တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် NLD ပါတီရုံးခွဲမှာ ထားရှိမယ့်အလံကို ပြန်လည်ဖြုတ်သိမ်းနေစဉ်။ Photo: လင်းယုန်/ Facebook |
တပ်မြေဧရိယာထဲမှာ ပါနေတဲ့အတွက် ပါတီရုံးဖွင့်လှစ်ခွင့်မရှိဘူးဆိုပြီး လာရောက်တားမြစ်တာ ဖြစ်တယ် လို့ ကော့သောင်းမြို့နယ် NLD ပါတီ ဥက္ကဌ ဦးသက်နိုင် က ပြောပါတယ်။
"ဇာဒက်ကြီးကျွန်းမှာ ရပ်ကျေးရုံးဖွင့်တာ ဇာဒက်ကြီးရေတပ်စခန်းက ဖွင့်ခွင့်မပြုဘူး ကျနော်တို့ က ကော်မရှင်ဥပဒေအရ ကော်မရှင်ကိုစာတင် ထားပြီးပြီ ဖွင့်ခွင့်မရတော့ ကျနော်တို့ မဖွင့်ခဲ့ရပဲ ပြန်လာရတယ်။ အဲ့နေရာက စစ်တပ်နယ်မြေမို့ ဖွင့်ခွင့်မပေးဘူးပေါ့ ဒီနေရာက ပါတီနိုင်ငံရေး ကင်းရှင်းတဲ့နယ်မြေပေါ့ ဖွင့်လို့မရဘူးပေါ့ သူတို့ပြောတာ အဲလိုပြောတယ်"
ပြီးခဲ့တဲ့ ဧပြီ ၇ ရက်နေ့က ကော့သောင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒေသခံတွေ လူထုတွေ့ဆုံပွဲ ကျင်းပပြီး တစ်ပြိုင်နက် ဇာဒက်ကြီးကျွန်းကျေးရွာမှာ ပါတီရုံးခန်းဖွင့်ပွဲကို ကျင်းပနေစဉ် ဇာဒက်ကြီးရေတပ် စခန်းမှူး ဒုဗိုလ်မှူးကြီး ကျော်စိုးလွင်က လာရောက် တားမြစ်ခဲ့တာဖြစ်တယ်လို့ ဦးသက်နိုင် က ပြောပါတယ်။
ဇာဒက်ကြီးကျွန်းကျေးရွာ နယ်မြေတစ်ဝိုက်ကို ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာဖြစ်ပြီး ဘယ်ပါတီမှ ရုံးခန်းဖွင့်လှစ် ထားတာမရှိသေးဘူးလို့ သိရပါတယ်။
တားမြစ်ခံရတဲ့ကိစ္စကို NLD ပါတီ ဗဟိုနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
RFA Burmese
http://www.rfa.org/burmese
No comments:
Post a Comment