Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

ကိုယ်ဝန်ရှိ မြန်မာအလုပ်သမတစ်ဦးအား ထိုင်းလူမျိုးတစ်ဦးမှ အဓမ္မပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား


ဘန်ဖရောင်း ၊ မေ ၇ ရက်

ထိုင်းနိင်ငံ စာမွတ်စာခွန်ခရိုင် မဟာချိုင် ဘန့်ဖရောင်းမြို့နယ်တွင် သွားရောက် နေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိသည့် မြန်မာအလုပ်သမ မချိုမြင့် (အမည်လွဲ) အသက် ၂၃ နှစ်အား မေလ၆ ရက်နေ့ ၊ မွန်းလွဲ (၁)နာရီခွဲအချိန်ခန့် က မြန်မာအလုပ်သမားများ၏ အခန်းများအား ဖောက်ထွင်း ခိုးယူသည့် ထိုင်းလူမျိုးတစ်ဦးမှအခန်းထဲဝင် အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်စဉ်တစ်ရပ်ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ပြုကျင့်ရန်ကြံစည်ခံရသူ သည် ကိုယ်ဝန်ဆောင်ထားရသောကြောင့် အလုပ်မှ ခေတ္တခွင့်ယူ၍ အခန်းတွင်အနားယူနေခဲ့ရာ ပန်ကာပျက်နေသဖြင့် အခန်းတံခါးဖွင့် အိပ်နေစဉ် ပစ္စည်းခိုးရန်ရည်ရွယ်ချက်ဖြင့် လာသည့် ထိုင်းအမျိုးသား ( အသက် ၃၀ကျော်ခန့် ) တစ်ဦးသည် ရုပ်ရည်သန့်ပြန့်သော သူမအား တွေ့မြင်ခဲ့ရာ စိတ်ပြောင်းသွားပြီး အဓမ္မပြုကျင့်ရန်ကြိုးစားရာ သူမက''ယောကျာင်္းရှိပါကြောင်း လက်ရှိကိုယ်ဝန်လည်း လေးလ ရှိနေပါကြောင်း''တောင်းပန်ရင်း အတင်းရုန်းကန် အော်ဟစ် အကူအညီတောင်းမှုကြောင့် အဆိုပါအမျိုးသားမှ သူမ၏ ဖုန်းတစ်လုံးယူပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ထိုင်းအခြေစိုက် လူမှုကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် AAC မဟာမိတ် အဖွဲ့ အကူအညီဖြင့် ထိုင်းအာဏာပိုင်များနှင့်ပူးပေါင်း၍ သူမအား လိုအပ်သည့် ကျန်းမာရေး ဆေးစစ်ချက်များရယူခြင်း နှုင့် တရားခံဖမ်းဆီးမိနိင်ရေး ဆက်လက်ဆောင်ရွက်လျှက်ရှိကြောင်း ထိုင်းနိုင်ငံမှလာသည့်သတင်းများအရသိရသည်။

Iprd Kawthoung Iprd

No comments:

Post a Comment