Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 18, 2017

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် (၂၁)ရာစု အမျိုးသားလုံခြုံရေးအမြင်






သမ္မတရုံး ညွှန်ချုပ် မှူးဇော် သုံးသပ်ထားတဲ့ 

ရခိုင်ပြည်နယ်အရေးကိစ္စနှင့် (၂၁)ရာစု အမျိုးသားလုံခြုံရေးအမြင် 
●————————————————————————●
(မှူးဇော်)

သော့ချက် ပွိုင့်များ
—————————————————————
● NLD အစိုးရလက်ထက် ရခိုင်အရေးကိစ္စအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့သည့် ဗဟိုကော်မတီ၊ ဒေါက်တာကိုဖီအာနန်အကြံပေး ကော်မရှင် စသည်တို့ ဖွဲ့စည်းပြီး စနစ်တကျ ဆောင်ရွက်နေချိန်တွင် မည်သည့်အကြောင်းပြချက်မှ မည်မည်ရရ မရှိပါဘဲ အောက်တိုဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု (9-10 Attack ဟု ခေါ်) ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤအကြမ်းဖက်စီးနင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းနှင့် စပ်လျဉ်း၍ အကြောင်းရင်းမှန်ကို လေ့လာသုံးသပ်ရန် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်သည်။ 
—————————————————————
● မောင်တောဒေသ 9-10 Attack နှင့်စပ်လျဉ်း၍ အချိန်ကာလအားဖြင့် ကာလ(၃)ပါး ပိုင်းခြားနိုင်သည်။ (၁)  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဌာနချုပ်စခန်းများကို အလစ်အငိုက်ယူ အကြမ်းဖက်စီးနင်း တိုက်ခိုက် ခဲ့သော 9-10 Attack ကာလ (၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလအထိ) ၊ (၂) 9-10 Attack ဖြစ်ပွားပြီးနောက် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သူများကို ရှာဖွေဖမ်းဆီးပြီး အရေးယူနိုင်ရန် ကျေးရွာများသို့ ဝင်ရောက်ရှင်းလင်းသည့် နယ်မြေ ရှင်းလင်းရေးကာလ (၂၀၁၆ ခုနှစ် နိုဝင်ဘာလကုန်မှ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းအထိ)နှင့် (၃) တပ်မတော် တပ်ရင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းမှု ပူးပေါင်းစစ်ဆင်ရေးတွင် ပါဝင်ခြင်း မရှိတော့ သည့် ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်အထိ အကြမ်းဖက်သတ်ဖြတ်မှုများ သိသိသာသာ မြင့်မား လာခဲ့သည့်ကာလ (၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်အထိ)

[နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံသည် အပိုင်း(၂)ကာလကိုသာ ဖိုးကပ်စ်ထားနေကြခြင်း ဖြစ်သည်။]
—————————————————————
● ၂၀၁၆ ခုနှစ် သြဂုတ်လတွင် Aqua Mul Mujahidin ဟူ၍ ဖွဲ့စည်းခဲ့ပြီး အောက်တိုဘာလတွင် 9-10 Attack ကို ဆင်နွှဲခဲ့သည်။ ၂၀၁၇ ခုနှစ် မတ်လ ၂၉ ရက်နေ့တွင် Arkan Rohingya Salvation Army-ARSA ဟူ၍ ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ထိုသို့ ARSA ဟု ပြောင်းလဲ ဖွဲ့စည်းရခြင်း၏ နောက်ကွယ်မှ မည်သည့် ရည်မှန်းချက်များကို ဦးတည်နေသနည်း။  
—————————————————————
● ဘာကြောင့် အကြမ်းဖက်တိုက်ခိုက်လာသလဲ 

 ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ပြီးတဲ့နောက်မှာ NLD အစိုးရသစ်အနေနဲ့ ရခိုင် အရေးကို ဘယ်ပုံဘယ်နည်း ကိုင်တွယ် ဖြေရှင်းမလဲ ဆိုတဲ့အချက်ဟာ နိုင်ငံတကာနဲ့ လေ့လာသူအားလုံးရဲ့ အာရုံစိုက်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီနေရာမှာ ဦးသိန်းစိန်အစိုးရလက်ထက် ရိုဟင်ဂျာ (သူတို့ကိုယ် သူတို့ ပေးထားတဲ့ အမည်နာမ) မရှိဘူး ဆိုတဲ့ ရပ်တည်ချက်နဲ့ ပတ်သက်လို့လည်း ဘယ်လိုဆက်ဖြစ်လာမလဲ ဆိုတာဟာလည်း မေးခွန်းတစ်ရပ်အဖြစ် တည်ရှိနေခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ တည်ရှိနေတဲ့ ဘင်္ဂလီတွေရဲ့ အနာဂတ်နဲ့ပတ်သက်လို့လည်း ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့ အချက်ဟာ တစ်ကမ္ဘာလုံးမှာ အမျိုးသားရေး လင်္ကျာစွန်းဝါဒ မြင့်တက်လာချိန်နဲ့ တိုက်ဆိုင်နေခဲ့ပါတယ်။ ဒီအခြေအနေက အစိုးရသစ် တာဝန်ကို စတင်လွှဲပြောင်းရယူချိန်မှာ ဖြစ်ပေါ်နေခဲ့တဲ့ အခင်းအကျင်း ဖြစ်ပါတယ်။

ပထမဦးစွာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ကို ဖွဲ့စည်းခဲ့ပြီး ဗဟိုကော်မတီဥက္ကဌအဖြစ်နဲ့ ရခိုင် အရေးကို ဦးဆောင်ဖြေရှင်းဆောင်ရွက်ဖို့ စတင်ခဲ့ပါတယ်။ စတင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေမှာ နိုင်ငံသားစိစစ် ရေးလုပ်ငန်းတွေ စတင်နိုင်ဖို့အတွက် သိမ်းဆည်းခဲ့တဲ့ White Card တွေနေရာမှာ National Verification Card-NVC ထုတ်ပေးဖို့၊ NVC ရရှိပြီးတဲ့သူတွေကို နိုင်ငံသားစိစစ်ပြီး နိုင်ငံသားစိစစ်ရေးကဒ်တွေ ထုတ်ပေး ဖို့ ဆိုတာလည်း လုပ်ငန်းစဉ်တစ်ရပ်အနေနဲ့ ပါဝင်ခဲ့ပါတယ်။ နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ဟာ လိပ်ခဲ တည်းလည်း ဘင်္ဂလီပြဿနာအတွက် အဓိကဖြေရှင်းချက် ဖြစ်တယ် ဆိုတာ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ လေ့လာသူတွေက လက်ခံထားကြတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။

 နောက် သြဂုတ်လမှာပဲ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ငြိမ်းချမ်းရေးနိုဗဲလ်ဆုရှင် ဒေါက်တာကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင် ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒီအကြံပေးကော်မရှင်ဟာ ရခိုင်ပြည်နယ် ဒီအချိန်အထိ ရခိုင်ပြည်နယ်ဟာ တည်ငြိမ် အေးချမ်းနေပြီး ဘာပြဿနာမှ ဖြစ်ပွားပေါ်ပေါက်ခဲ့တာ မရှိခဲ့ဘူး ဆိုတာကို သတိပြုဖို့ အရေးကြီးပါတယ်။ ဒီ့နောက် ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ မောင်တောဒေသမှာရှိတဲ့ ငါးခူရ၊ ကိုးတန်ကောက်နဲ့ ကျီးကန်းပြင် ရဲဌာနချုပ်စခန်း (၃)ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း အကြမ်းဖက် စီးနင်းတိုက်ခိုက်မှု ဖြစ်ပေါ်လာခဲ့ပါတယ်။ မူလက နေရာ ၆ နေရာကို တစ်ချိန် တည်း တစ်ပြိုင်တည်း ဝင်ရောက်စီးနင်းတိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ကြိုတင်စီစဉ်မှု လိုအပ်ချက်အရ နေရာ ၃ နေရာကိုသာ တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်တယ် ဆိုတာ နောက်ပိုင်းမှာ ဖော်ထုတ်ရရှိခဲ့ပါတယ်။ နောက် တစ်ခါ အစွန်းရောက်တွေ ကြိုတင်စီစဉ်ထားတဲ့ အချိန်ဇယားထက် စောစီးစွာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရ တယ် ဆိုတဲ့ သတင်းအချက်အလက်တွေလည်း ရရှိလာခဲ့ပါတယ်။ 

 အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ စတင်ခဲ့တဲ့ ဒီအကြမ်းဖက်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ထွက်ပေါ်ခဲ့တဲ့ အယူအဆတွေ၊ ကောက်ချက်တွေကတော့ -

(၁) "နိုင်ငံသားအခွင့်အရေး တိုက်ယူရေး"။ ဘင်္ဂလီမူဆလင်တွေဟာ NLD အစိုးရသစ် လက်ထက်ရောက်ရင် အလိုအလျောက် နိုင်ငံသား အခွင့်အရေး ရရှိပြီး နိုင်ငံသားတွေ ဖြစ်လာမယ်၊ သူတို့ အလိုရှိတဲ့ ရိုဟင်ဂျာ အမည်နာမကို တစ်နည်းနည်းနဲ့ အသိအမှတ်ပြုမှု ရရှိလာမယ် ဆိုတဲ့ ခန့်မှန်းချက် ရှိခဲ့တယ်။ သို့သော်လည်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က နိုင်ငံသားဥပဒေနှင့်အညီ စိစစ်ပြီးမှ နိုင်ငံသား ပေးရန် ကြိုးပမ်းဆောင်ရွက်လာ တဲ့အခါ မှန်းချက်နဲ့ နှမ်းထွက် လွဲခဲ့ရပြီး နိုင်ငံသားရဖို့ တိုက်ယူမှရမယ် ဟူသော အယူအဆ နဲ့ တိုက်ခိုက်မှုကို ဖန်တီး ပုံဖော်ခဲ့ခြင်း ဖြစ်တယ်။ 

(၂) "အစွန်းရောက် ပေါင်းကူးခြေကုတ်" ။ အယ်လ်ခိုင်းဒါး မှေးမှိန်သွားပြီး ISIS အဖွဲ့အစည်းသစ် ပေါ်ပေါက်လာခဲ့ပြီးနောက် ကမ္ဘာလုံး ဆိုင်ရာအကြမ်းဖက်မှုနဲ့  ကာလီဖိတ်နိုင်ငံတော် ထူထောင်ရေးကို အစ္စလာမ္မစ် အစွန်းရောက် ဝါဒီတွေ တစ်ခဲနက်ထောက်ခံနေချိန်မှာ လွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲရင် ငွေအား၊ လူအား ပံ့ပိုးမှု ကောင်းကောင်း ရနိုင်တယ် ဆိုတဲ့ စဉ်းစားတွေးခေါ်ချက်နဲ့ လွတ်မြောက်ရေး တိုက်ပွဲတစ်ခုကို အစပြု ဆောင်ရွက်ခဲ့ခြင်း ဖြစ်တယ်။ တစ်နည်းပြောရရင် အစွန်းရောက်တွေ ရခိုင်ပြည်နယ်ကို ပေါင်းကူးခြေကုတ်ယူပြီး လွတ်မြောက်ရေး (နိုင်ငံသစ်ထူထောင်ရေး)အထိ ဦးတည်ကြိုးပမ်းဖို့ ဖြစ်ပါတယ်။  

(၃) "လူမှောင်ခို၊ မူးယစ်မှောင်ခိုများရဲ့ သွေးထိုးမှု" ။ အစိုးရသစ်လက်ထက်မှာ ပြည်ထဲရေး ဝန်ကြီးဌာနက မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှု တိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အနေနဲ့ မြှင့်တင်ဆောင်ရွက်လာခဲ့ရာမှာ ရခိုင်ပြည်နယ် အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အချိန်တိုတိုအတွင်း မြင့်တက်လာခဲ့ပါတယ်။ မူးယစ် ကုန်ကူးမှု၊ လူကုန်ကူးမှုတို့ကို ဦးတည် ချက်ထား နှိမ်နင်းလာချိန်တွင် အနေအစား မချောင်တော့တဲ့ မူးယစ်မှောင်ခိုသမားများက အဖျက် အမှောင့်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ဖို့ တွန်းအားပေးလာခြင်းဟာလည်း အကြောင်းရင်းတစ်ချက်အဖြစ် ပါဝင်နေတယ် လို့ ဆိုကြပါတယ်။

 ပြောရရင် ဒီအချက် (၃)ချက်စလုံး ရောပြွမ်းပါဝင်နေနိုင်တယ် လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

● ဘယ်လို နည်းဗျူဟာတွေ ကျင့်သုံးနေသလဲ

 ရခိုင်ပြည်နယ်က ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့ရဲ့ ကျင့်သုံးနေတဲ့ နည်းဗျူဟာတွေနဲ့ ပတ်သက်လို့ Jane’s Terrorism & Insurgency Monitor, 20 Jan 2017 မှာ ဒီလို ဖော်ပြထားပါတယ်။ 

(၁) Hit-And-Run Attacks “ပစ်ပြီးပြေး” ။ ၂၀၁၆ ခုနှစ် နိုဝင်ဘာလနောက်ပိုင်းကစတင်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို “ပစ်ပြီးပြေး” နည်းဗျူဟာ ကျင့်သုံးပြီး တိုက်ခိုက်ခဲ့တဲ့ တိုက်ခိုက်မှု ၁၀ ကြိမ်ကနေ အကြိမ် ၂၀ အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှာ နိုရူလာရဲစခန်းကို အစွန်းရောက်အကြမ်းဖက် ၆ ဦး မော်တော်ဆိုင်ကယ်နဲ့ ရောက်ရှိလာခဲ့ပြီး ရဲအရာရှိတစ်ဦးကို သတ်ဖြတ်သွားခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အလစ်ချောင်းမြောင်းပြီး တိုက်ခိုက်တဲ့ နည်းဗျူဟာကို ကျင့်သုံးတာ တွေ့ရှိရပါတယ်။

(၂) မိုင်းခွဲတိုက်ခိုက်ခြင်း နည်းဗျူဟာ ။ ဒုတိယနည်းဗျူဟာကတော့ မိုင်းခွဲတိုက်ခိုက်ခြင်း နည်းဗျူဟာ ဖြစ်ပါတယ်။ အောက်တိုဘာလနောက်ပိုင်း မိုင်းခွဲတိုက်ခိုက်မှု ၅ ကြိမ်ထက် မနည်း ဖြစ်ပွားခဲ့ပါတယ်။ ဒီမိုင်းဖြစ်စဉ်တွေမှာ အသုံးပြုတဲ့မိုင်းတွေဟာ ဘက်ထရီနဲ့ ဆက်စပ်ပြီး ဖောက်ခွဲတဲ့ အခြေခံအကျဆုံးနည်းလမ်းကို အသုံးပြုထားတာ တွေ့ရှိရပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးစစ်ဆင်ရေးဆင်နွှဲနေရတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အတွက်တော့ ဒီမိုင်းအန္တရာယ်ဟာ တပ်လှုပ်ရှားမှုကို အကန့်အသတ်ဖြစ်စေပြီး နယ်မြေရှင်းလင်းရေးကို အခက်အခဲဖြစ်စေနိုင်တဲ့ နည်းလမ်း ဖြစ်နေပါတယ်။ ဇန်နဝါရီလ ၁ ရက်နေ့မှာ ၁.၂ မီတာ ရှိတဲ့ ပိုက်လုံးမိုင်းတစ်လုံးကို မင်းပြားမှာ တွေ့ရှိခဲ့ရပါတယ်။ အလားတူ ဇန်နဝါရီလ ၁ ရက် နေ့မှာပဲ ပုဏ္ဏားကျွန်းမြို့မှာ မိုင်းတစ်လုံး ထပ်မံတွေ့ရှိခဲ့ပါတယ်။ ဒီမိုင်းဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ တရားခံကို ဖော်ပြထားခြင်း မရှိခဲ့ပေမယ့် အစွန်းရောက်အကြမ်းဖက်   သမားတွေ ဖြစ်နိုင်သလို ကချင်ပြည်နယ်ကနေ ရခိုင်ပြည်နယ်အတွင်း ရွှေ့ပြောင်းနေရာ ယူလာတဲ့ AA လက်နက်ကိုင်အဖွဲ့လည်း ဖြစ်နိုင်ပါတယ်။ 

(မကြာသေးခင်ကပဲ ၂၀၁၇ ခုနှစ် မေလ ၇ ရက်နေ့မှာ ကျောင်းတောင်ကျေးရွာအုပ်စု သဲနီ(မြို) ကျေးရွာ အနီးမှာ လက်လုပ် မိုင်း ပြုလုပ်တဲ့ သင်တန်းပေးနေချိန် ပေါက်ကွဲမှု ဖြစ်ပွားပြီး လူသေတဲ့ ဖြစ်စဉ်တွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။) 

(၃) အမာခံနယ်မြေ တည်ဆောက်ခြင်း နည်းဗျူဟာ ။ အမာခံနယ်မြေ တည်ဆောက်ခြင်း နည်းဗျူဟာ ဆိုတာ  လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းတဲ့ မူဆလင်တွေကို ရွေးချယ် သတ်ဖြတ်ခြင်း ဖြစ်ပါတယ်။ အောက်တိုဘာလ 9-10 Attack မဖြစ်ခင်ကတည်းက အစိုးရ/ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ မူဆလင်တွေကို ရွေးချယ်သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေ တွေ့ရှိခဲ့ပါတယ်။ International Crisis Group-ICG ရဲ့ ဒီဇင်ဘာ လက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ အစိုးရသတင်းပေး လို့ ယူဆရသူတွေကို တိုက်ခိုက်မှု မလုပ်ခင်ကတည်းက ကြိုတင်ပြီး သုတ်သင်ရှင်းလင်းခဲ့တာ တွေ့ရှိရတဲ့ အထောက် အထား တွေ ဖော်ပြခဲ့ပါတယ်။ ဒီနည်းဗျူဟာအရ အစိုးရ သတင်းပေးတွေ ဖယ်ရှားပစ်ပြီး တဲ့နောက် အစိုးရအတွက် သတင်းကွင်းဆက် ပြတ်တောက်သွားအောင်၊ အစိုးရနဲ့ ပူးပေါင်း တဲ့သူတွေ ကို သုတ်သင်ခြင်းဖြင့် အစိုးရနဲ့ နီးနီးစပ်စပ် မရှိတော့ဘဲ သီးခြား လူ့အဖွဲ့အစည်း ဖြစ်လာအောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် သတင်းမီဒီယာတွေကို တွေ့ဆုံ ပြော ကြားခဲ့တဲ့ မူဆလင်တွေကိုလည်း သတ်ဖြတ်ခဲ့ပါတယ်။ ဒီသတ်ဖြတ် သုတ်သင်မှုတွေဟာ ဒီနယ်မြေ ဒီဒေသကို အစွန်းရောက်တွေရဲ့ အမာခံနယ်မြေအဖြစ် တည်ဆောက်နိုင်ရေး နည်းဗျူဟာနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
 အထက်မှာ ဖော်ပြခဲ့တဲ့ နည်းဗျူဟာ ၃ ရပ်ကတော့  ARSA အစွန်းရောက်အကြမ်းဖက် အဖွဲ့ရဲ့ နည်းဗျူဟာတွေနဲ့ ပတ်သက်လို့ Jane’s Terrorism & Insurgency Monitor က သုံးသပ်ဖော်ပြထားတာ တွေ ဖြစ်ပါတယ်။ 

တစ်ကယ်တမ်းမှာလည်း သတင်းပေးတွေ၊ အစိုးရနဲ့နီးစပ်သူတွေ၊ သတင်းအမှန်ကို မီဒီယာတွေကို ပြောကြားသူတွေ အသတ်ခံနေရတာ ဖြစ်ပါတယ်။ ဒေသခံ မူဆလင်တွေကို သတ်ဖြတ်မှု နှုန်းထားဟာ ဒီနောက်ပိုင်းမှာ သိသိသာသာ မြင့်မားလာနေတာကို တွေ့ရှိနိုင်ပါတယ်။ ထူးခြားချက်က အသတ်ခံရတဲ့ အလယ်အလတ်မူဆလင်တွေထဲမှာ ကျေးရွာစာကြည့်တိုက်မှူးတစ်ဦး ပါဝင်နေခြင်း ဖြစ်ပါတယ်။ စာကြည့် တိုက်မှူး ဆိုတာ စာတိုပေစ ဖတ်ရှုလေ့လာသူ ဖြစ်တဲ့အတွက် မသိနားမလည်တဲ့ ရွာသားတွေကြားမှာ တစ်ခုခုဆို မေးမြန်းတိုင်ပင်ခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ ဒီလိုလူမျိုးကို သုတ်သင်ခြင်းဟာ ဒေသခံမူဆလင် တွေကို ပညာအလင်း မပေးနိုင်အောင် အဆက်ဖြတ်လိုတဲ့သဘောလို့ ယူဆချက်တွေလည်း ရှိပါတယ်။ 

၂၀၁၇ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့အထိ စာရင်းအရဆိုရင် အစွန်းရောက်မူဆလင်တွေ သတ်ဖြတ် ခြင်း ခံရတာ (၄၄)ဦး ရှိပြီ ဖြစ်ပြီး အစွန်းရောက်တွေ ဖမ်းဆီးခေါ်ဆောင်သွားလို့ ပျောက်ဆုံးနေသူ (၂၇)ဦး (ဖမ်းဆီးခံရသူတွေကိုလည်း လက်စတုံးလိုက်ပြီလို့ ခန့်မှန်းရ)၊ စုစုပေါင်း (၇၁)ဦး ရှိပြီ ဖြစ်ပါတယ်။ စာရင်း တွေ ပြန်ကြည့်ရင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ထွေအုပ်စာရေး စသဖြင့် အများစု ဖြစ်ကြပြီး ပြီးခဲ့တဲ့ မတ်လကစတင်ပြီး အစွန်းရောက်တွေရဲ့ သတ်ဖြတ်ဖမ်းဆီးမှုဟာ မြင့်တက်လာတာကို တွေ့ရှိနိုင်ပါတယ်။ ဒီအချက်အလက်က ဘာကို ပြဆိုနေသလဲ ဆိုရင် ဒီဒေသအတွင်း အောက်ခြေ အုပ်ချုပ် ရေးမဏ္ဍိုင် တစ်ခုလုံးဟာ အစိုးရရဲ့ အာဏာအောက်မှ မရှိတော့ဘဲ အစွန်းရောက်တွေရဲ့ လွှ့မ်းမိုး ကြီးစိုးမှု အောက်ကို ပိုမိုကျရောက်လာနေပြီ ဆိုတဲ့အချက်ကို ပြဆိုနေတာ ဖြစ်ပါတယ်။  လက်တွေ့ မြေပြင် အချက် အလက်နဲ့ အခြေအနေတွေကလည်း Jane’s Terrorism & Insurgency Monitor ရဲ့ သုံးသပ်ချက် မှန်ကန်နေတယ် ဆိုတာကို အားဖြည့်ပေးနေတာ တွေ့ရှိနိုင်ပါတယ်။ 

●ဒေါက်တာကိုဖီအာနန် ကော်မရှင်ရဲ့ အခန်းကဏ္ဍ

 ဒေါက်တာကိုဖီအာနန်ရဲ့ ကော်မရှင်နဲ့ ပတ်သက်လို့လည်း ပြည်တွင်းမှာ ဝေဖန်မှုတွေ ရှိနေသလို နိုင်ငံရေးအရ ထောက်ပြမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ သတိပြုဖို့က ဒေါက်တာကိုဖီအာနန် ရဲ့ ကော်မရှင်ဟာ အစွန်းရောက်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှု 9/10 Attack မဖြစ်ခင်ကတည်းက ဖွဲ့စည်း ထားခဲ့တာ ဖြစ်တယ် ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ 
နိုင်ငံတကာ ဖိအားပေးမှုတွေနဲ့ ပတ်သက်လို့လည်း -

(၁) အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေအနေနဲ့ အမျိုးသားရေးလှိုင်းလုံး မြင့်တက်နေချိန်၊ အရှေ့အလယ်ပိုင်းက ရွှေ့ပြောင်းရောက်ရှိလာသူတွေရဲ့ ဝန်ကို ထမ်းရေး-မထမ်းရေးနဲ့ ပတ်သက်ပြီး အငြင်းပွားနေချိန်မှာ တစ်ဘက်မှာ ISIS တွေကို အရှိန်မြှင့် ချေမှုန်းနေတာ ဖြစ် ပါတယ်။ ဒီအချိန်မှာ မီးစတစ်ဘက်၊ ရေမှုတ်တစ်ဘက် ပေါ်လစီနဲ့ ရခိုင်ပြည်နယ်အရေးကိစ္စ မှာ မူဆလင်တွေဘက်က ရပ်တည်ပြနေတယ် ဆိုတဲ့ ယူဆချက်။

(၂) နိုင်ငံတကာမျက်နှာစာမှာ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ရှေ့တန်း ရောက်ရှိလာသလိုပဲ ကိုးကွယ်ယုံကြည်ရာ ဘာသာတရားကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ OIC အဖွဲ့ရဲ့ သြဇာချဲ့ထွင်မှုနဲ့ လူ့အခွင့်အရေးဖိအားပေးမှုတွေဟာ ကုလသမဂ္ဂ အေဂျင်စီ အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာငွေရရှိရေးနဲ့ ဆက်စပ်နေတယ် ဆိုတဲ့ ယူဆချက်။

(၃) အနောက်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံနယ်နိမိတ် လုံခြုံရေးတို့ကို ပြင်းထန်တဲ့ပေါ်လစီတွေ ချမှတ်ပြီး ဆောင်ရွက်နေချိန်မှာ တစ်ဖက်မှာ လူ့ အခွင့်အရေးမြှင့်တင်မှုကို ပြသသည့်အနေဖြင့် လူနည်းစုမူဆလင် ဟူသော အကြောင်းပြ ချက်နောက်မှာ ရပ်တည်ပြလာတယ် ဆိုတဲ့ ယူဆချက်။

(၄) "နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီခေါင်းစဉ်ဆိုရင် ရန်ပုံငွေ ပေါပေါများများ ရတယ် ဆိုတဲ့ အချက်"။ ဒီအချက်က အရေးကြီးပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ဘတ်ဂျက် ဟာ ဝန်ထမ်းလစာ၊ အခြားအသုံးစရိတ်သာ ရှိတာမို့ ကုလသမဂ္ဂအေဂျင်စီတစ်ခုရဲ့ ပရော ဂျက်တွေအတွက် ဘတ်ဂျက် မရှိပါဘူး။ ဒီတော့ UN Agency တွေ အပါအဝင် INGO အတော်များများဟာ Project Financing အတွက် အလှူရှင်တွေအပေါ်မှာ မှီခိုနေကြရတာ ဖြစ်ပါတယ်။ အလှူရှင်နဲ့အတူ သြဇာနဲ့ လိုလားချက်တွေဟာ မမြင်ရတဲ့နှောင်ကြိုးများအဖြစ် ရစ်ပတ်နေတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးမှာ ပြန်ကြည့်ရင် ဒီလိုကိစ္စရပ်တွေကို ဘယ်လိုလူတွေ က ဖောဖောသီသီ ငွေထည့်ဝင်လှူဒါန်းနေသလဲ ဆိုတာ သိနိုင်မှာဖြစ်သလို အုံနဲ့ကျင်းနဲ့ ဝိုင်းပြီး အားပေးနေကြတာ ဘာကြောင့်လဲ သိမြင်နိုင်တယ် ဆိုတဲ့ ယူဆချက်။ 

ဒီယူဆချက် (၄) ရပ် ထွက်ပေါ်နေတာ တွေ့ရှိရပါတယ်။ ဒီကြားထဲ အာဆီယံနိုင်ငံထဲက ဘာသာတူ တစ်ချို့ကလည်း ပြည်တွင်းနိုင်ငံရေးထောက်ခံမှု၊ ဒေသတွင်း သြဇာချဲ့ထွင်မှုနဲ့ ဘာသာရေးအပေါ် စောင့် သိရိုသေမှုကို ပြသတဲ့သဘောမျိုးနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိကပါးရိကပါး လုပ်လာတာ တွေ ရှိလာခဲ့ပါတယ်။ ဒီလိုမျိုးအခြေအနေဟာ အုံနဲ့ကျင်းနဲ့ တည်ဆောက်ထားတဲ့ Public Relation Network တွေကြောင့် ဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန် => [အပြည့်အစုံကို ယခုလထုတ် Renaissance Myanmar Magazine မှာ ဆက်လက် ဖတ်ရှုနိုင်ပါကြောင်း]

U Zaw Hay

  • ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီများရဲ့ 
  • ဘူးသီးတောင်မြို့နယ်မှာ စစ်သင်တန်း
  • အနောက်ရပ်က ငိုရှိုက်သံ
  •  မောင်တောအကြမ်းဖက်အဖွဲ့ခေါင်းဆောင်မှာ ပါကစ္စတန် တာလီဘန်သင်တန်းဆင်းသူဖြစ်
  •   မောင်တောမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့များ လွယ်ကူစွာ မသွားလာနိုင်အောင် သစ်ပင်များ ခုတ်လှဲပြီး လမ်းပိတ်ဆို့မှုများရှိ
  • အကြမ်းဖက် စီးနင်း တိုက်ခိုက်သူလေးဦး ဖမ်းဆီးရမိ
  • ရခိုင်ပြဿနာ လူမှုရေးအသွင်ဆောင်မှာ ဒေသခံတွေစိုးရိမ်
  • ရခိုင်နယ်ခြားစောင့်စခန်း တိုက်ခိုက်ခဲ့သည် အာအက်စ်အိုအဖွဲ့ဝင် ၅ ဦးသေ၊ ၁ ဦး အရှင်ဖမ်းမိ
  • ဆီးရီးယားရှိ မင်္ဂလာဆောင် တစ်ခုတွင် အသေခံဗုံးပေါက်ကွဲခဲ့၍ လူ၃၀ဦးသေ
  • မလေးရှားရဲစခန်းကိုပို့ တဲ့ ISIS ကပစ်မှတ်ထားသူများစာရင်းတွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အမည်ပါဝင်နေ
  • အာဖဂန်ထဲက IS အသံလွှင့်ရုံကို တိုက်ခိုက် ဖျက်ဆီး
  • No comments:

    Post a Comment