Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, May 22, 2017

LE VENERABLE W Bande Annonce (Documentaire - 2017)

 ဦး ၀ီရသူ နဲ့ မျိုးချစ်အစွန်းနစ် နေတဲ့ နောက်လိုက်တွေရဲ့ ကောက်ကြောင်း လိုက်ထားတဲ့ ဒေါ့ကူမန်ထရီ ရုပ်ရှင်ဟာ ကိန်း ရုပ်ရှင်ပွဲတော်မှာ ရွေးချယ်ခံရပြီး ဂျွန်လ ၇ ရက်ဆို ရုံတင်ပါတော့မယ် ။
သတင်းဆောင်းပါးတွေမှာ အမြည်းပြထားတဲ့ trailer တွေ ကို ကြည့်ရသလောက်မှာတော့ ဗုဒ္ဓ ရဲ့ တရားတော်တွေ ထဲကို အမုန်းတရားတွေ တစက်ချင်း ၊ တခွန်းချင်း စိမ့်ဝင် အဆိပ်ခတ်နေတဲ့ သူအဖြစ် သူ့ အကြောင်းကို တင်ပြထားပါတယ် ။ ဟိုး အစောပိုင်းကလာ တွေမှာ ကတည်းက သူလာရာ လမ်းကြောင်း ၊ သူပြောခဲ့တဲ့ စကားတွေ နဲ့ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ အဆက်အစပ်တွေ မြင်ရမယ် ။

မိတ္ထီလာ လိုမျိုး သွေးပျက်တုန်လှုပ်ဖွယ်ရာ လူမဆန်တဲ့ ၊ အခုချိန်ထိ တရားဥပဒေ ရှေ့မှောက် မပို့နိုင်သေးတဲ့ ၊ သတင်းတွေက မပြရက် မတင်ရက်လို့ ( မတင်ရဲတာလည်း ဖြစ်နိုင်) လက်တို့ ကြည့်နေရတဲ့ ဗီဒီယို မြင်ကွင်းတွေ လည်း ပါရဲ့ ။
ဒီစာရေးတဲ့ ကျနော်ကတော့ နှစ်ဖက်စလုံးက မှတ်တမ်းတွေ အတော်များများ ကို မြင်ခဲ့ ဖူးပြီး ဖြစ်ပါတယ် ။ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဒီလို အော်ဂလီဆန်စရာ အဓမ္မမှု တွေ နောက်ထပ် မမြင်ရအောင် အသက်ရှိနေသ၍ ပြောဆိုနိုင်နေသ၍ အသံထုတ်နေရမှာသာ ဖြစ်ပါတယ် ။
ကျနော့ နောက်မျိုးဆက်ကို လူ့ ကမ္ဘာမှာ diversity - မတူကွဲပြားခြင်း ကို လက်ခံနိုင်ဖို့ ၊ မတူခြင်းကို ဆန့်ကျင်စရာ မဟုတ် ၊ အမြင့်ဆုံး အနေနဲ့ နေ့စဉ်ဘ၀ထဲက လူမှုဆက်ဆံရေး စိန်ခေါ်ချက်လောက် လက်ခံပြီး လူပီသဖို့ ကျနော် သင်ကြားရပါဦးမယ် ။
ဒီ မှတ်တမ်းရုပ်ရှင် ရဲ့ ဒါရိုက်တာ Barbet Schroeder ရဲ့ အကြောင်းကိုလည်း ဂူးဂဲကနေ တဆင့် ရှာကြည့်ထားပါတယ် ။ ကမ္ဘာကျော် ဆွစ်ဇ် ဒါရိုက်တာပါ ။ ဒေါ့ကူမန်ထရီ -မှတ်တမ်းကားတွေ ပိုပြီးတော့ ထူးချွန်တယ် ။ အီရန် အနွယ်ဖွား ပါရှားပေမဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်တယ် ။ တရားတော်တွေ ကို တီးမိခေါက်မိ လေ့လာအား ကောင်းတယ် ဆိုတာ တွေ့ပါတယ် ။
Narration နောက်ခံ စကားပြောပိုင်း နဲ့ ပေးသွားတဲ့ မက်ဆေ့မှာ မြတ်ဘုရား ဟောကြား ခဲ့တာ မေတ္တာတရား သက်သက်မို့ ဒီလိုအမုန်းတရားတွေ မထိခိုက် မလွှမ်းမိုးနိုင်ဘူး မထင်လိုက်ပါနဲ့ လို့ ကျနော်တို့ လို သက်ဝင်ယုံကြည်သူတွေ ကို လက်တို့ ထားပါတယ် ။ စိတ်စေတနာ အခံ နဲ့ ပြတယ် လို့ပဲ မြင်ပါတယ် ။ ဒါကို highlight အလုပ်ခံရကာမှ ၊ ကမ္ဘာကို ချပြကာမှ ရှက်ရလေသကောလို့ ဒေါသထွက်နေလို့ မဖြစ်ပါဘူး ။
ကျနော်တို့ ကိုယ်မှာ အိုင်းအနာ အကြိတ်ကြီး ဖွဲ့တည်လာကတည်းက မခွဲစိတ် မဖောက်ထုတ်ဘဲ မန်းဆေးလေး အုံကာ အုံကာ ဖုံးလာခဲ့ကြတာ ခုတော့ ပြည်တရွှဲရွှဲ နဲ့ အနာရဲကြီး ဖြစ်နေခဲ့ပါပြီ ။
တတ်နိုင်သလောက် ဖန်ဆေးမယ် ၊ ဆေးအုံမယ် ၊။ အနာခြောက်အောင် ကြိုးစားမှာပဲ ။ အမာရွတ်ကတော့ အကြီးကြီး ကျန်ခဲ့ပါပြီ ။
ဒိအတွက် ၀မ်းနည်းနေကြဖို့ အချိန် မကျန်တော့ပါ ။
Win Naing Oo

No comments:

Post a Comment