CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 11, 2017
သမီးဖြစ်သူနဲ့ ဖောက်ပြားတဲ့ ခင်ပွန်းကို မိန်းမက အမှုဖွင့်
တစ်လင်တစ်မယားဥပဒေ ဥပဒေပုဒ်မ(၁၃)နဲ့ အမှုဖွင့်ထားတာပါ။
သမီးဖြစ်သူနဲ့ နောက်အိမ်ထောင်ပြုထားတဲ့ အမျိုးသားတို့ လူမှုရေးဖောက်ပြန်တယ်ဆိုပြီး မိခင်ဖြစ်သူ ကိုယ်တိုင်က ပဲခူးတိုင်း ပြည်ခရိုင် ရွှေတောင်မြို့မရဲစခန်းမှာ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ(၁၃)နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ရွှေတောင်မြို့နယ်မှာနေတဲ့ အသက် ၅၄ နှစ်အရွယ် စက်ရုံဝန်ထမ်း အမျိုးသမီးက ပထမအိမ်ထောင်နဲ့ တရားဝင်ကွာရှင်းပြီးနောက် ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲက ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်နဲ့ လက်ထပ်ပေါင်းသင်းခဲ့ပါတယ်။
ဒီလိုပေါင်းသင်းခဲ့ပြီး ခုနစ်နှစ်လောက်အကြာ ဧပြီ ၆ ရက်နေ့ကစပြီး လာရောက်နေထိုင်တဲ့ အသက် ၂၂ အရွယ်သမီးဖြစ်သူနဲ့ နောက်အိမ်ထောင်အမျိးသားတို့ ဖောက်ပြန်နေကြတာကို တွေ့ခဲ့တယ်ဆိုပြီး ဧပြီ ၇ ရက်က ရွှေတောင်မြို့မရဲစခန်းကို လာရောက် တိုင်တန်းခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူရဲ့ တရားလိုလုပ် တိုင်တန်းချက်အရ ပြည်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးစီးအရာရှိဖြစ်သူ ဦးသန်းဆင့်ကို ရွှေတောင်မြို့မရဲစခန်း(ပ) ၅၆၀/၁၇၊ တစ်လင်တစ်မယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၁၃ နဲ့ အမှုဖွင့်ထားပြီး အမှုကို ဒုရဲအုပ်ဇော်သန်းထိုက်က စစ်ဆေးနေတယ်လို့ သိရပါတယ်။
Source : Mizzima
သမီးဖြစ်သူနဲ့ ဖောက်ပြားတဲ့ ခင်ပွန်းကို မိန်းမက အမှုဖွင့်
Reviewed by MP4 YoU
on
April 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment