CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 11, 2017
ဘိလပ်မြေတင်ဆောင်လာသော(၂၂)ဘီးယာဉ်က ဘုရားဖူးယာဉ်အား ဝင်တိုက်၊ ဘုရားဖူးယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်
ဘားအံ ဧပြီ ၁ဝ
ကရင်ပြည်နယ် ဘားအံမြို့နယ် ဘားအံ-သထုံကားလမ်းတွင် ဘားအံ ဘက်မှ ဘုရားဖူးပြန်လာသော ကန်တာခြောက်ဘီးယာဉ်အား ယာဉ် ကြော တစ်ခု တည်း နောက်မှ ဘိလပ်မြေတင်ဆောင်လာသော (၂၂)ဘီးယာဉ်က ကျော်တက်စဉ် တစ်ဖက် ယာဉ်ကြောက ယာဉ်တစ်စီးလာနေ သဖြင့်မလွတ်၍ မိမိလမ်းကြော အတွင်း ပြန်ဝင်စဉ် ဘုရားဖူးယာဉ် အား ဝင်တိုက်မိရာ ဘုရားဖူးယာဉ်မှာ လမ်းဘေး ချောက်ထဲထိုးကျသွားခဲ့ပြီး ဘုရားဖူးလိုက်ပါလာ သည့် ခရီးသည် ၁ဝ ဦး ဒဏ်ရာများ ရရှိသွားခဲ့သည်။
ဖြစ်စဉ်မှာ ဧပြီ ၉ ရက် ညနေ ၄ နာရီက ဘားအံ-သထုံကားလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်း အရ မြိုင်ကလေးရဲကင်းစခန်းမှူး ရဲအုပ်ဝင်းနိုင်ဦးစီးအဖွဲ့က သက်သေ များနှင့်အတူ သွားရောက်စစ်ဆေး ခဲ့ရာ ဘားအံ-သထုံကားလမ်းအတိုင်း ဘားအံဘက်မှ သထုံဘက်သို့ ယာဉ်မောင်း မောင်ဘ (၄၇)နှစ် လိပ်အင်းရပ်ကွက် သထုံမြို့ မွန်ပြည် နယ် နေသူမောင်းနှင် သည့် ယာဉ် အမှတ် (စိစစ်ဆဲ) Canter အမျိုး အစား အပြာရောင်ခြောက် ဘီးယာဉ် သည် ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် (၁၆/၇)၊ တံတား အမှတ် (၄/၁၇)အနီးအရောက် ယာဉ်ကြောတစ်ကြောတည်းနောက်မှ ရန်နောင်စိုး (၄၃)နှစ် လှာကာကျေးရွာ ဘားအံမြို့နယ်နေသူ မောင်းနှင်ပြီး ဘိလပ်မြေများ တင်ဆောင်လာသော ၁ယ/----HYUNDAI အမျိုးအစား (၂၂)ဘီး အနီရောင်ယာဉ်က ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြောမှ ယာဉ် တစ်စီး မောင်းနှင်လာသဖြင့် ၎င်း၏ ယာဉ်ကြောအတွင်းသို့ ပြန်လည်ဝင်ရောက် စဉ် ယာဉ်အား အရှိန်မထိန်းနိုင်သဖြင့် ရှေ့မှ မောင်းနှင်နေသော Canter ယာဉ်၏ ဝဲဘက်တံခါးထောင့်စွန်းအား ပွတ်တိုက် မိ၍ Canter ယာဉ်မှာ လမ်း၏ ယာဘက်ချောက်ထဲသို့ ထိုးကျသွား ခဲ့သဖြင့် ဘုရားဖူး ယာဉ်ပေါ်လိုက် ပါလာသူများ ထိခိုက်ဒဏ်ရ
ာများ ရရှိသဖြင့် ဘားအံဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မဆင် မခြင်မောင်းနှင်သူ ရန်နောင်စိုးအား အရေးယူပေးရန် မြိုင်ကလေးရဲကင်း စခန်း တာဝန်မှူးဒု-ရဲအုပ်အာကာစိုး သူက တရားလိုပြုလုပ်ကာ ဘားအံမြို့ မရဲစခန်းတွင် ယာဉ်(ပ) ၂၈/၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့်အမှုဖွင့်ပြီး စစ်ဆေးဆောင် ရွက်လျက်ရှိသည်။
မင်းသူ၊ထွန်းထွန်းထွေး(ဘားအံ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဘိလပ်မြေတင်ဆောင်လာသော(၂၂)ဘီးယာဉ်က ဘုရားဖူးယာဉ်အား ဝင်တိုက်၊ ဘုရားဖူးယာဉ် ချောက်ထဲထိုးကျတိမ်းမှောက်
Reviewed by MP4 YoU
on
April 11, 2017
Rating: 5
Reviewed by MP4 YoU
on
April 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment