Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, May 7, 2017

ကျင်းတူးမြှုပ်​ထားသည့်​ အမျိုးသားအ​လောင်း တစ်​​လောင်း​တွေ့ရှိ



မေ ၇ရက်​ ၂၀၁၇

မောင်​​တောမြို့နယ်​ ဒုံးကုလား(​တောင်​)​ကျေးရွာ၌ သစ်​ကိုင်းများစုပုံထားပြီး ​မြေမြှုပ်​ထားသည့်​ အမျိုးသားအလောင်းတစ်​​လောင်းအား​တွေ့ရှိခဲ့သည်​။

အမျိုးသားအ​လောင်းတစ်​​လောင်း​မြေမြှုပ်​ထား​ကြောင်းသတင်းအရ ​မေ ၆ရက်​ ည​နေ ၃နာရီခွဲတွင်​ ကြိမ်​​ချောင်းရဲစခန်းမှ လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များသည်​ ဒုံးကုလား(​တောင်​)​ကျေးရွာသို့ သွား​ရောက်​စစ်​​ဆေးရာ သစ်​ကိုင်းများစုပုံထားပြီး အနက်​​၄​ပေ ၅လက်မ​ခန့်​ ကျင်းတူးမြှုပ်​ထား​သော ပိတ်​ဖြူဖြင့်​ပတ်​ထားသည့်​ အသက်​ ၃၅ နှစ်​ခန့်​ရှိ အမျိုးသားအ​လောင်းတစ်​​လောင်းအား ​တွေ့ရှိခဲ့သည်​။

အဆိုပါအ​လောင်းတွင်​ ရင်​ညွှန့်​​ဖောက်​ဝင်​ဒဏ်​ရာ ၃ချက်​ (စိစစ်​ဆဲ)၊ ဝဲလက်​ဖျံစုတ်​ပြဲဒဏ်​ရာများ​တွေ့ရှိသဖြင့်​ ည​နေ ၆နာရီ၄၅မိနစ်​တွင်​ ​မောင်​​တော ပြည်​သူ့​ဆေးရုံသို့ပို့အပ်​ခဲ့ပြီး ​​သေဆုံးသူအား သိရှိနိုင်​​ရေး စုံစမ်းလျက်​ရှိ​ကြောင်း သိရသည်​။

(နိုင်​​ငံ​တော်​အတိုင်​ပင်​ခံရုံးသတင်းထုတ်​ပြန်​​ရေး​ကော်​မတီ)
https://www.facebook.com/MyanmarSCOInfoCom

No comments:

Post a Comment