Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 9, 2017

အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊ ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ပါဘဲ


ဒီမှာ ကျမပြောချင်တာက အရိုက်ခံလိုက်ရတဲ့လူတွေက ကျမတို့ပါ ၊ ဒါပေမယ့် အဖျက်သမားတွေဆိုပြီး ထောင်ချခံရတာလည်း ကျမတို့ပါဘဲ ။
အဲဒီတော့ ကျမတို့ စဉ်းစားမရတာက
ထောင်ကျတာနဲ့ ထိုက်တန်အောင် ( ထောင်ချခံရလောက်အောင် ) ကျမတို့ ဘာများလုပ်ခဲ့မိလို့လဲ ။
လက်ညိုးလေးနဲ့ ရွယ်တာမျိုးတောင် မလုပ်မိပါဘူး ။
ဒါပေမယ့် အဲဒါအတွက်ကြောင့်ဘဲ ကျမကို နောက်ထပ် ( ၆ ) နှစ် အကျယ်ချုပ်ချလိုက်ပြန်တယ် ။
အဲဒါကို နောက်ထပ် တစ်နှစ်ထပ်တိုးတော့ ( ၇ ) နှစ်ဖြစ်သွားခဲ့တယ် ။
ဘာကြောင့်လဲဆိုတော့ ကြားထဲမှာ ကျမအိမ်ကို ရေကူးပြီး ၀င်လာတဲ့ အမေရိကန်တစ်ယောက်ရဲ့ အမှုကလည်း ရှိသေးတယ်လေ ။
ရှင်တို့ဆီက နှုတ်ခွန်းဆက်သမှုတွေကိုလည်း သူက အသေအချာ ယူလာပေးပါရဲ့ ( ရယ်သံများ ) ။ ဒီလိုနဲ့ ကျမလည်း ( ၇ ) နှစ် နေလိုက်ရတယ်ဆိုပါတော့ ။
အဲဒီထပ်တိုးတဲ့ နောက်ဆုံးတစ်နှစ်ခွဲကတော့ ဧည့်သည် ( အမေရိကန် ) ရောက်လာတာကို ရဲကို အကြောင်းမကြားလို့ဆိုပြီး တိုးလိုက်တာပါ ။
ကျမကလည်း တကယ်ဘဲ ရဲကို မအပ်လိုက်ပါဘူး ၊ ဘာကြောင့်လည်းဆိုတော့ အပ်လိုက်ရင် တရားမျှမျှတတလုပ်ကြမယ် မထင်လို့ပါ ။
ကျမတို့ကိုယ်တိုင်လည်း အာဏာပိုင်တွေဆီက တခါမှ တရားမျှတမှု မရခဲ့ဖူးတာကိုး ။ အဲဒီတော့ တရားမျှတမှု ရမှာမဟုတ်ဘူးလို့ သိနေရက်နဲ့ လူတစ်ယောက်ကို သက်ဆိုင်ရာလက်ကို အပ်လိုက်တာ ကျမအနေနဲ့ မမျှတဘူးလို့ ထင်လို့ပါ ။
တကယ်တော့ ကျမအဲဒီလူအတွက် စိုးရိမ်ပေးနေစရာတောင် မလိုခဲ့ပါဘူး ။
သူက နိုင်ငံခြားသားဆိုတော့ မကြာမတင် လွှတ်ပေးလိုက်ကြမှာပါဘဲ ။
ကျမမှာသာ လွတ်မယ့်အချိန်မလွတ်ဘဲ နောက်ထပ် ( ၁၈ ) လ အကျယ်ချုပ်နဲ့ ထပ်နေလိုက်
ရသေးတယ် ။
ဒါကလည်း ( ၂၀၁၀ ) ရွေးကောက်ပွဲတွေ လုပ်နေတုန်း ကျမကို အကျယ်ချုပ်ဆက်ထားချင်လို့
လုပ်တာနဲ့ တူပါတယ် ။
ဒီတော့ အာဏာပိုင်တွေဟာ သူတို့နိုင်ငံရေးအမြတ်အတွက် ဥပဒေကို မှောက်လိုက် လှန်လိုက် လုပ်လို့ ရနေခဲ့တယ် ။
ဒီတော့ ဒါဟာ တရားဥပဒေစိုးမိုးမှု မဟုတ်ပါဘူး ။
ဒါကြောင့်ဘဲ အခု ကျမတို့ဟာ တရားဥပဒေစိုးမိုးရေးကို ပြန်လည်ရရှိဖို့ လွှတ်တော်ထဲမှာ အပြင်းအထန်ကြိုးစားနေပါတယ် ။
ပြီတော့ ဥပဒေစိုးမိုးမှုဟာ တခြားသော ဒီမိုကရေစီပြုပြင်ရေးတွေနဲ့ အတူတကွ ဒွန်တွဲပြီး
သွားနိုင်အောင် ကြိုးစားနေကြပါတယ် ။
ဒေါ်စု-မိန့်ခွန်း-အမေရိကန်နိုင်ငံ-yale-တက္ကသိုလ်မှ-
ဘာသာပြန် Spring Flowers

No comments:

Post a Comment