Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 20, 2017

အောင်​ဆန်းစုကြည်​ ​ကောက်​​ကြောင်း

တိုင်းပြည်အတွက် အစွမ်းကုန် ရှိသမျှ ဥာဏ်အား၊ခွန်အားတွေနဲ့ သူမဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ပေးဆပ်နေတဲ့လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်တိုက်ခိုက်တဲ့ ဒီစာတွေကိုလုံးဝ(လုံးဝ)သဘောမတူပါ။ ဒါပေမယ့်ဒီလိုစွန့်လွှတ်ခဲ့သူတွေတောင်ဒီလိုမျိုး ပုတ်ခတ်ပြောဆိုခြင်းခံရပါလားဆိုတဲ့အသိအမြင်ရဖို့၊ဒေါ်အောင်ဆန်းစုကြည်ဖြတ်သန်းမှုဟာ  စစ်အုပ်စုတင်မက၊ ဒီလိုတော မရောက်တောင်မရောက်တွေရဲ့ အတိုက်အခိုက်ကတွေကို လည်း ကြံ့ကြံ့ခံရင်း ဘယ်လိုဖြတ် သန်းခဲ့ရသလဲ၊ဒေါ်အောင်ဆန်းစုကြည်ကြုံခဲ့ရတဲ့လောကဓံကို မမေ့မလျော့ဖို့ မှတ်တမ်းအနေနဲ့ တင်ပါတယ်။
..................................................................
အောင်​ဆန်းစုကြည်​ ​ကောက်​​ကြောင်း

ရှစ်​​လေးလုံးလူထုအုံကြွမှုကြီးရဲ့ အထွဋ်​အထိပ်​ကာလမှာ မိုး​ပေါ်က ကျလာသလို သူမ ​ပေါ်လာခဲ့တယ်​။ ဦးနုရဲ့ စင်​ပြိုင်​အစိုးရကို သူမက မ​ထောက်​ခံသလို ကြားဖြတ်​အစိုးရ ဖွဲ့စည်း​​​ရေးကိုလည်း ဖျက်​ခဲ့တယ်​။

ဗိုလ်​​အောင်​ကြီး၊ ဗိုလ်​​အောင်​​ရွှေ၊ ​ဗိုလ်​လွင်​၊ ဗိုလ်​တင်​ဦး စတဲ့ စစ်​ဗိုလ်​ဟောင်း​တွေ၊ မဆလပြုတ်​​တွေနဲ့ ဒီချုပ်​ကို စဖွဲ့တယ်​။

နိုင်​ငံ​ရေး​ရေချိန်​တက်​​နေတဲ့လူထုကြီးကို ​ရွေး​ကောက်​ပွဲလမ်း​ကြောင်းဆီ ပထမအကြိမ်​ ဆွဲ​ခေါ်​သွားပြီး လူထု​တော်​လှန်​​ရေးကို ဇက်​ခွံ့ခဲ့တယ်​။ အဲ့ဒီ​နောက်​ နှစ်​​ပေါင်း ၃၀ ကြာ​အောင် မ​​ရေရာတဲ့ ​တွေ့ဆုံ​ဆွေး​နွေး​ရေးလမ်း​ကြောင်း​ပေါ်ကို တင်​ပြီး လူထုနိုင်​ငံ​ရေးကို သား​ကြောဖြတ်​ သင်းကွပ်​လိုက်​တယ်​။

အ​ထွေ​ထွေ ကြပ်​တည်းမှု​ကြောင့်​ ၂၀၀၇ ​ရွှေဝါ​ရောင်​ နဲ့ ၂၀၀၈ နာဂစ်​​ ​ခြေဥဆန့်​ကျင်​​ရေး​တွေ ​ပေါ်လာတဲ့အခါ ဒီချုပ်​ပါတီဟာ လူထုနဲ့ ပူးပေါင်းခြင်းမရှိခဲ့ရုံမက အဲ့တုန်းက ​ပြောခွင့်​ရပုဂ္ဂိုလ်​ ဦးလွင်​ဆိုရင်​ ​ရေဒီယိုအင်​တာဗျူးကတဆင့်​ ဆန္ဒပြသူ​တွေကို အပြစ်​တင်​​ဝေဖန်​ခဲ့ပါတယ်​။

အောင်​ဆန်းစုကြည်​ဟာ အကျယ်​ချုပ်​ကာလအတွင်း ဗိုလ်​သန်း​ရွှေ၊ ဗိုလ်​ခင်​ညွန့်​တို့နဲ့ ​တွေ့ဆုံတာ​တွေရှိ​ပေမယ့်​ ဘာ​တွေ​ဆွေး​နွေးကြသလဲဆိုတာ ပြည်​သူကို ​ပြောမပြဘဲ လျို့ဝှက်​ထားပါတယ်​။ အကျယ်​ချုပ်​က လွတ်​​မြောက်​ပြီး​နောက်​ပိုင်း သမ္မတသိန်းစိန်​နဲ့ ​တွေ့ဆုံရာမှာလည်း အလားတူ လျှို့ဝှက်​ထားခဲ့ ပြန်​ပါတယ်​။

သူမ အကျယ်​ချုပ်​က လွတ်​​မြောက်​လာစအချိန်​၊ အာရပ်​ကမ္ဘာမှာ အာရပ်​​နွေဦး​တော်​လှန်​​ရေး​ကြောင့်​ အာဏာရှင်​​တွေအ​ရေးမလှ​နေချိန်​၊ မြန်​မာပြည်​မှာလည်း ​ရွှေဝါ​ရောင်​​တော်​လှန်​​ရေးနဲ့ နာဂစ်​​ကြောင့်​ ပြည်​သူ​တွေ နိုင်​ငံ​ရေး​ရေချိန်​ မြင့်​တက်​​နေချိန်​မှာ ​အောင်​ဆန်းစုကြည်​က မြန်​မာပြည်​မှာ ဘားမားစပရင်း​ (​ခေါ်) ဗမာ့​နွေဦး မလိုအပ်​ဘူးဆိုပြီး နိုင်​ငံ​ရေးအရ အညွန့်​ချိုး သင်းကွပ်​လိုက်​ပြန်​ပါတယ်​။

အဲ့ဒီ​နောက်​ ပါတီကို မှတ်​ပုံတင်​ပြီး ၂၀၁၂ ကြားဖြတ်​​ရွေး​ကောက်​ပွဲဝငြ်​ခင်းအားဖြင့်​ လူထုကို ​ရွေး​ကောက်​ပွဲလမ်း​ကြောင်းဆီ ဒုတိယအကြိမ်​ ဆွဲ​ခေါ်သွားပြန်​ပါတယ်​။ ဒီလုပ်​ရပ်​ဟာ စစ်​အုပ်​စုက အ​ကောင်​အထည်​​ဖော်​​နေတဲ့ လမ်းပြ​မြေပုံ ၇ ချက်​ကို ပီပြင်​​အောင်​ ဝင်​​ရောက်​အားဖြည့်​တာ ဖြစ်​သလို စစ်​အုပ်​စု စိတ်​တိုင်းကျ​ရေးဆွဲထားတဲ့ ၂၀၀၈ ​ခြေဥကို သိဒ္ဓိတင်​​ပေးတာလည်း ဖြစ်​ပါတယ်​။

သူမရဲ့ ကြားဖြတ်​​ရွေး​ကောက်​ပွဲ​ကြေညာချက်​မှာ ​ခြေဥပြင်​ဆင်​​ရေးဟာ အဓိကအချက်တခုအ​နေနဲ့ ​ပါခဲ့​ပေမယ့်​ သုံးနှစ်​တိတိ အတိုက်​အခံဘဝမှာ ​ခြေဥကို ပြင်​ဆင်​နိုင်​ခဲ့ခြင်းမရှိပါဘူး။ သူမရဲ့ မိတ်​ဖက်​ သူရ​ရွှေမန်းက ​နောက်​အစိုးရလက်​ထက်​မှပဲ ​ခြေဥပြင်​နိုင်​​တော့မယ်​လို့ ​ကြေညာတဲ့အခါ ​အောင်​ဆန်းစုကြည်​က သူရ​ရွှေမန်းရဲ့ ​ပြောကြားချက်​ဟာ အချိန်​အခါအရ မှန်​တယ်​လို့​တောင်​ ​ထောက်​ခံ​ပြော​ကြားလိုက်​ပါ​သေးတယ်​။

၂၀၁၅ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲကြီးက​တော့ ​အောင်​ဆန်းစုကြည်​က​နေ လူထုကို တတိယအကြိမ်​​မြောက်​ ​ရွေး​ကောက်​ပွဲဆီ ဆွဲ​ခေါ်သွားတာပဲ ဖြစ်​ပါတယ်​။ သူမရဲ့ ​ရွေး​ကောက်​ပွဲ ​ကြွေး​ကြော်​သံက ​ပြောင်းလဲချိန်​တန်​ပြီ ပဲ ဖြစ်​ပါတယ်​။

အခု ​ရွေး​ကောက်​ပွဲပြီးတာ ၂ နှစ်​​ကျော်​ ကြာပါပြီ။ ​ပြောင်းလဲခြင်းအရိပ်​အ​ယောင်​ကို ပြည်​သူ​တွေ အရိပ်​အ​ခြေ​တောင်​ မမြင်​ရ​သေးပါဘူး။ တိုင်းရင်းသားပြည်​သူအ​ပေါင်းလည်း စစ်​ဖိနပ်​​အောက်​မှာ အနင်းခံ​နေရဆဲ၊ စစ်​ဗိုလ်​ချုပ်​​တွေနဲ့ ခရိုနီ​တွေလည်း ပန်းပန်​​နေဆဲ။

ခြေဥလည်း မပြင်​နိုင်​၊ တရားဥပ​ဒေလည်း မစိုးမိုး၊ ပြည်​တွင်းငြိမ်းချမ်း​ရေးကလည်း အလှမ်း​ဝေး၊ လူ့အခွင့်​အ​ရေးချိုး​ဖောက်​ခံရမှု​တွေကိုလည်း မကာကွယ်​နိုင်​၊ စီးပွား​ရေးဦး​မော့​အောင်​လည်း မကြိုးစား၊ ဒီမိုက​ရေစီလည်း မ​ဖော်​​ဆောင်​နိုင်​ဘဲ အ​ခြေအ​နေ​တွေက တ​နေ့ထက်​တ​နေ့ ပျက်​ယွင်းလို့သာ လာပါတယ်​။

ဒါ​ပေမယ့်​ ​အောင်​ဆန်းစုကြည်​က​​တော့ ခရိုနီများ၊ စစ်​ဗိုလ်​ချုပ်​များခြံရံပြီး ဗိုလ်​ခင်​ညွန့်​တန်​ခိုးထွားစဉ်​ထက်​က​တောင်​ ပိုကဲတဲ့ အ​ဆောင်​အ​ယောင်​​တွေကို ခံစားရင်းနဲ့​ ပြည်​သူ​တွေရဲ့ ဒုက္ခဆင်းရဲကို မျက်​ကွယ်​ပြုပြီး စစ်​အုပ်​စုနဲ့ခရိုနီ​တွေရဲ့ အကျိုးစီးပွားကို အားကြိုးမာန်​တက်​ ကာကွယ်​လျက်​ပါ။

အရင်​က​တော့ တိုင်းပြည်​ကို ဖျက်​ဆီးခဲ့တာဟာ စစ်​အုပ်​စုနဲ့ခရိုနီ​တွေလို့ ​ပြောခဲ့ရ​ပေမယ့်​ အခုအချိန်​ကစပြီး ​ဒေါ်စုနဲ့ဒီချုပ်​ကိုပါ တိုင်းပြည်​ဖျက်​ဆီးသူများ စာရင်းမှာ ထည့်​သွင်းရ​တော့မှာ ဖြစ်​ပါတယ်​။
Aung Naing Moe
https://www.facebook.com/aung.naingmoe.58/posts/10155887209519723

No comments:

Post a Comment