Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017

NLD အစိုးရကို ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းပေးစေလိုမှုနဲ့ တရားစွဲ

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ဖျက်သိမ်းပေးစေလိုမှုနဲ့ NLD အစိုးရကို တရားစွဲဆိုလိုက် ပါတယ်။

၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MUP ၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ UNDO၊ လူ့အခွင့်အရေး ချိုးဖေါက်မှုဆိုင်ရာ စုံစမ်းဖေါ်ထုတ်ရေးကော်မတီ၊ ပြည်ထောင်စု တိုင်းရင်းသား တောင်သူ လယ်သမားသမဂ္ဂနဲ့ ကရင်အမျိုးသမီးအစည်းအရုံးစတဲ့ အဖွဲ့အစည်း (၅) ခုတို့က စုပေါင်းပြီး တရားဆွဲဆိုလိုက်တာပါ။

ဒီလို တရားစွဲဆိုမှုနဲ့ပတ်သက်ပြီး မေလ ၂ ရက်နေ့က ရန်ကုန်မြို့ရှိ ၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ MUP ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ သတင်းစာရှင်းလင်းပွဲမှာတော့ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၀၈ ခုနှစ်က ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ် အတည်ပြုခဲ့စဉ်က မြန်မာနိုင်ငံရဲ့ လူဦးရေနဲ့ ၂၀၁၄ ခုနှစ် ပြည့်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရာမှာ ရရှိတဲ့ လူဦးရေစာရင်း ကွာဟချက်တွေအပေါ် ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိတဲ့ အချက် အလက်တွေနဲ့ တရားစွဲဆိုသွားမှာလို့ MUP အဖွဲ့ရဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

ဒါအပြင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ရည်ညွှန်းပြီး ဥပဒေ ကြောင်းအရ တရားစွဲဆိုတာ ဖြစ်ပေမယ့် လက်ရှိ တိုင်းပြည်အာဏာကို ရရှိထားတဲ့ NLD အစိုးရအဖွဲ့ကို တရားစွဲဆိုရတာဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဒီဆောင်ရွက်ချက်ဟာ NLD အစိုးရကို နိုင်ငံရေးအကြပ်အတည်း ဖြစ်ပေါ်အောင်ရည်ရွယ် လုပ်ဆောင် တာမျိုးမဟုတ်ပဲ NLD ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းကို နည်လမ်းတစ်ခု အနေနဲ့ ဆောင်ရွက်ပေးတာလို့လည်း ဦးဒေးဗစ်လှမြင့်က ပြောပါတယ်။

လက်ရှိအခြေအနေမှာတော့ တရားစွဲဆိုတဲ့ ကိစ္စရပ်နဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းနဲ့ အထောက်အထားတွေကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော် အတိုင်ပင်ခံရုံးအပါအ၀င် ပြည်ထောင်စုတရားလွှတ်တော်တွေကို မေလ ၂ ရက်နေ့ ရက်စွဲနဲ့ ပေးပို့ထားတာပါ။ အဲ့ဒီနောက်မှာတော့ နေပြည်တော်ကောင်စီရှိ ခရိုင်အဆင့် တရားရုံး တခုကနေ စတင် တရားစွဲဆို သွားမှာ ဖြစ်ပါတယ်။
MCN

No comments:

Post a Comment