Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

ထင်တစ်လုံးနဲ့ ဝင်ဝုန်းခြင်း ကင်းဝေးကြပါစေ


တစ်ခါတစ်ရံ ဆိုးရွားလွန်းတဲ့အခြေအနေမျိုးမှာ ဆွေမျိုးစပ်ခြင်းဖြင့် ချစ်ကြည်အေးချမ်းရာ၏ ဆိုတဲ့အကြောင်း ဖတ်မှတ်ဖူးလေတော့ အမျိုးလေး စပ်ပါရစေနော် ☺
Peace ✌

အခါတစ်ပါး၌ ဘုရားရှင်ပြီးလျှုင် တန်ခိုးအကြီးဆုံးအဖြစ် ဧတဒဂ်ရတော်မူတဲ့ ရှင်မဟာမောဂ္ဂလန် မထေရ်မြတ်ကြီးရဲ့ ကိုယ်တွင်းထဲ မာရ်နတ်မင်း ဝင်ရောက်နှောင့်ယှက်နှိပ်စက်ပါသတဲ့ ။
အရှင်မြတ်ကြီးသိတော်မူတဲ့အချိန်မှာပဲ မာရ်နတ်က အထဲရောက်နေပါပြီ ။
ကိုယ်တော်မြတ်ကြီး မည်သို့ပင် မောင်းနှင်ထုတ်သော်လည်း မာရ်နတ်က မထွက် ။
အထဲမှာ သာသာယာယာ Kempinski ရောက်နေသလို ☺
နောက်ဆုံး မထေရ်မြတ်ကြီးက " လွန်လေပြီးသော အတီအတေ ကဘေကမ္ဘာတစ်ခုမှာ ကိုယ်တော်မြတ်ကြီးက မာရ်နတ်မင်း ဖြစ်ခဲ့လေတယ် ။ ထို မာရ်နတ်မင်းမှာ ညီမတော် မာရ်နတ်သမီးတစ်ပါး ရှိခဲ့လေတယ် ။
ထို မာရ်နတ်သမီးက မွေးတဲ့သား , အခု သင် မာရ်နတ်မင်းဟာ ငါ၏ တူတော်ဖြစ်ပေတယ် " လို့ နောက်ဆုံး အမျိုးစပ်ပေမှ မာရ်နတ်မင်းလည်း " icess , အမေဇင် , you are my Uncle 😍 " ဆိုပြီး အရှင်မြတ်ကြီးရဲ့ ကိုယ်ထဲက ထွက်ပေးပါသတဲ့ ။

မျက်မှောက်ခေတ်
ယခု ရိုက်နေတဲ့ဇာတ်ကားမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှေ့မှာ စကတ်ရှည်လေးနဲ့ ဒေါက်ဖိနပ်လေးစီးပြီး ရပ်နေတဲ့ ကောင်မလေးတစ်ယောက် ။
သူက မျိုးရိုးကိုက ဆောက်လုပ်ရေးနဲ့ အင်ယာလောက,ကလာခဲ့တာ ။
မိဘနှစ်ပါးက Constructionနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေ လုပ်ခဲ့ပြီး အကိုနဲ့ ညီမက အင်ဂျင်နီယာတွေ ။
ဦးလေးတွေ အမျိုးတွေထဲမှာလည်း လမ်း တံတားဆောက်လာတဲ့ အင်ယာကြီးတွေ ။
ငယ်ငယ်ကတည်းက ဆောက်လုပ်ငန်းရေးလုပ်ငန်းခွင်ထဲမှာ သွားလာရင်းနီးခဲ့တာ ။
ဇာတ်ကားရိုက်တဲ့ ဒါရိုက်တာကလည်း သူ့အကိုက အင်ဂျင်နီယာ 😊
မသိပဲ နေမလားနော် 😊
အင်ဂျင်နီယာမဟုတ်ရင်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲမှာ PPE ဝတ်ကြတယ်ဆိုတာ ဆိုက္ကားဆရာတွေတောင် သိကြသေးတာ ။

အဓိကကတော့ ပြောချင်ဆိုချင်ရပ်ကွက်က တစ်ဖက်ပိတ်သမားတွေပါပဲ ။
(စေတနာနှင့်ဖြစ်စေ ရိုးသားစွာဖြင့်ဖြစ်စေ စူးစမ်းသူများကို မဆိုလို မရည်ရွယ်ပါ)
ကိစ္စတစ်ခုကို အစအဆုံး ဂဃနဏ မသိသေးခင် ကိုယ်သိသမျှ ဘောင်ထဲကနေ ဘောင်ဘင်ခတ်ပြီး ဖိတ်စင်ကြတော့တာပါပဲ ။
● Halmet အဖြူ မြင်ရင် Engineer တန်းမှတ်ပြီး site visitorsတွေလည်း ဖြစ်နိုင်သေးတာပဲလို့ သူတစ်ပါးဘက်က မတွေးပေးနိုင်တော့ပါဘူး ။
● စကတ် ဒေါက်ဖိနပ်မြင်ရင် ဒီပုံစံနဲ့ site ထဲမှာ တစ်နေကုန် အလုပ်လုပ်နေတယ် တန်းမှတ်ပြီး
အခြေအနေ အကြောင်းတစ်ခုခုကြောင့် ရောက်လာတယ်လို့ သူတစ်ပါးဘက်ကို ကိုယ်ချင်းစာ နားလည်းမပေးနိုင်တော့ပါဘူး ။
● Construcrion siteဆိုသည်နှင့် HAGL တို့လို Novotelတို့လို တစ်ခါက Dagon Cityတို့လို အကြီးကြီးတန်းမြင်ပြီး မြန်မာပြည်က သုံးထပ်တိုက်လောက် အဆောက်အဦး siteမျိုးရဲ့ ပစ္စုက္ခအခြေအနေမျိုးကို မသိနားမလည်ပဲ ဖြည့်မတွေးနိုင်တော့ပါဘူး ။

ဆွမ်းကြီးဟေ့ ပွဲဟေ့ ဆိုပြီး အရေးအခင်းတုန်းက ဘာဖြစ်ဖြစ် မီးရှို့မှာပဲဆိုတဲ့ ဒေါသထွက်နေတဲ့လူအုပ်ကြီးလို .....
ဆဲကြပါသည် ။
စာဝင်ဖတ်ကြပါသည် ။
စဆရက စဆရမက ဝင်လုပ်ကြပါသည် ။

စည်းကမ်းရှိတာ လိုက်နာတာ အကောင်းဆုံးဖြစ်ပါသည် ။
သို့သော် Rulesတွေ Rightsတွေဆိုသည်မှာလည်း သီအိုရီနဲ့ လက်တွေ့တစ်ထပ်တည်းမကျတဲ့အခြေအနေမျိုးရောက်ရင် အခြေအနေနဲ့ အချိန်အခါအရ လိုက်လျောညီထွေစွာ ပြောင်းလဲရပါသည် ။

ဥပမာ -
မိန်းကလေးတို့ သဘာဝ ဂျင်းဘောင်းဘီ စကတ်နဲ့ ဝတ်စားသွားလာရင်း လမ်းမှာ ရွှေတိဂုံဘုရား ဖူးချင်လာ၍ ဘုရားသို့ ဝင်သည် ။
ဘုရားသို့ ဝင်ခွင့်ရှိလျှင် ဖူးမည် ။
ဝင်ခွင့်မရှိလျှင် ပြန်ရုံသာရှိသည် ။
သို့သော်
ကိုယ့်ကိုယ်ပိုင် ဆောက်လုပ်ရေး site ထဲသို့ သွားရန် ဝင်ရန်အတွက် ထိုသို့ ကန့်သတ်ချက်မလိုပါလေ ။
စကတ် ဒေါက်ဖိနပ်ဖြစ်နေ၍ လှည့်ပြန်သွားစရာမလို ။
မင်္ဂလာဆောင်တစ်ခုမှ အပြန်ဝင်ချင်လည်းရသည် ။
Party မသွားခင် Functionမစခင် လမ်းအကြုံဝင်ချင်လည်း ရပါသည် ။
အဝတ်အစားကတော့ ရည်ရွယ်ရာသို့သွားရန် ဝတ်လာသည့်အတိုင်းပေါ့ 😊

သည်နေရာတွင်
သည်ဇာတ်ကားတွင် ....
ကျွန်တော်ထင်သည့်အတိုင်း ကောင်မလေးက အင်ဂျင်နီယာတစ်ယောက် မဟုတ်ခဲ့ပါလေ ။
ချစ်သူ့ဖခင် ယောက္ခမကြီး အကူအညီတောင်း၍ လုပ်ငန်းကူညီစစ်ဆေးရန် မမျှော်လင့်ပဲရောက်လာရသည့် ဒီဇိုင်နာကောင်မလေးဖြစ်နေပါတော့သည် ။
ထို့ကြောင့် ဇာတ်ကားထွက်၍ အစအဆုံး ကြည့်ရှူပြီးမှ နားလည်သိနိုင်ပါတော့မည် မဟုတ်ပါလား ။

ဤတွင် ကျွန်တော့်အတွေ့အကြုံအရ မြင်ဖူးကြုံဖူးသည်မှာ , မြန်မာပြည်တွင် ....
● siteထဲသို့ စကတ် ဒေါက်ဖိနပ်နှင့် လုပ်ငန်းကိစ္စကြောင့် မမျှော်လင့်ပဲရောက်လာရသော Foreignerမ များကိုလည်း မြင်ဖူးပါသည် ။
● Site meeting နှင့် Site Surveyအတွက် ကုမ္ပဏီယူနီဖောင်း စကတ် ဒေါက်ဖိနပ်လေးများနှင့် ရောက်လာကြသော Supplierဘက်မှ staffများကိုလည်း မြင်ဖူးပါသည် ။
(များသောအားဖြင့် ဘောင်းဘီဝတ်ကြသော်လည်း ၄င်းကိစ္စပြီးလျှင် အခြားနေရာဆက်ဝင်ရန်ရှိကြသည်ဖြစ်၍ နားလည်စွာဖြင့် အပြစ်မဆိုသာ)
● siteထဲသို့ ဒေါက်ဖိနပ် စကတ်လေးများနှင့် ဝင်ချလာသော Marketingများကိုလည်း ရှိပါသည် ။
(လုပ်ငန်းခွင် အန္တရာယ်ရှိသောနေရာများ အထိ သူတို့ဝင်ရန်မလိုပါ , site office တွင်သာ တွေ့ဆုံရပါသည်)
● 40.2M ပေ ၁၂၀ကျော်အမြင့်ပေါ်သို့ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ညှပ်ဖိနပ်ဖြင့်တက်သွားသော ဌာနဆိုင်ရာ အင်ယာကြီးများကိုလည်း မြင်ဖူးပါသည် ။
● မိမိကိုယ်ပိုင် siteများ သို့ Decisionဖြတ်ရန်ရှိသည်များ , Surprised checkလုပ်ရန်များအတွက် မိမိသွားစရာကိစ္စများ အပြန်မှ ရှောင်တခင် ဝင်လာသော ပုဆိုး အောကတ္တီပါဖိနပ်နှင့် ပိုင်ရှင်များ , စကတ် ဒေါက်ဖိနပ်နှင့် ပိုင်ရှင်မမများ ပိုင်ရှင်ကတော်များ များစွာရှိပါသည် ။
သူတို့ safety shoeစီးချိန် ဦးထုပ်ဆောင်းချိန်မရပါ ။
တစ်ခါတစ်ရံ ငှားယူဆောင်းတတ်ပါသည် ။
(အပေါ်ထပ်များသို့ မတက်ပဲ site officeတွင်ဖြစ်စေ , site meeting roomတွင်ဖြစ်စေ လုပ်ငန်းကိစ္စ စကားပြောနိုင်ပါသည် )

စည်းကမ်းလိုက်နာ ဘေးကင်းကွာ safety factorsများကို ကျနော်ယုံကြည် လေးစားလိုက်နာပါသည် ။
Safety First .အရေးကြီးဆုံးဖြစ်သည်ကိုလည်း လုံးဝလက်ခံလိုက်နာပါသည် ။
သို့သော်
* ယခုမှာ site၏ အပြင် အဆောက်အဦရှေ့တွင် ရပ်စကားပြောရုံမျှသာမြင်ရသော ပုံလောက်ကို လက်မခံခြင်းကြီးစွာ ရှုံ့ချနေသည်များကို အံဩမိပါသည် *
ဤတွင် ပြင်းထန်နေသူများမှာ နိုင်ငံရပ်ခြားမှ ပုဂ္ဂိုလ်များနှင့် ကျောင်းဆင်းခါစ လူငယ်များ ၊ အများဆုံးဖြစ်နေကြောင်းတွေ့ရပါသည် ။
မြန်မာနိုင်ငံနှင့် ဝေးကွာပြီး လက်တွေ့နှင့် ဘဝခြားနားမှုများကို လက်မခံခွင့်မလွှင့်နိုင်သော သူတို့အား ကျွန်တော် နားလည်မိပါသည် ။

သို့သော် လက်တွေ့တွင်
Site ထဲသို့ ရှောင်တခင်ရောက်ရှိလာသော ပိုင်ရှင်မိသားစုဝင်တစ်ယောက်ကို စကတ် ဖိနပ်အတွက်ဖြင့် ပြသနာရှာစရာအကြောင်းမရှိဟု ကျွန်တော် လက်ခံထားပါသည် ။

ယခုလိုအခြေအနေများမှာ Local siteများအတွက် မထူးဆန်းပါ ။
အချို့ ကန်ထရိုက်တိုက်ဆောက်လုပ်ရေးများတွင် Engineerရော Labourပါ Halmetမဆောင်းဖြစ် ၊ အထူးသဖြင့် safety shoes ပိုပြီး မစီးဖြစ်သည်များ ကြုံဖန်များပြီမို့ ထူးမဆန်းတော့ပါ ။

ယခုအဖြစ်မှာ
☆ နိုင်ငံတော်အဆင့် ဆောက်လုပ်ရေးစီမံကိန်းကြီးမျိုးလည်း မဟုတ်ပါပဲနဲ့
☆ နိုင်ငံခြားရင်းနီးမြှပ်နှံမှု ဆောက်လုပ်ရေးစီမံကိန်းကြီးမျိုးလည်း မဟုတ်ပါပဲနဲ့
☆ ဟိုတယ်နှင့် အထပ်မြင့် Residential ကွန်ဒိုမီနီယံစီမံကိန်းကြီးမျိုးလည်း မဟုတ်ပါပဲနဲ့ ...
ပြီးခါနီး လေးထပ်ခန့်အဆောက်အဦရှေ့တွင် halmetလေးဆောင်း ဒေါက်ဖိနပ်စီးပြီး စကတ်လေးနဲ့ရပ်နေသော အင်ဂျင်နီယာမဟုတ်သည့် မိန်းကလေးတစ်ဦးကို ....
■ ဘုရားပေါ်ဖိနပ်စီး၍ တက်မိသကဲ့သို့
■ အမျိုးသားရေးသစ္စာဖောက်ကဲ့သို့
■ နိုင်ငံတော်လုပ်ကြံမှုကြီးကဲ့သို့
ရေးကြီးခွင်ကျယ်လုပ်ပြီး မကျေနိုင်မချမ်းနိုင် မပြီးနိုင် မစီးနိုင် $ဖောင်းထုနေကြသော စဆရက စဆရမက များအား ဘဝတွင်တစ်ခါမျှပင် လမ်းပေါ်အမှိုက်မပစ်မိသော ကိုယ်တိုင် စည်းကမ်းကြီးသူ နိုင်ငံကြီးသားများ ဖြစ်နိုင်ပါစေကြောင်း အမျိုးအချင်းချင်း ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ။

မလိုရန်ပြု ဖောင်းထုခြင်း ကင်းဝေးကြပါစေ ။
ထင်တစ်လုံးနဲ့ ဝင်ဝုန်းခြင်း ကင်းဝေးကြပါစေ ။
အောက်တန်းစကား ဆဲခြင်းများ ကင်းဝေးကြပါစေ ။

Peace နော် Peace ✌✌✌
😍😍😍

ဒါနဲ့ စကားမစပ် - အိချောပို Engineerအခန်းမှာ တကယ်သရုပ်ဆောင်ရင် ဒီလိုဆိုတာ တိမ်သလ္လာကင်းကင်း အမြင်ရှင်းရှင်းနဲ့ ရှုတော်မူပါ လူကြီးမင်းများ ခင်ဗျာ
Win Myat Hpone‎

No comments:

Post a Comment