ဥရောပတိုက်ဟာ ကမ္ဘာကျော်ဆယ်လီတွေ အများဆုံး စုဝေးရာနေရာပါဘဲ။ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ သူများထက် ထူးချွန်ပြီး အောင်မြင်ထွန်းပေါက်တဲ့သူတွေကို ဆယ်လီလို ခေါ်လို့ရပါတယ်။ ဒီတော့ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး စတဲ့ နယ်ပယ်တွေထဲမှာ ဆယ်လီတစ်ယောက် ပေါ်ထွက်ဖို့ ခက်ခဲပါတယ်။
ဒီလို ရှားပါးလူသားတွေနဲ့ ယုံကြည်စွာ ပေါင်းသင်းရဖို့ဆိုတာကလည်း တော်တော်မလွယ်တဲ့ အခွင့်အရေးပါ။ မြန်မာနိုင်ငံက လူက မြန်မာပြည်မှာနေပြီး၊ ကိုးရီယားက ဂူဂျွန်ဖြိုးကို သူငယ်ချင်းအဖြစ် မိတ်ဆွေဖွဲ့ဖို့ မလွယ်ပါဘူး။ ဒီလိုပဲ ဆယ်လီတွေနဲ့ အိမ်နီးနားချင်းဖြစ်နေတာတောင်မှ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေမဖြစ်တာမျိုးတွေ အများကြီးပါ။
အခု အသက် 30 နှစ်အရွယ် Alejandra Manríquez Pérez လို့ အမည်ရတဲ့ မက္ကဆီကိုနိုင်ငံသူကတော့ ကမ္ဘာကျော် ဘောလုံးသမားဖြစ်တဲ့ စီးရော်နယ်ဒိုကဲ့သို့သော နာမည်ကျော်တွေရဲ့ အချိန်ပိုင်း ပုဂ္ဂလိကလေယာဉ်မှူးအဖြစ် ဆောင်ရွက်
နေသူ ဖြစ်ပါတယ်။ သူမဟာ ဒီအလုပ်ကို အသက် 21 နှစ် နောက်ပိုင်းမှာ စတင်လုပ်ဆောင်ခဲ့တာပါ။
Pérez ဟာ အမေရိကန် Pop&Rock ဆရာကြီးတွေဖြစ်တဲ့ Maroon 5 အဖွဲ့သားတွေနဲ့လည်း အလွန်ရင်းနီးပြီး၊ သွားလေရာကို လေယာဉ်နဲ့ အခေါက်ခေါက်အခါခါ လိုက်မောင်းပို့ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။ အသက် 21 နှစ် မတိုင်ခင် တုန်းက သူမဟာ မက္ကဆီကိုမြို့တော်အပြင်ဘက်ကိုတောင် မရောက်ဖူးသေးတဲ့ တောသူမလေးပါ။ ဒါပေမယ့် သူမရဲ့ ကုသိုလ်ကံက နိုင်ငံခြားရောက်မှ ပိုကောင်းလာခဲ့ပါတယ်။
Pérez ဟာ ပျံသန်းရေးပထမအဆင့်အရာရှိတစ်ယောက် ဖြစ်လာပြီးနောက် လေယာဉ်အင်ဂျင်မျိုးစုံကို မောင်းနှင်နိုင်ခဲ့ပါပြီ။ လောလောဆယ်တော့ ထိပ်သီးနိုင်ငံရေးသမားတွေ၊ သူဌေးတွေ၊ နာမည်ကျော်တွေအတွက် Embraer Legacy 600 အမျိုးအစား လေယာဉ်ကို သွားလိုရာ မောင်းနှင်ပေးရင်း ၀င်ငွေလည်း အလွန်ဖြောင့်နေပါတယ်။
Pérez ရဲ့ အင်စတာဂရမ်မှာ နာမည်ကျော်တွေနဲ့ တွဲဖက်ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကြောင့် သူမရဲ့ အလုပ်ကို လေးစား
အားကျကြသူတွေ အလွန်များလာခဲပါတယ်။ သူမဟာ F1 ကားမောင်းသမား Sergio Pérez နဲ့လည်း သိကျွမ်းခင်မင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူမဟာ အသက် 18 နှစ်အရွယ်မှာ လေကြောင်းလိုင်းမှာ ဧည့်သည်ဝန်ဆောင်မှုပေးရတဲ့ သာမန်ဝန်ထမ်းပါဘဲ။
နောက်ပိုင်မှာ သူမရဲ့ ကြိုစားမှုနဲ့ ပိုင်းလော့ ဖြစ်လာခဲ့ပါတယ်။ အခုဆိုရင် Pérez ဟာ ယခင်ကလို တောသူတစ်ယောက် မဟုတ်တော့ပါဘူး။ နိုင်ငံပေါင်း 39 ကို အနှံ့လည်ပတ်ပျံသန်းရင်း သူမချစ်တဲ့ လေယာဉ်မှူးဘ၀မှာ ထိုက်တန်တဲ့ကိုင်ပိုင်ဝင်
ငွေတစ်ရပ်နဲ့ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေနိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်ပါတယ်။
မဒီလေး (Shwemom)
source : thesun.co.uk
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, April 11, 2017
ဆယ်လီတွေရဲ့ လေယာဉ်မှူးအဖြစ် နေ့စားအလုပ် လုပ်ကိုင်နေတဲ့ မိန်းမချောလေး
ဆယ်လီတွေရဲ့ လေယာဉ်မှူးအဖြစ် နေ့စားအလုပ် လုပ်ကိုင်နေတဲ့ မိန်းမချောလေး
Reviewed by MP4 YoU
on
April 11, 2017
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment