Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 27, 2017

အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်းပေးသူ အင်းဒင်ကျေးရွာသား တစ်ဦးအား ဖမ်းဆီး


ဇွန် ၂၇၊၂၀၁၇

မောင်တောမြို့နယ် အင်းဒင်ကျေးရွာ(ရွာကြီး)နေ မော်လ၀ီမာမတ်တော်ယာလ် (၄၄နှစ်) (ဖ) အဒူဟာမတ်သည် ကျေးရွာအတွင်းရှိ လူငယ်များအား အကြမ်းဖက်အဖွဲ့အတွက် လူသစ်စုဆောင်း ပေးခြင်း၊ ငွေကြေးများထောက်ပံ့ပေးခြင်း၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျက်ပြားအောင် စည်းရုံး လှုံ့ဆော်ခြင်း၊ ဗလီများအား ခွင့်ပြုချက်မရှိဘဲ ပြုပြင်ရန် တိုက်တွန်းလှုံ့ဆော်ခြင်း၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့အား မထီမဲ့မြင်ပြုခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂၆ ရက် ညနေ ၅ နာရီက မော်လ၀ီမာမတ်တော်ယာလ် အား ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့သည်။

မော်လ၀ီမာမတ်တော်ယာလ် အား အင်းဒင်နယ်မြေစခန်း၌ (ပ)၁၁/၂၀၁၇၊ ခြေချုပ်နှင့် ခံဝန်အက်ဥပဒေ ၅ (၁)(စ)(ဆ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်
ရှိကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/

No comments:

Post a Comment