Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 2, 2017

မောင်တောမှာ တပ်မတော်အရာရှိ လိုက်ပါလာတဲ့ ယာဉ်ပေါ်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ



ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ တပ်မတော်အရာရှိ လိုက်ပါလာတဲ့ ယာဉ်ပေါ်က မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့ပါတယ်။ မေလ(၁)ရက် ကမောင်တောမြို့(၃)မိုင် စစ်ဆေးရေးဂိတ်မှာ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး၊ တပ်သားအဆင့်ရှိသူတစ်ဦးနဲ့ အရပ်သားနှစ်ဦးလိုက်ပါလာတဲ့ ပါကျဲရိုးကားပေါ်က မူးယစ်ဆေးပြား(၄၄)သိန်း သိမ်းဆည်းရမိခဲ့ တာဖြစ်ပါတယ်။

 မူးယစ်ဆေးဝါးတွေကို မော်တော်ယာဉ်နောက်ဖက်ခန်း မှာ ရေခဲပုံးနဲ့ထည့်ပြီး ယူဆောင်လာတာဖြစ်ပြီးတော့ ခန့်မှန်းတန်ဖိုး ကျပ်သိန်း(၈၈၀၀)ကျပ်ဖိုးရှိတယ်လို့ နယ်ခြားစောင့်တပ်အရာရှိ ကပြောပါတယ်။

 ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး တပ်မတော်သားနှစ်ဦးကို အနောက်ပိုင်းစစ်ဌာနချုပ် တိုင်းမှူးရဲ့နှုတ်မိန့်နဲ့ တပ်စည်းကမ်းအတိုင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ယာဉ်မောင်းနဲ့အရပ်သား(၂)ဦးကိုတော့ ပြင်ဖြူနယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေးနေပါတယ်။

သတင်းထောက် - မြတ်ဝေ (စစ်
5 Plus News
https://www.facebook.com/5plusnews

No comments:

Post a Comment