Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

ဖားဆောင်းမြို့ နယ်တွင် ဆိုင်ကယ်ချင်း တိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံး



ကယားပြည်နယ် ဖားဆောင်းမြို့ နယ်တွင် ဆိုင်ကယ်ချင်း တိုက်မှုကြောင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ မေလ ၇ ရက်နေ့ ၇း ၃၀ နာရီ ဝန်းကျင်အချိန်၌ ဖားဆောင်း-မယ်စဲ့လမ်း သံလွင်တံတားအနီး (ကျောက်ပဲညို)နေရာတွင် မယ်စဲ့မှမောင်းနှင်လာသော ဆိုင်ကယ်နှင့် ဖားဆောင်းမှ မောင်းနှင်လာသော ဆိုင်ကယ်ချင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ခြင်းဖြစ်သည်။


ယင်းဖြစ်စဉ်ကြောင့် ဖားဆောင်းမြို့ စုစည်းရပ်ကွက်နေ ဖားဆောင်းမှ ဆိုင်ကယ်ကို မောင်းနှင်လာသော စောနေမူ (၁၄)နှစ်က ပွဲချင်းပြီးသေဆုံးခဲ့သည်။

စောနေမူးနောက် လိုက်ပါစီးနင်လာသော ဖိုးခွား (၁၃)၊အောင်ဝင်း (၁၂)တို့မှာ ဒဏ်ရာအသီးသီးရရှိသွားပြီး ဖားဆောင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးနေသည်။

တဖက်မှာ မောင်းနှင်လာသော ဆိုင်ကယ်မောင်းသူမှာ ၎င်း၏ ဆိုင်ကယ်ကို ချန်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည်။

ဓာတ်ပုံ-စိုင်းလင်းလင်းဦး/ကန္တာရဝတီတိုင်း(မ်)
Kantarawaddy Times
https://www.facebook.com/kantarawaddytimes

No comments:

Post a Comment