Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 29, 2017

YBS ကား အစီး ၁၀၀၀ နောက်ကွယ်က


YBS ကား အစီး ၁၀၀၀ နောက်ကွယ်က

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း ( MES) Automobile Technical Divisionက ပြီးခဲ့တဲ့ စနေနေ့မှာလုပ်တဲ့ seminar တက်ခဲ့ရပြီး YBS အတွက် တရုတ်ကားများ ဝယ်ယူဖို့ MES ဥက္ကဌ အပါအဝင် အကဲဖြတ် အဖွဲ့ဟာ တရုတ်ကားတွေကို ဘယ်လို အရည်အသွေး စစ်ဆေးပြီး ဘယ်လိုအချက်တွေကို စာချုပ်ထဲ ထည့်ချုပ်ခဲ့သလဲဆိုတာ သိခွင့်ရခဲ့ပါတယ်။

Commercial အပိုင်း
တစ်စီးကို $၅၆,၀၀၀ ပေးရပါတယ်။ ကားတိုင်းမှာ Spare wheel, tool box, CCTV 4 လုံး ပါမှာဖြစ်ပါတယ်။ (ဦးပိုင်က အရင် ပါရမီအတွက် ဝယ်တုန်းက တစ်စီးကို $ ၈၀,၀၀၀ ပေးရပြီး ကား အစီး ၃၀ အတွက်မှ spare wheel တစ်လုံးပဲ ရပါတယ်။ tool box ပါမပါတော့ မသိပါဘူး)

အာမခံ (Warranty)
ကီလို ၁၅၀,၀၀၀ အာမခံရပါတယ်။ (ပထမက ၂၄လ (သို့) ကီလို ၁၀၀,၀၀၀ ကနေ MES က ကီလို တစ်သိန်းခွဲ ရအောင် ဆွဲတင်သွားတာပါ။)

Engine
မူလ spec က ၂၃၀ hp diesel engine ဖြစ်ပေမယ့် ၂၆၀ hp gas engine ပြောင်းတပ်ခိုင်းတယ်။ spec နဲ့ ဈေး ညှိကြရင်း ၂၅၀ hpကို ဈေးမပြောင်းပဲနဲ့ ရတယ်။ ၂၅၀ hp ဆို AC မနိုင်မှာစိုးလို့ မှန်တွေကို polarized ပြောင်းတပ်ခိုင်းတယ်။ polarized ဆိုတော့ အပူသက်သာစေတယ်။ ကား AC အတွက် ဝန်နည်းစေတယ်။

Safety
တရုတ်တံဆိပ်ဖြစ်နေတာရယ်၊ သမိုင်းတရားခံမဖြစ်အောင်ရယ်၊ ပညာရှင်ဖြစ်နေတာရယ်ကြောင့် အကဲဖြတ်အဖွဲ့ဟာ နေရာစုံ ထောင့်စုံ သေချာစစ်ခဲ့ပါတယ်။ (technical အပိုင်းကို အသေးစိတ် မရေးတော့ဘူး။ အများကြီး မမှတ်မိတာလဲပါတယ် 😁😁) ကားတစ်စီးကို random ရွေးပြီး အကဲဖြတ် အဖွဲ့ဝင် ၁ ယောက်က ကိုယ်တိုင် မောင်းပြီး ကျန်သူတွေက လူ၈၀ထဲမှာ အတူ စီးကြည့်ပါတယ်။ လူ ၈၀ ပါတဲ့ကားကို ကီလို ၅၀ နဲ့ ကွေ့တာ အထဲက လူတွေ မယိုင်သွားဘူးလို့ ဆိုပါတယ်။
CNG သုံးမှာဖြစ်ပြီး ကားခေါင်မိုးပေါ်မှာ Gas အိုးတင်ထားပါတယ်။ ( CNG ဟာ လေထက်ပေါ့လို့ ယိုစိမ့်မှုဖြစ်ရင် ကားခေါင်မိုးကတဆင့် လေထဲရောက်ပြီး ခရီးသည်တွေကို မထိခိုက်အောင်ပါ။)

After Sales
ကားတွေ လမ်းပေါ်စမောင်းတာနဲ့ ကားWorkshop ဖွင့်အပြီးဖြစ်ရမယ်။ Spare Parts တွေ အဆင်သင့် ဖြစ်နေရမယ် လို့ စာချုပ်ထဲထည့်ချုပ်ထားပါတယ်။ (အခု အမှတ် ၃ လမ်းမကြီးပေါ် Foton ကုမ္ပဏီနား မှာ မြေနေရာ ရလို့ workshop စဆောက်နေပြီလို့ ဆိုတယ်)

Training
workshop မှာ လုပ်မယ့် mechanicsတွေဟာ မြန်မာနိုင်ငံသားတွေပဲ ဖြစ်ရမယ်။ trainer ကတော့ ကုမ္ပဏီက ကျွမ်းကျင်သူဖြစ်ရမယ်။ ဒါပေမယ့် အချိန် တစ်ခုရောက်ရင် မြန်မာနိုင်ငံသားကိုပဲ တာဝန်ပေးရမယ်။ (ဒါမှသာ technology transfer ရပြီး ကိုယ့်လူတွေ အလုပ်အကိုင်လဲရမယ်) ဒါ့အပြင် ကားတွေရောက်တာနဲ့ ယဉ်မောင်းတွေကို လမ်းပေါ်မှာ စနစ်တကျ မောင်းပုံမောင်းနည်းတွေ (operation and maintenance) လာသင်ပေးမယ်။

Arrival Check
ဟိုမှာ order မမှာခင် စစ်သလိုပဲ ဒီမှာ သင်္ဘောရောက်တာနဲ့ MES, ကညန၊ စီးပွားကူးသန်း အစရှိတဲ့ အဖွဲ့ပေါင်းစုံ စစ်မယ်။ ပြောထားတဲ့ Spec အတိုင်းမဟုတ်ရင် ဆိပ်ကမ်းကနေပဲ ပြန်လှည့်ခိုင်းမယ်။

ps: seminar မှာ ပြောသွားတာ အများကြီးပဲ။ မှတ်မိသလောက်ပြန်ရေးထားတာပါ။

Ye Wana Hlaing

No comments:

Post a Comment