အားလုံးလည်းတွေ့ဖူးကြမယ်ထင်ပါတယ်။ ကြက်ဥတွေ အကျက်လွန်သွားတဲ့အခါမှာ အတွင်းအနှစ်ရဲ့ ဘေးပတ်လည်နားမှာ အစိမ်းရောင်လိုလို၊ မီးခိုးရောင်လိုလို အရောင်ပြောင်းလဲသွားလေ့ရှိပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာတော့ ဘယ်သူမှလည်း တွေးကြည့်မိမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ တွေ့နေကြုံနေကျဆိုတော့ ကြက်ဥတွေဟာ အကျက်လွန်ရင် ဒီလိုဖြစ်တတ်တယ်ဆိုတဲ့အသိနဲ့ သာမန်ကာလျှံကာပဲ နေလိုက်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ ဒါဟာ အကျက်လွန်လို့ရယ်ကြောင့် မဟုတ်ဘူးဆိုပဲဗျ။
ဒါဆိုဘာကြောင့်လဲ။ တွေးစရာလေးပဲဗျ။ စိတ်ဝင်စားစရာလည်းကောင်းနေတယ်လေ။ ဒီဖြစ်စဉ်မှာ ကျနော်တို့ သတိမထားမိတဲ့ သိပ္ပံသဘောတွေ ပါဝင်နေပြီး ဒါမျိုးမဖြစ်အောင်လည်း ကာကွယ်လို့ရတယ်လို့ UNL FOOD ဆိုတဲ့ ဆိုက်တစ်ခုမှာ ဖော်ပြထားတယ်ဗျ။
အမှန်တော့ ဒါဟာ ကြက်ဥရဲ့အဖြူရောင်အကာထဲမှာပါတဲ့ ဆာလဖာ (sulfur)နဲ့ ကြက်ဥအတွင်းအနှစ်ထဲမှာပါဝင်တဲ့ သံဓာတ် (iron) တို့ အချင်းချင်း တုံ့ပြန်ကြရာမှ ဖြစ်ပေါ်လာရတာဆိုပဲ။ ဆိုလိုတာက ဒီဓာတ်နှစ်ခုရဲ့ သဘာဝ ဓာတ်ပြုမှုအပေါ်မှာ မူတည်နေတယ်ပေါ့ဗျာ။ ဒီလိုဖြစ်စဉ်မျိုးကလည်း အကျက်လွန်တဲ့အခါမျိုးမှာ ဖြစ်ပေါ်နိုင်သလို ချက်ပြုတ်ဖို့အသုံးပြုတဲ့ ရေထဲမှာ သံဓာတ်ပါဝင်မှုပမာဏများနေရင်လည်း ဖြစ်စေနိုင်တယ်ဗျ။
ဒီအရောင်ပြောင်းလဲမှုက စားခါနီးသောက်ခါနီးမှာတော့ ကြည့်ရတာ အရုပ်ဆိုးတာပေါ့ဗျာ။ ဒါပေမဲ့ အန္တရာယ်တော့ မရှိပါဘူး။ အကယ်၍ ကိုယ်က လှလှပပနဲ့ အဝါရောင်အနှစ်သန့်သန့်လေး ရချင်တယ်ဆိုရင်တော့ အကျက်မလွန်အောင် မီးအေးအေးနဲ့ ဂရုစိုက်ချက်ပြုတ်တာမျိုးပဲဖြစ်ဖြစ်၊ ကျက်တာနဲ့ အမြန်ဆယ်ယူပြီး ရေအေးအေးလေးထဲ (သို့) ရေခဲရေထဲကို အမြန်ထည့်ပေးလိုက်ရင် ရပါတယ်။ ထည့်ပြီးသွားရင်လည်း လုံးဝအေးသွားသည်အထိတော့ စိမ်ထားရမယ်ဗျ။ ရေကလည်း အမှန်တကယ် အေးနေဖို့တော့ လိုတာပေါ့ဗျာ။
Reference: UNL FOOD
Credit: Duwun
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 11, 2017
ကြက်ဥ အနှစ်ဟာ အကျက်လွန်သွားရင် ဘာကြောင့် အရောင်ပြောင်းလဲသွားတာလဲ ???
ကြက်ဥ အနှစ်ဟာ အကျက်လွန်သွားရင် ဘာကြောင့် အရောင်ပြောင်းလဲသွားတာလဲ ???
Reviewed by MP4 YoU
on
April 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment