Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

အရက်မူး၍ လူသတ် သောင်းကျန်းသူကို ဖမ်းဆီး



ရှမ်းပြည်နယ် ကျိုင်းတုံမြို့ နယ် ကဖအုပ်စု ယန်းဝိုးရွာနေ မနန်းလာသည် ပြီးခဲ့တဲ့ မေလ (၅)ရက်နေ့ ညနေ(၄)နာရီခန့်တွင် ကဖကျေးရွာရှိ မင်္ဂလာဆောင် တစ်ခုမှအပြန် ယန်းဝိုးရွာဘုန်ကြီးကျောင်းဘေးအရောက် ရွာလယ်လမ်းမတွင် ဖခင်ဖြစ်သူ ဦးနန်ဆမ်တွီ(၆၈နှစ်)ကို တစ်ရွာထဲနေ စိုင်းဆမ်(ခ)ရွှေအ က ဒူးလေးမြှားဖြင့် (၂)ချက်ပစ်ခတ်ပြီး လဲကျသွားချိန် အိုက်ဆမ်ကဆက်၍ ဓားဖြင့်ခုတ်၊ ဒူးလေးဖြင့် ရိုက်နက်ရာ မနန်းလာအော်ဟစ် အကူအညီတောင်းစဉ် စိုင်းဆမ်ထွက်ပြေးသွားခဲ့သည်။


ဦးနန်ဆမ်တွီမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး ရွာဓလေ့အရ ညတွင်းခြင်း မီးသဂြိုဟ်ခဲ့ကြသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မနန်းလာသည် မည်သူ့ထံကိုမျှတိုင်းကြားခဲ့ခြင်း မရှိခဲ့ပေ။

မေလ(၆)ရက်နေ့ လည်ပိုင်းတွင် စိုင်းဆမ်သည် မူးယစ်ပြီး ယန်းဝိုးရွာ၌ သောင်းကျန်းပြန်ရာ ကဖကျေးရာအုပ်ချုပ်ရေးမှူးက ကတ်တောင်နယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့၍ ဒုရဲအုပ်ရွှေသိန်းနှင့်အဖွဲ့ ယန်းဝိုးကျေးရွာသို့ ရောက်ရှိပြီး စိုင်းဆမ်ကို ထိန်းသိမ်းမှ (၅)ရက်နေ့က ဦးနန်ဆမ်တွီ အသတ်ခံရမှုကိုသိခဲ့ရပြီး မူးယစ်သောင်းကျန်း လူသတ်မှုဖြစ်၍ မြို့မရဲစခန်းသို့ တိုင်တန်းစေခဲ့သည်။

မနန်းလာသည် မေလ(၆)ရက်နေ့ ည(၇)နာရီခန့် အချိန်တွင် ဖခင်ဖြစ်သူ အသတ်ခံရမှုအတွက် ကျိုင်းတုံမြို့မရဲစခန်းသို့ တိုင်းကြားရာ မြို့မရဲစခန်းမှ စိုင်းဆမ်ကို ဖမ်းဆီး၍ အမှုဖွင့်အရေးယူထားသည်။

mmn(ktg)
ကျိုင်းတုံ သတင်းစာ

No comments:

Post a Comment