Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, June 7, 2017

ကျွန်မရင့်ကျက်လာတာနဲ့အမျှ…

ကျွန်မရင့်ကျက်လာတာနဲ့အမျှ…
✿✿✿✿✿✿✿✿✿✿✿✿
.
၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း
သိလာတယ်။
၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း
သိလာတယ်။
၃။ လူတွေရဲ့ အတောမသတ်နိုင်တဲ့ လောဘအကြောင်း
ပိုပြီး နားလည်လာတယ်။
၎။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း
လောကကြီးက ကျွန်မကို ထိုက်တန်တဲ့ချီးမြှင့်မှုတွေ
ပြန်ပေးတယ်ဆိုတာ သိလာတယ်။
၅။ တစ်ယောက်တည်းအချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့အလုပ်မဟုတ်ကြောင်း
သိလာတယ်။
၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့
ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။
၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်မရဲ့ ပထမဦးစားပေးဖြစ်ကြောင်း သိလာတယ်။
၈။လူ့အကြိုက်၁၀ခါလိုက်လည်း မလိုက်တစ်ခါရှိခဲ့ပါမူ
ကြီးစွာရန်သူစွဲမှတ်ယူတဲ့ အကြောင်းလည်းသိလာတယ်။
၉။ တချို့လူတွေဟာ တိရစ္ဆာန်ထက်တောင်
ယုတ်မာကောက်ကျစ်ကြပြီး လူယုတ်မာကိုလည်း
အားပေးထောက်ခံတတ်ကြသေးတာကိုလည်း
သိလာခဲ့တယ်။
၁၀။တစ်ချို့ လူတွေဟာကောက်ကျစ် ယုတ်မာရိုင်းစိုင်း
နေပါလျက် ချမ်းသာသုခရနေကြပြီး တချို့ကျတော့ စိတ်ကောင်းအမှန်ပြုနေပါလျှက် စွပ်စွဲခံရဆင်းရဲကြတာ..
ဘာကြောင့်လဲဆိုတာကိုပါ ကျွန်မသိလာတယ်။
၁၁။ကံနဲ့ကံအကျိုးပေးကို ကျွန်မအနည်းငယ်သိလာပြီးနောက်
သူတစ်ပါးမကောင်းကြောင်း သူတစ်ပါးအတင်း
အဖျင်းပြောလျှင် ရရှိလာမယ့်အကုသိုလ်ကံ
ကံဆိုးတွေလည်း ကျွန်မသိလာခဲ့တယ်။
၁၂။လောကကြီးမှာ မဖြစ်သင့်တာမရှိ
မတရားတာမရှိ ဖြစ်သင့်လို့ဖြစိကြတာ
ပြုသူအသစ်ဖြစ်သူအဟောင်း တရားသဘော
အနည်းငယ်ကိုလည်းကျွန်မသိလာတယ်။
၁၃။အရာရာဟာ ဆုပ်ရင်ကွဲတယ် ကြဲရင်မြဲတယ်ဆိုတဲ့
နိယာမသဘောကိုလည်းကျွန်မ သိလာခဲ့တယ်။
၁၄။စိတ်နဲ့ရုပ် အညမည ဖြစ်နေကြမို့ ရုပ်လက္ခဏာကြည့်ပြီး
လူတွေရဲ့အကျင့်စရိုက်ကို ယေဘူယျ
အနည်းငယ် ခန့်မှန်းတတ်လာတယ်။
၁၅။ဘဝကိုနောင်တကင်းစွာဖြတ်သန်းရင်း
အတိတ်ကိုပြန်ကြည့်ရင် သူတစ်ပါးအပေါ်
ကိုယ်စိတ်နှလုံး၃ပါးနဲ့ ယုတ်မာလှည့်စား
ကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့်သူတစ်ပါး ထိခိုက်နစ်နာမှု
မရှိအောင် နေတတ်လာတယ်။
━━━━━━━━━━━━━━━━━━━━
Credit ………ငွေတာရီ

No comments:

Post a Comment