Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 9, 2017

လူမှုရေးကိစ္စကြောင့် အမျိုးသမီးတစ်ဦး ဓားထိုးခံရမှုဖြစ်ပွား


ဇင်းကျိုက် ဧပြီ ၉

မွန်ပြည်နယ်ပေါင်မြို့နယ် ဇင်း ကျိုက်မြို့ခလောက်အင်းရပ်ကွက်၌ ယမန်နေ့ မွန်းလွဲ၁၂နာရီခွဲက အမျိုး သမီးတစ်ဦးအား ဓားဖြင့်ထိုးမှု တစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဇင်းကျိုက်မြို့ ဖလပ် ရပ်ကွက် နယ်မြေ (၂) တွင်နေထိုင် သူ ဌေးနိုင် (၃၃နှစ်)ဆိုသူမှာ ဇင်း ကျိုက်ရဲကင်းစခန်းသို့ရောက်ရှိလာ ပြီး ၄င်းသည် နံနက် ၁၁ နာရီ၄၅ မိနစ်ခန့်က ဇင်းကျိုက် မြို့ ခလောက်အင်းရပ်ကွက် နယ် မြေ(၁)ခတ္တာလမ်းသွယ်နေ မအေး အေးအောင်(၂၈နှစ်)အား လူမှုရေး ကိစ္စဖြင့် မကျေနပ်သောကြောင့် ဓား ဦးချွန်ဖြင့် နှစ်ချက်ထိုးခဲ့ကြောင်း လာရောက်အကြောင်းကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေရာသို့ ရဲအုပ် အောင်မင်းထွန်းနှင့်ရဲတပ်ဖွဲ့ဝင်များ၊ သက်သေများဖြစ်ကြသောခလောက် အင်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးညွန့် သိန်း၊ ဇင်းကျိုက်ရပ်ကွက်အုပ်ချုပ် ရေးမှူးဦးဇော်မိုးအောင်တို့နှင့်အတူ ဌေးနိုင်အားခေါ်ဆောင်ကာ အခင်း ဖြစ်ပွားရာသို့သွားရောက်စစ်ဆေး ရာ မအေးအေးအောင်မှာ ဝဲဘက် လက်မောင်းတွင်တစ်လက်မခန့်ပြတ် ရှဒဏ်ရာတစ်ချက်၊ဝဲဘက်ခါးဆစ် ဘေးတွင်ထိုးသွင်းဒဏ်ရာတစ်ချက်ရ ရှိထားကြောင်းတွေ့ရှိရသဖြင့်မှုခင်း ဆေးစာဖြင့် ပေါင်မြို့နယ် ပြည်သူ့ ဆေးရုံသို့ပို့အပ်ခဲ့ရာ ပေါင်ဆေးရုံ မှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ ထပ်မံတင်ပို့ခဲ့ရကြောင်းသိရသည်။

ဌေးနိုင်အားဆက်လက်စစ်ဆေး ရာတွင်ဌေးနိုင်မှာမအေးအေးအောင် အား ဓားဖြင့်ထိုးသွင်းခဲ့ပြီးနောက် အသုံးပြုကိုင်ဆောင်ခဲ့သော အရိုး ရှစ်လက်မ၊ အသွား ၁၂ဒသမ၅ လက်မ၊အရှည်၂ဝဒသမ၅ လက်မ ရှိဓားဦးချွန်ကို ဦးသားကြီး၏ နေအိမ်ရှေ့တွင် လွှင့်ပစ်ခဲ့သည်။

အဆိုပါ သက်သေခံပစ္စည်းကို သက်သေများရှေ့တွင် ပြအပ်ခဲ့ပြီး အမှုဖွင့်သိမ်းဆည်းခဲ့ကြောင်းမအေး အေးအောင်အားဒဏ်ရာ ရရှိအောင် ဓားဖြင့်ထိုးခဲ့သူဌေးနိုင် အားပေါင် မြို့မရဲစခန်းက(ပ) ၁၇၆/၂ဝ၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၂၆ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

နေခြည်(ဇင်းကျိုက်)
The Union Daily
https://www.facebook.com/uniondaily.net

No comments:

Post a Comment