Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 29, 2017

ႏႈတ္ခမ္းကြဲ၊ ႏႈတ္ခမ္းေျခာက္တာေတြကို သဘာ၀နည္းလမ္း နဲ႔ ကုသမယ္

ႏႈတ္ခမ္းေျခာက္၊ ႏႈတ္ခမ္းေတြကြဲေနတာေတြ မၾကာခဏျဖစ္လို႔ စိတ္ပ်က္ေနၿပီလား။ ႏႈတ္ခမ္းကြဲတာေတြက ေဆာင္းရာသီမွာ အျဖစ္မ်ားတယ္လို႔ ဆိုႏိုင္ေပမယ့္လည္း တခါတေလမွာ အိပ္ေရးပ်က္ အလုပ္ပင္ပန္းၿပီး ႏႈတ္ခမ္းကြဲ၊ ႏႈတ္ခမ္းေျခာက္တာေတြလည္း ျဖစ္တတ္ပါတယ္။
အဲ့ဒီအျပင္ ဗီတာမင္အားနည္းတာ၊ ေရဓာတ္ခမ္းေျခာက္တာ၊ ေဆးလိပ္ေသာက္တာ၊ ေနေရာင္ျခည္နဲ႔ ထိေတြ႔ရတဲ့အခ်ိန္ ၾကာျမင့္တာ ႏွင့္ အလက္ဂ်စ္ ျဖစ္တာေတြေၾကာင့္လည္း ျဖစ္တတ္ပါတယ္။ ဒီျပသနာေတြကို သဘာ၀နည္းလမ္းျဖင့္လည္း ကုသႏိုင္ပါတယ္။
mustardoil1
၁။ မုန္ညင္းဆီကို ၀မ္းဗိုက္မွာ လိမ္းေပးပါ
မုန္ညင္းဆီကို ၀မ္းဗိုက္မွာ လိမ္းေပးရမယ္ဆိုတာ ၾကားလိုက္ရင္ တစ္မ်ိဳးႀကီး ထူးဆန္းေနမွာပါ။ ဒီနည္းလမ္းကို အိႏၵိယ လူမ်ိဳးေတြက ႏွစ္ေပါင္း ရာနဲ႔ခ်ီၿပီး အသံုးျပဳခဲ့ၾကတာပါ။ ႏႈတ္ခမ္းေျခာက္၊ ေရႏႈတ္ခမ္းကြဲတာေတြကို ေပ်ာက္ကင္းေစပါတယ္။ ေရခ်ိဳးၿပီးခါစမွာ ျဖစ္ျဖစ္ ညအိပ္ရာ၀င္ခါနီးမွာ ျဖစ္ျဖစ္ မုန္ညင္းဆီ တစ္စက္ ၊ ႏွစ္စက္ေလာက္ကို ၀မ္းဗိုက္ေပၚမွာ လိမ္းေပးရပါမယ္။
image002
၂။ ရွားေစာင္းလက္ပတ္
ရွားေစာင္းလက္ပတ္က ကြဲအက္ၿပီး ေျခာက္ေသြ႔ေနတဲ့ ႏႈတ္ခမ္းေတြကို ကုသရာမွာ အေကာင္းဆံုးပါဘဲ။ အဲ့ဒီအျပင္ ေနေလာင္ ဒဏ္ရာေတြကိုလည္း ကုသလို႔ရပါတယ္။ ရွားေစာင္းလက္ပတ္ကို ႏႈတ္ခမ္းေပၚမွာ သုတ္လိမ္းေပးရုံနဲ႔ သဘာ၀နည္းျဖင့္ ေပ်ာက္ကင္းႏိုင္ပါတယ္။

၃။ ႏွင္းဆီ ရည္ ႏွင့္ ပ်ားရည္
ႏႈတ္ခမ္းကြဲ၊ ႏႈတ္ခမ္းအက္တာေတြအတြက္ ပ်ားရည္က အေကာင္းဆံုး သဘာ၀နည္းဘဲျဖစ္ပါတယ္။ ပ်ားရည္ႏွင့္ ႏွင္းဆီပန္းပြင့္ ေဖ်ာ္ထားသည့္ အရည္ကို တြဲလိမ္းပါက ႏႈတ္ခမ္းသား ေခ်ာမြတ္ကာ ကြဲအက္တာေတြ ေပ်ာက္ကင္းေစပါတယ္။
03-home-remedies-honey
၄။ ပ်ားရည္
ပ်ားရည္အနည္းငယ္ကို လက္နဲ႔ ႏႈတ္ခမ္းေပၚ သုတ္ေပးၿပီး နႈတ္ခမ္းကြဲအက္တာေတြကို ေပ်ာက္ကင္းေစကာ ႏူးညံ့တဲ့ အသားအေရကို ရရွိေစပါတယ္။
treat-cracked-lips-Iron-Supplements
၅။ သံဓာတ္ပါတဲ့ အစားအေသာက္မ်ားႏွင့္ အားျဖည့္ေဆးမ်ား ေသာက္သံုးျခင္း
တခါတရံ သံဓာတ္အားနည္းတာေၾကာင့္လည္း ႏႈတ္ခမ္းမ်ား ကြဲအက္တာတို႔လည္း ျဖစ္္တတ္ပါတယ္။ အဲ့ဒါေၾကာင့္ သံဓာတ္ အားျဖည့္ေဆး ဒါမွမဟုတ္ သံဓာတ္ ပါ၀င္သည့္ အစားအစာမ်ား စားသံုးသင့္ပါတယ္။
Credit:mystylemyanmar
#Unicode Version

 နှုတ်ခမ်းခြောက်၊ နှုတ်ခမ်းတွေကွဲနေတာတွေ မကြာခဏဖြစ်လို့ စိတ်ပျက်နေပြီလား။ နှုတ်ခမ်းကွဲတာတွေက ဆောင်းရာသီမှာ အဖြစ်များတယ်လို့ ဆိုနိုင်ပေမယ့်လည်း တခါတလေမှာ အိပ်ရေးပျက် အလုပ်ပင်ပန်းပြီး နှုတ်ခမ်းကွဲ၊ နှုတ်ခမ်းခြောက်တာတွေလည်း ဖြစ်တတ်ပါတယ်။

အဲ့ဒီအပြင် ဗီတာမင်အားနည်းတာ၊ ရေဓာတ်ခမ်းခြောက်တာ၊ ဆေးလိပ်သောက်တာ၊ နေရောင်ခြည်နဲ့ ထိတွေ့ရတဲ့အချိန် ကြာမြင့်တာ နှင့် အလက်ဂျစ် ဖြစ်တာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒီပြသနာတွေကို သဘာဝနည်းလမ်းဖြင့်လည်း ကုသနိုင်ပါတယ်။

၁။ မုန်ညင်းဆီကို ဝမ်းဗိုက်မှာ လိမ်းပေးပါ

မုန်ညင်းဆီကို ဝမ်းဗိုက်မှာ လိမ်းပေးရမယ်ဆိုတာ ကြားလိုက်ရင် တစ်မျိုးကြီး ထူးဆန်းနေမှာပါ။ ဒီနည်းလမ်းကို အိန္ဒိယ လူမျိုးတွေက နှစ်ပေါင်း ရာနဲ့ချီပြီး အသုံးပြုခဲ့ကြတာပါ။ နှုတ်ခမ်းခြောက်၊ ရေနှုတ်ခမ်းကွဲတာတွေကို ပျောက်ကင်းစေပါတယ်။ ရေချိုးပြီးခါစမှာ ဖြစ်ဖြစ် ညအိပ်ရာဝင်ခါနီးမှာ ဖြစ်ဖြစ် မုန်ညင်းဆီ တစ်စက် ၊ နှစ်စက်လောက်ကို ဝမ်းဗိုက်ပေါ်မှာ လိမ်းပေးရပါမယ်။

၂။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်က ကွဲအက်ပြီး ခြောက်သွေ့နေတဲ့ နှုတ်ခမ်းတွေကို ကုသရာမှာ အကောင်းဆုံးပါဘဲ။ အဲ့ဒီအပြင် နေလောင် ဒဏ်ရာတွေကိုလည်း ကုသလို့ရပါတယ်။ ရှားစောင်းလက်ပတ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပေးရုံနဲ့ သဘာဝနည်းဖြင့် ပျောက်ကင်းနိုင်ပါတယ်။

၃။ နှင်းဆီ ရည် နှင့် ပျားရည်

နှုတ်ခမ်းကွဲ၊ နှုတ်ခမ်းအက်တာတွေအတွက် ပျားရည်က အကောင်းဆုံး သဘာဝနည်းဘဲဖြစ်ပါတယ်။ ပျားရည်နှင့် နှင်းဆီပန်းပွင့် ဖျော်ထားသည့် အရည်ကို တွဲလိမ်းပါက နှုတ်ခမ်းသား ချောမွတ်ကာ ကွဲအက်တာတွေ ပျောက်ကင်းစေပါတယ်။

၄။ ပျားရည်

ပျားရည်အနည်းငယ်ကို လက်နဲ့ နှုတ်ခမ်းပေါ် သုတ်ပေးပြီး နှုတ်ခမ်းကွဲအက်တာတွေကို ပျောက်ကင်းစေကာ နူးညံ့တဲ့ အသားအရေကို ရရှိစေပါတယ်။

၅။ သံဓာတ်ပါတဲ့ အစားအသောက်များနှင့် အားဖြည့်ဆေးများ သောက်သုံးခြင်း

တခါတရံ သံဓာတ်အားနည်းတာကြောင့်လည်း နှုတ်ခမ်းများ ကွဲအက်တာတို့လည်း ဖြစ်တတ်ပါတယ်။ အဲ့ဒါကြောင့် သံဓာတ် အားဖြည့်ဆေး ဒါမှမဟုတ် သံဓာတ် ပါဝင်သည့် အစားအစာများ စားသုံးသင့်ပါတယ်။

Credit:mystylemyanmar

No comments:

Post a Comment