန္စြမ္းသူတစ္ေယာက္ကို ေတာ္ယုံတန္ယုံ ၾကည္ညိဳစိတ္နဲ႔ေတာ့ လက္ထပ္မွာ မဟုတ္ပါဘူး ။သူမဟာ ဦးစိုးျမင့္ကို ရဟန္းဘဝထဲက ၾကည္ညိဳတဲ႔သူပါ။ေရွ႕မွာေျပာခဲ႔တဲ႔ ဦးစိုးျမင့္ရဲ႔ စာေပရည္ရြယ္ခ်က္ကို ပါရမီျဖည့္လိုတဲ႔စိတ္ ေနာက္ပီး ကမ႓ာသုံးဘာသာနဲ႔ေရးသားမဲ႔စာေတြဟာ သူေနထိုင္တဲ႔ဂ်ာမနီလူမ်ိဳးေတြ အေနာက္နိင္ငံသားေတြ လူေတြအမ်ားၾကီးအတြက္ အက်ိဳးရွိမယ္ဆိုတာကို ေကာင္းေကာင္းသိတဲ႔အတြက္ ဘက္ေပါင္းစုံက စဥ္းစားျပီးလပ္ထပ္လိုက္တာဘဲ။ေနာက္ထပ္အေၾကာင္းက တစ္ကယ္လို႔ ဦးစိုးျမင့္ဟာ သူရည္ရြယ္ခ်က္အတိုင္း ေအာင္ျမင္သည္ျဖစ္ေစ။

 မေအာင္ျမင္သည္ျဖစ္ေစ က်မ္းမာေရးေကာင္းလာျပီး သကၤန္းျပန္ဝတ္ဖို႔ ဆႏၵရွိမယ္ဆိုရင္ အခ်ိန္မေရြးျပန္ဝတ္ဖို႔ ခုကတည္းက ခြင့္ျပဳပီးသားပါ ။ဒီေလာက္ဆိုရင္ သူတို႔နစ္ေယာက္ရဲ႕ ရည္ရြယ္ခ်က္နဲ႔ေစတနာကို ခန္႔မွန္းနိင္ၾကမယ္လို႔ထင္ပါတယ္။
သူတို႔နစ္ေယာက္ရဲ႕ဆုံဆည္းပုံကိုေတာ့ စာရွည္မည္စိုး၍ မေရးေတာ့ပါဘူး။ဒါေၾကာင့္ ေမတၲာရွင္(ေရႊျပည္သာ ) တျဖစ္လည္း ဦးစိုးျမင့္အား အထင္မွား မျပစ္မွားမိေစရန္ ရည္ရြယ္၍ ေရးသားတင္ျပလိုက္ပါတယ္
..................................................................











မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော် လူထွက်၍အိမ်ထောင်ပြုရခြင်းအကြောင်း ( ကြာခဲ့ပါပြီ )ဇူလိုင်လ(၃၀)ရက်နေ့ထုတ် မြန်မာပိုစ့်ဂျာနယ်မှာ
ဆရာတော် အရှင်ဇဝန လူထွက်ပြီး အိမ်ထောင်ပြုခြင်း သတင်းဖတ်လိုက်ရတဲ့ အချိန်မှာ တစ်ချို့ကရင်ကွဲ ပက်လက် ဖြစ်ကြသလို တစ်ချို့ဘာသာခြားများက အကြောင်းစုံမသိသေးတဲ့ ဗုဒ္ဓဘာသာဝင်များအကြည်ညိုတန် အထင်လွဲစေရန် မဟုတ်မမှန်သတင်းများဖြန့်ကြပါတယ်။အကြောင်းမှာ ဆရာတော်၏ ဟောပြောမှုကြောင့် ဘာသာခြားဘဝမှဗုဒ္ဓဘာသာသို့ ကူပြောင်းသူအရေအတွက်မှာ ဘာသာခြားများအဖို့ ထိတ်လန့်လောက်ပင် များပြားခဲ့သောကြောင့် ဖြစ်ပေသည်။ဆရာတော် လူထွက်ရခြင်း ပထမအကြောင်းအရင်းဆရာတော်ဟာ ကျနော်တင်ခဲ့ပြီးသော ပိုစ့်မှာပြောခဲ့သလို ငယ်စဉ်ထဲက အနစ်(၃၀)လုံးလုံး မနေမနားတရားဟောခဲ့တဲ့ဒဏ်ကြောင့် တရားဟောနေရင်းမှာပင် လည်ချောင်းထဲမှ သွေးစများ ပါလာပါတယ်။စင်္ကာပူက ဆရာဝန်ကြီးမှ(၆)လတန်သည်(၁)နစ်တန်သည်နားနေဖို့ ညွန်ကြားခဲ့ပေမဲ့ တစ်ရက်မှအနားမနေခဲ့ပါဘူး။နေ့ရော ညပါ တရားဟောတဲ့ဒဏ်တွေကြောင့် လည်ချောင်းရောဂါ ပြန်ဖြစ်ပြီး သွေးများစွာပါလာ၍ နောက်ဆုံးအသံအိုးပါ ထိသွားခဲ့လို့ တရားဟောဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူးလို့ ဆရာဝန်ကမှတ်ချက်ချလိုက်ပါတယ် ။ဒီကြားထဲ ချော်လဲလို့ ခါရိုးနာတဲ့ဒဏ်ကိုလည်းခံလိုက်ရပြန်ပါတယ် ။အဲဒီမှာ ဆေးတွေက နေခြင်းညခြင်းသွင်းနေရတဲ့အတွက် ဝိနည်းတော်မညီမှာစိုးလို့လူဝတ်လဲလိုက်ရပါတော့တယ် ဒါကလူဝတ်လဲရခြင်းအကြောင်းပါ ။ဆရာတော် လူထွက်ရခြင်း ဒုတိယအကြောင်းဆရာတော်ဟာ ကျမ်းမာစဉ်အချိန်ထဲက ပြောဘူးတဲ့စကားလေးရှိပါတယ် ။ဆရာတော် ပြောတာက-“ကျုပ်စာအုပ်တွေကို မြန်မာနိုင်ငံကလူတွေ ဖတ်ပြီးတစ်ချို့ အမြင်မှန်ရသွားတယ် တစ်ချို့တရားလမ်းကြောင်းပေါ်ရောက်လာတယ် တစ်ချို့လူမိုက်ကနေလူလိမ္မာဖြစ်လာကြတယ် ။ပြောရရင် အများကြီးပါဘဲဒီတော့ ကျုပ်စာအုပ်တွေကို မြန်မာလူမျိုးများနှင့် တင်မတင်းတိမ်နိင်ဘူး ဖြစ်နိုင်ရင် လူမျိုးမရွေး ဘာသာမရွေးဖတ်စေခြင်တယ် အနောက်နိုင်ငံသားတွေထိ
ဖတ်စေခြင်တယ်။နောက်ပြီး သီတဂူဆရာတော်ဘုရားကြီးလို အင်္ဂလိပ်စာကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ပြီး လူမျိုးခြားတွေကို ဟောပေးခြင်တယ်
ကျုပ်စာအုပ်တွေကို အင်္ဂလိပ်လိုရေးပြီး ဥရောပတိုက်ကနေ တစ်ကမ္ဘာလုံးကိုဖြန့်မယ်လို့ စိတ်ကူးထားတယ်။ဒါကြောင့် ကျုပ်အခု အင်္ဂလိပ်စာကို လေ့လာ
နေတယ်လို့ မိန့်ခဲ့ဖူးပါတယ်။ရှင်းအောင်ပြောရရင်လက်ရှိအောင်မြင်နေတဲ့ဘဝထက်ပိုပြီး လူသားတိုင်းအတွက် အကျိုးရှိမဲ့လမ်းကို ရွေးလိုက်တာပါဘဲ။လူတွေအမြင်မှာ ဆရာတော်ဟာ မြင့်မြတ်တဲ့ဘဝကနေ ယုတ်ညံ့တဲ့ဘဝကို ဆင်းသွားတယ်လို့ ထင်စရာရှိပေမဲ့ ဆရာတော်ဟာ သူအတွက်ထည့်မတွက်ဘဲလူသားအားလုံးအတွက် အကျိုးရှိမှာကို မြင်လို့သာမန်ပုဂ္ဂိုလ်မျိုးတွေ မလုပ်ဝံ့တဲ့ အလုပ်မျိုး ငါ့ဘာသာ ငါ့လူမျိုး ငါ့သာသနာဆိုတဲ့ အမြင်ကျဉ်းကျဉ်းလေးကနေပြီး အားလုံးအတွက် လူသားဝါဒကိုင်စွဲပြီး ဆောင်ရွက်သွားတာဟာ ဒုတိယလူထွက်ရခြင်းအကြောင်းပါဘဲ ။အိမ်ထောင်ပြုရခြင်းအကြောင်းဆရာတော်ဟာ လူထွက်ပြီးနောက်ပိုင်း လူတွေ
အကြောင်းရေးဖို့ဆိုရင် လူတွေအကြောင်းသိအောင်လုပ်ရပါတော့မယ် ။ကမ႓ာတစ်ခွင်ကို လှည်လည်သွားလာရပါတော့မယ် ။နိင်ငံခြားတိုင်းပြည်မှာ ချေတစ်
ဘက်မသန်စွမ်းတဲ့ လူတစ်ယောက် နစ်ရှည်လများသွားလားမယ့်ဒုက္ခကလည်း မသေးလှပါဘူး။ လူဘဝကိုပြန်ရောက်လာတဲ့ ဦးဇဝန တစ်ဖြစ်လဲ ဦးစိုးမြင့်
အတွက် နေတာ ထိုင်တာ စားတာ သောက်တာကအစ သူဘေးကနေ ကူညီပေးမဲ့သူ မရှိမဖြစ်လိုအပ်လာပါတယ်။နောက်ပြီး ဂျာမနီနိင်ငံမှာ နစ်ရှည်လများ နေထိုင်ရင်းစာပေအလုပ်လုပ်မယ့် လူတစ်ယောက်အတွက်အလည်အပတ် ဗီဇာလောက်နဲ့ နေလို့မရပါဘူး။ဒီတော့ ဂျာမနီမှာ အမြဲနေထိုင်ခွင့်ရဖို့ အရေးတကြီးလိုအပ်လာပါတယ်။အဲ့ဒီအချိန်မှာ ဂျာမနီနိင်ငံမှာနေတဲ့ အမျိုးသမီးတစ်ယောက်က ပါရမီဖြည့်ပေးမယ်ဆိုတော့ လူဝတ်လဲပြီးဖြစ်တဲ့ ဦးစိုးမြင့်အတွက်ရွေးချယ်စရာလမ်းမရှိတော့ပါဘူး။ ဒီတစ်လမ်းဘဲရှိပါတော့တယ်။အဲ့ဒီအမျိုးသမီးက ဦးစိုးမြင့်ကို စာပေအလုပ်တွေ အေးအေးချမ်းချမ်း လုပ်ကိုင်နိင်ဖို့အတွက် ပါရမီဖြည့်ဖို့တာဝန်ယူလိုက်ပါတယ် ။အဲဒီနောက် တိုင်ပင်စရာရှိတာတွေတိုင်ပင်ပြီး စီစဉ်စရာရှိတာတွေ စီစဉ်နေချိန်မှာဘဲ အတိုက်ခိုက်မျိုးစုံ ခံရတော့တာပါဘဲ။ဦးစိုးမြင့်ဟာ အတိုက်အခိုက်တွေကို အရိုးသားဆုံးဖြေရှင်သွားခဲ့ပါတယ်။ဦးစိုးမြင့်ဟာ ရဟန်းဘဝကလည်းပါရဇိက မကျခဲ့သလိုလူဘဝမှာလဲ ရဟန်းဘဝကတပည့်ဒကာတွေ လှူ ဒါန်းထားတဲ့ငွေတွေ ဆရာတော်ရဲ့စာအုပ်ကရတဲ့ အမြတ်အစွန်းငွေအားလုံးကိုပရဟိတ လုပ်ငန်းတွေမှာ သုံးစွဲဖို အစစအရာရာစီစဉ်ခဲ့ပါတယ် ။အဲဒါဟာ ဦးစိုးမြင့် လူထွက်ရတဲ့အကြောင်းအရင်းပါဘဲ ။ဦးစိုးမြင့် လက်ထက်လိုက်တဲ့ အမျိုးသမီးအကြောင်းစဉ်းစားကြည့်ရအောင် အဲ့ဒီအမျိုးသမီးဟာ လက်ရှိနေထိုင်တဲ့ ဂျာမနီနိင်ငံမှာ ကွန်ပြူတာသင်တန်းတွေပေးနေတဲ့ ခေတ်ပညာတတ် ဗုဒ္ဓဘာသာအမျိုးသမီးပါ။မနုးမနပ်အရွယ်လဲ မဟုတ်ပါဘူး။ဒီလိုအမျိုးသမီးတစ်ယောက်ဟာ တစ်ပြားမှပါမလာတဲ့ မသန်စွမ်းသူတစ်ယောက်ကို တော်ယုံတန်ယုံ ကြည်ညိုစိတ်နဲ့တော့ လက်ထပ်မှာ မဟုတ်ပါဘူး ။သူမဟာ ဦးစိုးမြင့်ကို ရဟန်းဘဝထဲက ကြည်ညိုတဲ့သူပါ။ရှေ့မှာပြောခဲ့တဲ့ ဦးစိုးမြင့်ရဲ့ စာပေရည်ရွယ်ချက်ကို ပါရမီဖြည့်လိုတဲ့စိတ် နောက်ပီး ကမ႓ာသုံးဘာသာနဲ့ရေးသားမဲ့စာတွေဟာ သူနေထိုင်တဲ့ဂျာမနီလူမျိုးတွေ အနောက်နိင်ငံသားတွေ လူတွေအများကြီးအတွက် အကျိုးရှိမယ်ဆိုတာကို ကောင်းကောင်းသိတဲ့အတွက် ဘက်ပေါင်းစုံက စဉ်းစားပြီးလပ်ထပ်လိုက်တာဘဲ။နောက်ထပ်အကြောင်းက တစ်ကယ်လို့ ဦးစိုးမြင့်ဟာ သူရည်ရွယ်ချက်အတိုင်း အောင်မြင်သည်ဖြစ်စေ။ မအောင်မြင်သည်ဖြစ်စေ ကျမ်းမာရေးကောင်းလာပြီး သင်္ကန်းပြန်ဝတ်ဖို့ ဆန္ဒရှိမယ်ဆိုရင် အချိန်မရွေးပြန်ဝတ်ဖို့ ခုကတည်းက ခွင့်ပြုပီးသားပါ ။ဒီလောက်ဆိုရင် သူတို့နစ်ယောက်ရဲ့ ရည်ရွယ်ချက်နဲ့စေတနာကို ခန့်မှန်းနိင်ကြမယ်လို့ထင်ပါတယ်။သူတို့နစ်ယောက်ရဲ့ဆုံဆည်းပုံကိုတော့ စာရှည်မည်စိုး၍ မရေးတော့ပါဘူး။ဒါကြောင့် မေတ္တာရှင်(ရွှေပြည်သာ ) တဖြစ်လည်း ဦးစိုးမြင့်အား အထင်မှား မပြစ်မှားမိစေရန် ရည်ရွယ်၍ ရေးသားတင်ပြလိုက်ပါတယ်

No comments:

Post a Comment