Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

မြိတ် မှ ရန်ကုန် သို့ ပျံသန်းလာသော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် တစ်စီး ဆက်သွယ်မှု ပြတ်တောက် ပျောက်ဆုံး


နေပြည်တော်၊ ဇွန် ၇

ဇွန်လ ၇ ရက်နေ့ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်-ထားဝယ်-မြိတ်-ဘုတ်ပြင်း-မြိတ်-ရန်ကုန် ခရီးစဉ်အတိုင်း သက်သာချောင်ချိရေးပစ္စည်းနှင့် ခရီးသည်များ ပို့ဆောင်သော တပ်မတော်ပို့ဆောင်ရေး Y-8 လေယာဉ် တစ်စီးသည် မြိတ်သို့ နေ့လယ် ၁၁ နာရီ ၅၅ မိနစ်တွင်ရောက်ရှိခဲ့ပြီး မြိတ်မှ ရန်ကုန်သို့ မွန်းလွဲ ၁ နာရီ ၆ မိနစ်တွင် အမြင့်ပေ ၁၈၀၀၀ ခန့်မှ ပြန်လည်ထွက်ခွာပျံသန်းလာစဉ် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ချိန် ထားဝယ်မြို့ အနောက်ဘက် မိုင် ၂၀ ခန့်အရောက်တွင် ရုတ်တရက် ဆက်သွယ်မှု ပြတ်တောက်ပျောက်ဆုံးလျက် ရှိပါသည်။

 အဆိုပါ ပျောက်ဆုံးလေယာဉ်ကို တပ်မတော်လေယာဉ်/ရေယာဉ်များဖြင့် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/

No comments:

Post a Comment