Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 27, 2017

ရန်ကုန်-မန္တလေးလမ်းဟောင်းတွင် သုံးဦးပါ ဆိုင်ကယ်က (၁၂)ဘီးယာဉ်ကို ဝင်တိုက်၍ တစ်ဦးသေ



ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်းမိုင်တိုင် အမှတ် (၁၁၃)မိုင် (၁)ဖာလုံနဲ့ (၂)ဖာလုံအကြား ကန်ရွာအနီးမှာ ဇွန် (၂၆)ရက် ည (၁၁)နာရီက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


 ရန်ကုန်ဘက်ကနေ မန္တလေးဘက်ကို သုံးဦးလိုက်ပါစီးနင်းတဲ့ ယာဉ်နံပါတ်မပါ TOYOTUR110 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ဟာ ကားတွေကို ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြော
ကိုရောက်ရှိသွားပြီး မန္တလေးဘက်ကနေ ရန်ကုန်ဘက်ကို မောင်းနှင်လာတဲ့ ISUZU GIGA အမျိုးအစား လိမ္မော်ရောင် (၁၂)ဘီးယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိရာ ဆိုင်ကယ်မောင်းသူဟာ ပြင်းထန်ဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးခဲ့ပြီး ဆိုင်ကယ်နောက်မှာ စီးနင်းလိုက်ပါသူ နှစ်ဦးဟာ ပြင်းထန်တဲ့ဒဏ်ရာတွေ ရရှိကြလို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။


 အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျောက်တံခါးမြို့မရဲစခန်းက ယာဉ်(ပ)၂၉/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ နဲ့ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်းသိရပါတယ်။ ဒီသတင်းကို ဖြိုးကိုလင်း (ညောင်ဝိုင်း) ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

No comments:

Post a Comment