Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017

ဦးကိုကိုကြီး နိုင်ငံရေးပါတီတွင် ပါဝင်ပြီဆိုပါက ၈၈ ငြိမ်းပွင့်မှ အလိုအလျောက် နှုတ်ထွက်ပြီးဖြစ်မည်


Byအောင်ဇော်ထွန်း
On  Tue, 2017-05-02 18:25
Locationရန်ကုန်
Issue No.1430 Tuesday, May 2, 2017

နိုင်ငံရေးပါတီသစ်ထူ ထောင်နိုင်ရေးကြိုးစားနေသည့် ဦးကိုကိုကြီးအနေဖြင့် နိုင်ငံရေးပါ တီတွင် ပါဝင်ပြီဆိုပါက ၈၈ မျိုး ဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ အလိုအလျောက်နှုတ်ထွက်ပြီးဖြစ်လိမ့်မည်ဟု သတင်းရရှိသည်။

၈၈ မျိုးဆက် (ငြိမ်းပွင့်)ခေါင်း ဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး အပါအ၀င် အဖွဲ့မှပုဂ္ဂိုလ်များအ နေဖြင့် နိုင်ငံရေးပါတီသို့ ပါဝင် မည်ဆိုပါက အဖွဲ့မှ အလိုအ လျောက်ထွက်ပြီး ဖြစ်သည်ဟု ဦးဂျင်မီက ဆိုသည်။

‘‘နိုင်ငံရေးပါတီကို သွားပြီဆို ရင် ကျွန်တော်တို့ ငြိမ်းပွင့်မှာ ဘာတာဝန်မှ ရှိတော့မှာမဟုတ်ပါ ဘူး။ ငြိမ်းပွင့်ကနေ အလိုအ လျောက်ထွက်ပြီးသား ဖြစ်သွားပါ လိမ့်မယ်’’ဟု ၎င်းက ပြောသည်။

နိုင်ငံရေးပါတီတည်ထောင် ရေးသည် ဦးကိုကိုကြီး လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက စီစဉ်ထားသော စိတ်ကူးဖြစ်ပြီး ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက် (ငြိမ်းပွင့်) အတွင်း မည်သည့် ပြဿနာမျှမရှိဟု ဦးဂျင်မီက ပြောသည်။

‘‘အင်အားစုတွေအားလုံး ညီ ညီညွတ်ညွတ်နဲ့ ဒီမိုကရေစီဖက် ဒရယ်ပြည်ထောင်စုထူထောင် ရေးကို ချီတက်နိုင်ဖို့ အဲဒါက အဓိကအကျဆုံး၊ အရေးကြီးဆုံး’’ ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဦးကိုကိုကြီး သည် နိုင်ငံရေးပါတီသစ်ထူ ထောင်ရေးဦးဆောင်ကြိုးပမ်းနေ ပြီး နိုင်ငံရေးပါတီတစ်ရပ် ပေါ် ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ကို မတ်လကုန်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည်။ ယင်းဆွေးနွေးပွဲ တွင် နိုင်ငံရေးလေ့လာသုံးသပ်သူ များနှင့် နိုင်ငံရေးပါတီများမှပုဂ္ဂိုလ် များအပါအ၀င် ဆွေးနွေးပွဲတက် ရောက်သူများထံမှ ပါတီမူဝါဒပိုင်း ဆိုင်ရာ အကြံပြုချက်များရယူခဲ့ သည်။ အဆိုပါနိုင်ငံရေးပါတီကို ၂၀၁၇ နှစ်ကုန်တွင်တရားဝင်မှတ် ပုံတင်ကာ ၂၀၂၀ ရွေးကောက်ပွဲ ၀င်ပြိုင်နိုင်ရေး ကြိုးစားနေခြင်း ဖြစ်သည်။

‘‘ကိုမင်းကိုနိုင်ရယ်၊ ကျွန် တော်ရယ်၊ မနီလာသိန်းတို့ နဂိုက တည်းက နိုင်ငံရေးပါတီမှာ မပါ ဘူးလို့ လုပ်ထားပြီးသား။ ဒီဟာ (နိုင်ငံရေးပါတီထူထောင်ရေး)ကို ဦးကိုကိုကြီးတို့ အဓိကလုပ်ကြမှာ လေ။ ပါတဲ့လူတွေလည်း ပါကြမှာပါ။ ကိုမင်းကိုနိုင်က နိုင်ငံရေးပါတီလုပ်ဖို့ လုံးဝအစီအစဉ်မရှိဘူး။ ကျွန်တော်ကလည်း ကျွန်တော်တို့ ၈၈ အဖွဲ့အစည်းကလည်းရှိတော့ ဒီအဖွဲ့အစည်းကို တာဝန်ယူပြီး လုပ်ရမယ့် ကိစ္စတွေရှိနေတာကိုး။ အဲဒါကြောင့် ကျွန်တော်တို့က နိုင် ငံရေးပါတီမှာ မပါဘဲနဲ့ ၈၈ ငြိမ်း ပွင့်မှာပဲ ဆက်ရှိမှာပါ’’ဟု ဦးဂျင်မီ က ပြောသည်။

၈၈ ငြိမ်းပွင့်၏ ခေါင်းဆောင် ဦးမင်းကိုနိုင်သည် အဖွဲ့တွင် ဆက်ရှိနေမည်ဟု ၎င်းကပြောသည်။

၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးပြုံး ချိုသည် ၂၀၁၅ ရွေးကောက်ပွဲတွင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်လာသည်။ ဦးပြုံးချိုသည်လည်း ကိုယ်စားလှယ်ဖြစ်ပြီးနောက် ၈၈ မျိုးဆက်(ငြိမ်းပွင့်) လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခြင်းမရှိတော့ပေ။

လက်ရှိဖြစ်ပေါ်နေသည့် မြန် မာနိုင်ငံ၏ နိုင်ငံရေးလိုအပ်ချက် နှင့် ဒီမိုကရေစီနိုင်ငံတည်ဆောက် ရာတွင် တစ်တပ်တစ်အားပံ့ပိုး ဆောင်ရွက်လိုခြင်း ရည်ရွယ်ချက် ဖြင့် ပါတီသစ်ထူထောင်နိုင်ရေး ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု ၈၈ မျိုးဆက်ခေါင်းဆောင်တစ်ဦး ဖြစ်သူ ဦးမင်းဇေယျက ဆိုသည်။

ပါတီသစ်ထူထောင်နိုင်ရေး ဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ဦးကိုကိုကြီးက ‘‘ကျွန်တော်တို့ နိုင် ငံရေးပါတီဖွဲ့ဖို့က တစ်ဦးချင်းရဲ့ သဘောထားတွေနဲ့ လုပ်မှာ။ အ တိုက်အခံပါတီဆိုတဲ့ အသုံးအနှုန်းမသုံးဘူး။ ရပ်တည်ချက်တွေ၊ ဝေ ဖန်အကြံပြုချက်တွေနဲ့ အာဏာရ ပါတီကို ကူညီသွားမှာပါ’’ဟု ပြောကြားထားသည်။
7Daydaily

No comments:

Post a Comment