Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 9, 2017

အမြန်လမ်းတွင် အငှားယာဉ်က လမ်းဖြတ်ကူးသူ ကလေးငယ်ကိုတိုက်မိ အခင်းဖြစ်နေရာတွင် သေဆုံး


သာဂရ ဧပြီ ၉

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယမန်နေ့ နံနက် ၁ဝနာရီခန့် က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ ကိုးနှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇီးပင်သာအမြန်လမ်းမကြီးရဲစခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၂/ဝ အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမြန်လမ်း ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ၊ သာဂရနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ ဝင်များ၊ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာတွင် ရန်ကုန် ဘက်မှ မန္တလေးဘက်သို့ ယာဉ်မောင်း စန်းဇော်ဦး(၄၆နှစ်) ရန်ကုန်သစ် ရပ်ကွက် သင်္ဃန်းကျွန်းမြို့နယ် နေသူမောင်းနှင်လာသွေွာ/---တိုယိုတာ ဖီဒါခဲရောင်ယာဉ်မှာ လမ်း၏အရှေ့ဘက်မှ အနောက်ဘက်သို့ လမ်းဖြတ်ကူးနေသူ မောင်ဇင်မင်းထိုက် (ကိုးနှစ်) ချောင်းဂွကျေးရွာ ရေတာရှည်မြို့နယ်နေသူအား ဝင်ရောက်တိုက်မိခဲ့ရာ ဇင်မင်းထိုက်မှာ ဇက်ကျိုးဦးခေါင်းပွင့် ဒူးနှစ်ဖက်ပေါက်ပြဲ ဝဲပါးပွန်းပဲ့ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍တက်ရောက်ခွင့်မရှိသော အမြန်လမ်းမကြီးပေါ် တွင် တက်ရောက်၍ လမ်းဖြတ်ကူးသူဇင်မင်းထိုက်အား ဇီးပင်သာ အမြန်လမ်းမကြီးရဲစခန်းက ယာဉ်(ပ)၄/၂ဝ၁၇ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃ဝ၄-က ဖြင့်လည်းကောင်း၊ လမ်းညွှန်အမှတ်အသား မလိုက်နာသူ ယာဉ်မောင်း စန်းဇော်ဦးအား (ပ)၁၄ဝ/၂ဝ၁၇ မော်တော်ယာဉ်ဥပဒေ ပုဒ်မ ၆၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)
The Union Daily
https://www.facebook.com/uniondaily.net

No comments:

Post a Comment