Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, May 18, 2017

အမေရိကန်မှ Twitter နဲ့ တရုတ်က Weibo သုံးတဲ့သူ ဘယ်သူပိုများသလဲ

ကမ္ဘာကျော်လူမှုကွန်ယက် Twitter ဟာ တရုတ်နိုင်ငံမှ Weibo ထက် သုံးနှစ်စောပြီး ၂၀၀၆ ခုနှစ် မတ်လထဲမှာ စတင်ဖြန့် ချိခဲ့တာပါ။ Facebook မှ ပိုင်ဆိုင်ထားတဲ့ Twiiter ကို အမေရိကန် ၊ အိန္ဒိယ နဲ့ ဂျပန်အပါအဝင် အနည်းဆုံး ကမ္ဘာ့နိုင်ငံပေါင်း ၁၄ နိုင်ငံမှ လစဉ်ပုံမှန်သုံးနေကြပါတယ်။ Weibo ကတော့ တရုတ်နိုင်ငံမှာပဲ အသုံးများတဲ့ လူမှုကွန်ယက်တစ်ခု ဖြစ်ပါတယ်။
play

လက်ရှိကမ္ဘာပေါ်မှာ Twitter ကို လစဉ်သုံးစွဲသူ ၃၂၈ သန်း ရှိထားပါတယ်။ တရုတ်တစ်နိုင်ငံတည်းမှာပဲ သုံးတဲ့ Weibo ကတော့ ဒီနှစ် ပထမသုံးလပတ်မှာ လစဉ်သုံးစွဲသူဦးရေ ၃၀% နှစ်စဉ်တိုးလာနေတယ်လို့ ဆိုပါတယ်။ထူးခြားတာက Weibo ကို ပုံမှန်သုံးစွဲသူဦးရေဟာ တဟုန်းထိုးတက်နေပြီး ယခုနှစ် မတ်လထဲမှာ Weibo လစဉ်သုံးစွဲသူ သန်း ၃၄၀ ကျော်သွားပြီ ဖြစ်လို့ Twitter ကို ပထမဆုံးအကြိမ် ကျော်ဖြတ်သွားပြီ ဖြစ်ပါတယ်။ Weibo သုံးစွဲသူများရဲ့ ၉၁% ဟာလည်း မိုဘိုင်းလ်ကနေပဲ သုံးသွားတာပါ။


နေ့ စဉ်သုံးစွဲသူ ၁၅၄ သန်း ရှိထားတဲ့ Weibo ဟာ နှစ်စဉ်အသားတင်ဝင်ငွေ ၆၇% တိုးလာနေပြီး အခုဆို ဒေါ်လာ ၁၉၉.၂သန်း အထိ ရှိလာပါတယ်။အဓိကဝင်ငွေကိုတော့ ကြော်ငြာနဲ့ မားကတ်တင်းမှ ဝင်နေတာ ဖြစ်ပြီး ဝင်ငွေစုစုပေါင်းရဲ့ ၇၁% (ဒေါ်လာ ၁၆၉.၃ သန်း) အထိ ရှိနေတယ်လို့ ဆိုပါတယ်။ ဗွီဒီယိုဈေးကွက်အတွက် Weibo ဟာလည်း Weibo Stories  နဲ့  Yi လို့ ခေါ်တဲ့ Live Streaming feature သစ်တစ်ခုကို ပြီးခဲ့တဲ့နှစ်က မိတ်ဆက်လိုက်ပါတယ်။ Sina Weibo ဟာ တရုတ်မှာ လူကြိုက်အများဆုံး ဆက်သွယ်ရေးဝန်ဆောင်မှုဖြစ်ပြီး တရုတ်ပြည်မကြီး သတင်းစာများနဲ့ followers သန်းပေါင်းများစွာရှိတဲ့ TV ရုပ်သံများရဲ့ ပင်တိုင်သုံးတဲ့ ကွန်ယက်ကြီး ဖြစ်ပါတယ်။
play

Twitter ကတော့ တရုတ်နိုင်ငံမှာ အပိတ်ခံထားရတဲ့ လူမှုကွန်ယက်ဖြစ်တာကြောင့် အင်တာနက်သုံးစွဲသူ သန်း ၇၃၀ ကျော်ရှိတဲ့ ဈေးကွက်ထဲ ဝင်ခွင့်မရခဲ့ပါဘူး။ Twitter သာမက Facebook ၊ Google ၊ YouTube နဲ့ အခြား နိုင်ငံခြားသတင်းဝက်ဘ်ဆိုက်များ ကိုလည်း တရုတ်နိုင်ငံမှ ပိတ်ပင်တားမြစ်ထားပါတယ်။ စစ်တမ်းတစ်ရပ်အရ Weibo သုံးစွဲသူများဟာ Facebook သုံးစွဲသူများထက် အက်ပလီကေးရှင်းမှာ အချိန်ပိုပေးပြီး သုံးစွဲက်ြတယ်လို့ ဆိုပါတယ်။
Duwun
http://www.duwun.com.mm/tech/company_news/twitter-weibo-id6697780.html

No comments:

Post a Comment