Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, June 25, 2017

စစ်ကိုင်းမြို့ မှာ စိန် တွေ ထွက်တယ်


စစ်ကိုင်းမြို့ မှာ စိန် တွေ ထွက်တယ်

ပြီးခဲ့တဲ့ လ က ကျနော် စစ်ကိုင်းမြို့ မှာရှိတဲ့
ကျောက်ဖြတ်ကျောက်သွေး အလုပ်ရုံများသို့ အပ်ထည်များ
ပြန်လည် ရယူရန် ရောက်ရှိခဲ့ပါသည်
စစ်ကိုင်းမြို့သည် ရပ်ကွက် အသီးသီး နှင့် ကျေးရွာများ
အပါအဝင် ပုတီးလုပ်ငန်း ပန်းပုလုပ်ငန်း စသည်ဖြင့်
လုပ်ငန်းရှင် သေး လတ် ကြီး ၇၀၀၀ ကျော်ခန့်ရှိပြီး
အလုပ်သမား ၅၀၀၀၀ ကျော် အလုပ်ရနေသည်ကို တွေ့ရပါသည်
ကျနော် မှ ကုန်ကြမ်းပေး ကုန်ကြမ်းယူ စနစ်ဖြင့် အလုပ်ရုံ
၉ ခုသို့အပ်ထည်များ ကို လိုအပ်ချက်အရ လုပ်ကိုင်ရပါသည်
ကျနော့်မိတ်ဆွေ ပန်းပု အလုပ်ရုံတွင် မိတ်ဆွေ ပုတီးလုပ်ငန်းရှင်
တစ်ဦးလည်း ရောက်လာခိုက် လည်းဖြစ် နေ့လည်ခင်း နားချိန်
လည်းဖြစ်သဖြင့် လုပ်သားများလည်း နားနေကြရာ
လဘက်ရည်ဆိုင်သို့ အာလူးဖုတ် ထွက်လာခဲ့ပါသည်

လဘက်ရည်ဆိုင် မှာ ယခုလို ပန်းပု လုပ်ငန်းရှင် ပုတီးလုပ်ငန်းရှင်
လုပ်သားများ လူစုံနေခိုက် ကျနော်က ခင်ဗျား တို့ စစ်ကိုင်းမှာ
စိန် တွေ ထွက်နေတယ် မသိကြသေးဘူးလား လို့မေးလိုက်ပါတယ်
စိန် ထွက်တယ်လို့ အသံကြားလိုက်တော့ အားလုံးက
အံ့သြခြင်းတွေနဲ့ အတူ ခေါင်းထောင်လာကြတယ်
လုပ်ပါဦး အကို ဘယ်မှာ ထွက်နေတာတုန်း ကျနော်တို့ မကြားသေးဘူး
စသည်ဖြင့် ဆူညံပွက်ကုန်ကြပါတယ်

ကျနော် က စိန် ထွက်တဲ့နေရာ ကို ပြောမပြခင် ခင်ဗျားတို့ကို
မေးခွန်းလေးတွေ မေးဦးမယ် နည်းနည်းဖြေကြည့်ပေးပါ
ပန်းပု ဆရာ
ခင်ဗျား ကလေး အခု အသက် ၂ နှစ်လောက် ရှိပြီထင်တယ်
သူ ကြီးလာလို့ ထူးချွန်ခဲ့ရင် အမေရိကန်မှာ ကျောင်းမထားချင်ဘူးလား

ပန်းပု ဆရာက အကိုရယ် စိန်ထွက်တဲ့နေရာ သိရင်တော့
ထားနိုင်မယ်ထင်ပါတယ် နို့မို့ ဆို မဖြစ်နိုင်ပါဘူးတဲ့
ကိုယ့်သား သမီး ဘဲ အမြင့်ဆုံး ရောက်စေချင်တာပေါ့တဲ့

ဆက်ပြီး ပုတီးလုပ်ငန်းရှင် နဲ့ ကျောက်သွေး လုပ်သားတွေကို
မေးတော့လည်း မဖြစ်နိုင်တာ မပြောပါနဲ့ အကိုရာ
အကို က
စိန်ထွက်တဲ့နေရာ ပြောပြလို့ သွားတူးရင်တော့
ဖြစ်နိုင်တာပေါ့တဲ့

ကျနော် က စိန်ထွက်တဲ့နေရာ နောက်ပြီး ပြောပါမယ်
အခု ကျနော် ပြောချင်တာလေးတွေ ပြောပါရစေဦး
ပန်းပု ဆရာ ပန်းပုထုဖို့ ပုတီးဆရာ ပုတီးလုပ်ဖို့
မန်းလေး လက်ကောက် အလုပ်ရုံတွေ ဖြတ်ခုံတွေ
မနက် ခင်းဝိုင်းတွေ သွားပြီး ကျောက်ရှာ ရတယ်
ဝယ်ရတယ် အတွေ့အကြုံ ရှိပြီးသား ဆိုတော့
ဘယ်ဟာ ဝယ်ရင် ဘယ်လောက်ဖိုး ထွက်မယ် သိပြီးသား
အိမ် မှာ ပန်းပုထုမယ် ပုတီးလုံးမယ် ပြီးရင် ဈေးကွက်ထဲ ပို့မယ်
ဒီလို လုပ်ကြတာပေါ့

အဲဒီ အထဲက မှ နည်းနည်း ခွဲထွက် ကြည့်ရအောင်
လုပ်ငန်းရှင်တွေ ဆိုတော့ အလုပ်သမား စရိတ်က နေ့တိုင်းရှိတယ်
အလုပ်သမား ၅ ယောက် ရှိရင် ၇ ယောက်စာ စရိတ်ကို တွက်ထား
ပိုတဲ့ ၂ ယောက် လုပ်အားခ တနေ့ ၁၀၀၀၀ ကျပ် ကို နေ့စဉ်စု
တနှစ်ပြည့်ရင် ၃၆ သိန်းကျော် ရလိမ့်မယ်

ပန်းပုဆရာ ကလည်း ပန်းပုထည်များထဲက အကောင်းဆုံးတွေကို
ရောင်းမစားနဲ့ ဖယ်ထား

ဥပမာ ဆင် ရုပ် ၅၀၀ ထုရင် အသားကောင်းတာ အရည်ပန်းပါတာ
ကို လုံးဝမရောင်ဘဲဖယ်ထား
မဖယ်ဘဲ lot ထဲ ထည့်ရောင်းလည်း
ဒီဈေးရတာမို့ ရောင်းမစားနဲ့ ဖယ်ထားရမယ်
ဥပမာ တစ်လကို အရုပ် ၂၀၀၀ ပုံမှန်ထုရင် ၂၀၀ လောက် ခေါင်တွေကို ဖယ်ထား
တစ်နှစ်မှာ ရုပ်ထုပေါင်း ၂၅၀၀ လောက် စုမိမယ်

ပုတီး လုပ်ငန်းရှင်ကလည်း ပုတီးလုံးဖို့ လုပ်သား အင်အားကို
အပေါ်နည်းအတိုင်း လုပ်ပြီး တနှစ် ၃၆ သိန်းလောက် စုရမယ်
ပုတီးလုံးဖို့ အတစ်တွေ တစ်နေစဉ်မှာ ထောင်ပိုင်း ထောင်ကြီးပိုင်း
ထွက်နိုင်တဲ့ အတစ်တွေ တနေ့ ကို ၁၀၀ တစ် ရအောင်ဖယ်ထား
တနေ့ အလုံး ၅၀၀၀ လောက်ထဲက ၁၀၀ လောက်ဖယ်ထားတာ
ဘာမှ မသိသာဘူး
တနှစ်ဆို အလုံး ၃၅၀၀၀ လောက် ရမယ်
တလုံး ၁၀၀၀ ကျပ်နဲ့ မြှောက်ရင် ၃၅၀ သိန်း ရနိုင်ပါတယ်

ဒါဟာ အပန်းမကြီးတဲ့ ပထမ တရင်း စုဆောင်းဖို့ပါဘဲ
ငွေ သီး သီးဖို့ ငွေပင်စိုက်ရာ မှာ အရင် အပင်ပေါက်အောင် မျိုးစေ့ချတာပေါ့
အဲဒီ အရင်း ကို ဘာ အကြောင်းနဲ့ မှ မသုံးပါနဲ့
သုံးလိုက်ရင် မျိုးကို အပင်မစိုက်ဘဲ ပြုတ်စားသလိုမို့
မျိုး ပြုတ်တယ် ခေါ်တာပေါ့

မျိုးစေ့လေး အပင်စိုက်ကြည့်ရအောင်
စစ်ကိုင်း မှာ ပုတီးဝိုင်း ဈေးကွက် က တနှစ်ကို ဈေးကျတာ ဝယ်လို့ကောင်းတာ
၃ ကြိမ် ရှိပါတယ်
ကောင်းမှုတော် ဘုရားပွဲနီးချိန် မှာ ဘုရားပွဲမှာ နွဲချင်တော့ ထုတ်ရောင်းသူ
များလို့ ဈေးကျတတ်တယ်
တရုပ်နှစ်သစ်ကူးပြီး စ အချိန် ဝယ်လက်နည်းလို့ဈေးကျတယ်
သင်္ကြန် နားနီး ငွေ လိုလို့ ထုတ်ရောင်းကြတော့ ဈေးကျတယ်
အဲဒီ အချိန်မှာ အပေါ်ကပြောတဲ့နည်းနဲ့ တနှစ်စုထားတဲ့
ငွေနဲ့ အပင်စိုက်ပေတော့
သဘောကတော့ အဲဒီအချိန် မှာ ဝယ်ထားပြီးစုခိုင်းတာ

တနှစ်အတွင်း စုထားတဲ့ အသားကောင်း အရည်ပန်းပါတဲ့
ပန်းပုတွေ
နေ့စဉ် စုထားတဲ့ ထောင်ပိုင်းတန်တဲ့ပုတီးတွေ
ဈေးကျ ချိန် မှာ ဝယ်ထားတဲ့ ပုတီးစေ့တွေ
ကိုင်းဝိုင်းတွေ ဖေါက်ဆံတွေ ဖြတ်သားအကျတွေက နေ့စဉ်နဲ့ အမျှ
စုထားတဲ့ သခင်အပေါ်မှာ ရိုကြိုးစွာနဲ့ မအိပ်မနား အလုပ်လုပ်ပေးပါတယ်
အချိန်ကြောင့် ဈေးပိုရခြင်း
ဈေးကွက်ကြောင့် ဈေးပိုရခြင်း
ကျောက် ရှားလာလို့ဈေးပိုရခြင်း စတာတွေကို လုပ်ပေးနေတာပေါ့
ခင်ဗျားတို့တွေက ညဆိုရင် အိပ်မယ် အခါကြီရက်ကြီး အလုပ်ပိတ်မယ်
အိပ်နေရင် အလုပ်ပိတ်ထားရင် လုပ်ငန်းက ငွေမဝင်ပေမယ့်
ခင်ဗျားတို့ရဲ့ ကျေးကျွန် စုထားတဲ့ ပန်းပုတွေ ပုတီးတွေကတော့
မအိပ်မနေ အထက်က ပြောသလို အလုပ်လုပ်ပေးနေမယ်

အခု ခင်ဗျားတို့ သားသမီး ၂ နှစ်ကနေ နောက် ၁၆ နှစ် ပညာရေး
အခြေခံကောင်းရင် အမေရိကန် မှာ ကျောင်းထားနိုင်ပြီပေါ့
အခုလို ၁၆ နှစ်အတွင်း မျိုးစေ့ လေး တစ်စေ့ က ခြံကြီး ဖြစ်လာအောင်
ဖြန့်ထွက်တွေး ဖေါက်ထွက်တွေးပြီး ကံ ညဏ် ဝိရိယ နဲ့ လုပ်ကြပေါ့ဗျာ
ကျနော်ပြောတဲ့ စစ်ကိုင်း မှာ စိန် ထွက်တယ် ဆိုတာ အဲဒါ ကိုပြောတာ
စစ်ကိုင်း ဟာ ကုန်ကြမ်း အတွက် မန်းလေးနဲ့ နီးတယ်
ဈေးကွက် အတွက် အရောင်းဝိုင်း ရှိတယ်
လုပ်သား ပေါတယ်
အခြားမြို့တွေထက် စာရင် အခုလုပ်ငန်းတွေ မှာ အားသာချက်ရှိတယ်
ကျနော်တောင် မှ ဂျောင်ဂလောင် မြို့လေး မှာ နေပြီး
အလုပ်လုပ်နေသေးတာ ခင်ဗျာတို့ က ကျနော့်ထက် အခွင့်အရေး
အများကြီး သာပါတယ် လို့ ပြောပြတော့
သူတိဲု နားလည်သဘောပေါက် သွားဟန် တွေ့ရပါတယ်

အဲဒီ မှာ ကျောက်ဖြတ်ကျောက်သွေး လုပ်သားတွေက ပြောပြန်ပါတယ်
အာစရိတို့ လုပ်ငန်းရှင်တွေ အတွက် စစ်ကိုင်းက လုပ်ငန်းရှင်တွေ
အတွက် စိန်ထွက်ပေမယ့် ကျနော်တို့ ကတော့ နင်းပြား ပါဘဲ
အကိုရာတဲ့

ကျနော် က ညီလေးတို့ မမြင်မိလို့ပါ ညီလေးတို့ အတွက် စိန်တွင်း တွေ
အရံသင့် ရှိပါတယ်
လုပ်အား ခ ရတဲ့ အခါ ၅၀၀၀ မှ ၁၀၀၀၀ အထိရကြတာ တွေ့ရပါတယ်
ညနေလုပ်အားခရှင်းပြီးရင် သောက်တဲ့သူသောက် စားတဲ့သူစား
ရတာလေး ကုန်တာဘဲ
စုထားသူ ကလည်း ဘုရားပွဲမှာ အကုန်သုံးတာဘဲ
ဒါဟာ မျိုးပြုတ် စားတယ်လို့ ခေါ်တယ်
သူများတွေ သောက်စားနေချိန် မှာ ကိုယ် မသောက်ရလို့
ဘာမှ မဖြစ်ဘူး ကိုယ် အကောင်းတွေ မဝတ်ရလို့ ဘာမှ
မဖြစ်ဘူး
ဗိုလ်ချုပ် အောင်ဆန်း ပြောသလို သူများ ခြေလှမ်း
တစ်လှမ်း သွားရင် ၁၀ လှမ်းသွားရမယ် ဒါ မှ တနေ့ သူလို ဖြစ်လာမယ်
ဒီတော့ မင်းတို့ရတဲ့ လုပ်အား ခထဲက တနေ့ ၂၀၀၀ ကျပ် ကို
မဖြစ်မနေစုပါ တနှစ်ကို ၇ သိန်း ရမယ်
ရတဲ့မျိုးစေ့ကို အပင်ဖေါက်တာကတေတာ့ အပေါ်က ပြောသလို ညီလေး
တို့ လုပ်တတ်ပါတယ်
၃ နှစ်လောက် သူများသုံးသလိုမသုံး နဲ့
လုပ်ငန်း တစ်ခု စလို့ရပြီ
အကိုပြောတာဟာ ပန်းပုထုသလောက် ခက်သလား
မခက်ပါဘူး အကိုတဲ့
မခက်ရင် ဒီနေ့က စပြီး လုပ်ပေတော့
ညီလေးတို့ ဟာလည်း စိန်တွင်းကို ဖင်ခု ထိုင်ထားတာ
သတိမထားမိလို့ပါ

ဒီလိုတွေ ပြောနေတုန်း လဘက်ရည်ဆိုင်ရှေ့ မှာ ဖွင့်ထားတဲ့
ကွမ်းယာဆိုင် ပိုင်ရှင် ကလည်း မှာထားတဲ့ ကွမ်းယာ လာပေးရင်း
နားထောင်နေတာ ကိုး
သူကလည်း ကျနော် လည်း အိမ်က ကလေးတွေကို ပညာထူးချွန်ရင်
အမေရိက မှာ ကျောင်းထားချင်တယ် အကိုတဲ့ ဘာလုပ်ရမလဲတဲ့
ကျနော်က ပြောပါတယ်
သိပ်ကို ဖြစ်တာပေါ့ ခင်ဗျာ ဘာလို့ မဖြစ်နိုင်ရမှာလည်း
ကွမ်းယာဆိုင်ရှင်က မဖြစ်နိုင်ဘူး ထင်ပြီး မေးတယ်ထင်ပါရဲ့
ဗျာ ဆိုတဲ့ အသံကြီးကြားလိုက်ရတယ်

ကျနော်က အခု ခင်ဗျား တနေ့ကို ကွမ်း အချိန် ဘယ်လောက် ကုန်လည်း
မေးကြည့်ပါတယ် တနေ့ ၂ ပိသာ ကုန်တယ်တဲ့
ဒါဆို သေချာပေါက် ဖြစ်တယ်
ခင်ဗျား တနေ့ကို အမြတ်ငွေ ၁၀၀၀၀ အထက်မှာ ရှိလိမ့်မယ်
အဲဒီ အထဲက တစ်ရက်ကို ၅၀၀၀ မဖြစ်မနေစု
ကြက်သား ဝက်သားမစားရလို့
ဘီယာမသောက်ရလို့ ဘာမှ မဖြစ်ဘူး
သောက်ချင် စားချင်လည်း နောက် ၅ နှစ်လောက် မှစား
အခုတော့ နည်းနည်းအောင့်ထား
တရက် ၅၀၀၀ စုရင် တနှစ် သိန်း ၂၀ လောက်ရမယ်
အဲဒီမှာ မျိုးစေ့ချတော့ ရပြီ
ကွမ်းယာဆိုင် နောက် တစ်ဆိုင် ကို နေရာရွေးပြီး ထပ်တည်
ရွက်ရည်ကော်မရှင်စား ယာသူ ကို ဌားထားလိုက် အဲဒီက ရသမျှခ
ခင်ဗျားရဲ့ အပိုဝင်ငွေဘဲ ခင်ဗျား အိပ်နေလည်း ဝင်နေမှာဘဲ
ဆိုင်သစ်အတွက် ၅ သိန်းလောက် ကုန်ရင် ပိုငွေ ၁၅ သိန်းကို
ကျောက်နားလည်တဲ့ ခင်ဗျား မိတ်ဆွေ အကူအညီနဲ့ ပုတီးဈေးကျချိန်
ဝယ်စုပေတော့
နောက်ဆိုင်က ရသမျှကို မသုံးဘဲ စုထားပြီး ဆိုင်ခွဲတွေ ဖွင့်သွားရင်
တနှစ်အတွင်း ၁၀ ဆိုင်ဖွင့်နိုင်မယ်
ဒါလောက်ဆို နောက်၁၅ နှစ်ဆို အမေရိကန် မှာ ခင်ဗျား
သားသမီးတွေ ကျောင်းထာနိုင်ပြီပေါ့
ကွမ်း ဆရာက သဘောပေါက်လွယ်တယ်
မျက်လုံးထဲ မှာ မျှော်လင့်ချက် အရိပ် အယောင်တွေနဲ့

မျိုးဆက်သစ်များ အတွက် ချန်ထားရစ်ခဲ့ရာ မှာ အိမ်ထောင်သည်
ဖြစ်စေ လူပျိုကြီး အပျိုကြီး ဖြစ်စေ မိမိတို့ အတွက် အသင့်အတင့်သာ
သုံးစွဲပြီး မျိုးဆက်သစ် များအတွက် သားသမီးဖြစ်စေ
အမျိုးတော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ ချန်နိုင်တာ ချန်ထားပေးဖို့
အားလုံးဆောင်ရွက်ဖို့ လိုပါတယ်
သေရင်ပါသွားမှာက ကိုယ့်ရဲ့ ကောင်းမှု မကောင်းမှု
ထားခဲ့ရမှာ က အကုန်လုံး
အဲဒါကြောင့် နောက်မျိုးဆက်များအတွက် ချန်ထားနိုင်အောင်
ကြိုးစားရပေမည်

စစ်ကိုင်းမြို့ လိုပါဘဲ မည်သည့်မြို့ မည်သည့်နိုင်ငံ မည်သည့်နေရာ
နေထိုင်သည်ဖြစ်စေ ကိုယ့်ဖင်အောက် မှာ စိန်တွင်း ရှိပါတယ်
တူးဖေါ်ဖို့တော့ လိုတာပေါ့

ဆန်းမိုးအောင် မုံရွာ
https://www.facebook.com/photo.php?fbid=321461321518807&set=a.130385923959682.1073741827.100009648252060&type=3&theater

No comments:

Post a Comment