Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, April 10, 2017

ထိုင်းမှ သင်္ကြန်တွင်း နေရပ်ပြန်လာသူ နှစ်ဦး မန္တလေးတွင် ကားလက်မှတ်လိမ်ရောင်းခံရ

 

ထိုင်းမှ သင်္ကြန်တွင်း နေရပ်ပြန်လာသူ နှစ်ဦး မန္တလေးတွင် ကားလက်မှတ်လိမ်ရောင်းခံရ

တာဝန်ရှိသူများထံ တိုင်ကြားပြီး လက်မှတ်အရောင်းဆိုင်သို့ သွားရောက်စစ်ဆေးရာ လိမ်လည်မှုပေါ်ပေါက်၍ ကားခပြန်ရ

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ သင်္ကြန်အလည်အပတ်ပြန် လာသည့် မြန်မာလူငယ်နှစ်ဦးကို မန္တလေးမြို့ရှိ ဆိုင်ကယ် အငှား မောင်းနှင်သူအချို့နှင့် ကားလက် မှတ်အရောင်းဂိတ်တစ်ခုတို့ ပူး ပေါင်းလိမ်လည်မှု ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ပြေးဆွဲမည့် ကားမရှိသော ဟန်ပြကားဂိတ်တစ်ခုသို့ ဆိုင် ကယ်အငှားမောင်းနှင်သူအချို့က ထိုင်းနိုင်ငံမှ ပြန်လာသည့် ကိုသစ် နိုင်ဦးနှင့် ကိုဇော်ဖြိုးတို့ကို ခေါ် ဆောင်ပြီး ကားလက်မှတ်ဖြတ်ပေးခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ညောင်ကိုင်း  ကျေးရွာအုပ်စု ကြာဆစ်ကျေးရွာ ဇာတိဖြစ်သော ၎င်းတို့နှစ်ဦးသည် ဧပြီ ၈ ရက် နံနက် ၈နာရီက မြ၀တီမြို့မှ မန္တလေးမြို့သို့ ယာဉ်လိုင်းဖြင့် ထွက်ခွာလာခဲ့သည်။ ထို့နောက် ဧပြီ ၉ ရက် နံနက် ၈ နာရီခန့်တွင် မန္တလေးမြို့ ကျွဲဆည်ကန်ကားကြီးဝင်းသို့ ရောက်ရှိရာ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို ရွှေဘိုမုံရွာကားဂိတ်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ရာ ကျပ်လေးထောင်ဖြင့် ဈေးတည့်ခဲ့သည်။

ထို့နောက် အဆိုပါဆိုင်ကယ်ကယ်ရီသမားက လူငယ်နှစ်ဦး အား ဘူတာကြီးအနီး ၃၁ လမ်း၊ ၇၈ လမ်းနှင့် ၇၇ လမ်းကြားရှိ ကားလက်မှတ်အရောင်းဆိုင်တစ်ခုသို့ ပို့ဆောင်ခဲ့သည်။

ယင်းဂိတ်တွင် မန္တလေး-မုံရွာ ကားလက်မှတ်ဖြတ်ရာ နံနက် ၉ နာရီ မန္တလေး-မုံရွာကားလက် မှတ်ခတစ်ဦးလျှင် ကျပ်တစ် သောင်းနှစ်ထောင်နှုန်းဖြင့် နှစ် ဦးစာ ကျပ်နှစ်သောင်းလေး ထောင်ကျသင့်ကြောင်း ကောင် တာမှ လူတစ်ဦးက ပြောကြားရာ  ဈေးများကြောင်း ပြောသည့်အခါ သင်္ကြန်နားနီး၍ ဈေးတက်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်ဟု ဆိုသည်။ ၎င်းတို့နှစ်ဦးသည် အိမ် ပြန်လို၍ နှစ်ယောက်စာ ကျပ် နှစ်သောင်းလေးထောင်ပေးခဲ့ရာ ရွှေမန်းတောင်အမည်ပါ လိုင်း ပေါင်းစုံကားလက်မှတ်အရောင်း ဌာန ဗောက်ချာဖြင့် ဖြတ်ပေးခဲ့ သည်ဟု ဆိုသည်။

ထို့နောက် ၎င်းတို့ကို လူနှစ်ဦးက ဆိုင်ကယ်တစ်စီးစီဖြင့် ကားဂိတ်သို့ ပို့ပေးခဲ့ကြောင်း၊ သီရိမန္တလာ ကားဝင်းရှေ့ရောက်သည့်အခါ ကားလက်မှတ်ကို ပြန် တောင်းပြီး ဆိုင်ကယ်ကယ်ရီခ တစ်ဦးလျှင် ကျပ်ရှစ်ထောင်စီထပ်မံတောင်းခဲ့ကြောင်း၊ ဈေးများသဖြင့် စကားများရာမှ သီရိမန္တလာကားကြီးဝင်း စည်းကမ်းထိန်းသိမ်းရေးကော်မတီသို့ ၀င်ရောက်တိုင်ကြားခဲ့ရာ ဆိုင်ကယ်ကယ်ရီသမားနှစ်ဦး ထွက်ပြေးသွားကြောင်း ကာယကံရှင်များနှင့် ကားကြီးဝင်း တာဝန်ရှိသူများက ပြောသည်။

‘‘ကျွန်တော်တို့ထိုင်းမှာနေခဲ့ တာ ထိုင်းစကားလုံးဝမတတ်ဘူး။ ဒါပေမဲ့ လုံးဝအလိမ်မခံခဲ့ရဘူး။ ဒီရောက်မှ အခုလိုဖြစ်တာ။ ကိုယ့်ရပ်ဒေသပြန်ချင်လွန်းလို့ ဈေးကြီးပေးဝယ်တာကို လိမ်သွားတာပါ’’ ဟု ကိုသစ်နိုင်ဦးကပြောသည်။ ကားကြီးဝင်းအုပ်ချုပ်ရေးရုံးတာ ၀န်ရှိသူများနှင့် စည်ပင်ရဲဝန်ထမ်း များက အလိမ်ခံရသူနှစ်ဦးကို ခေါ်ဆောင်ကာ ကားလက်မှတ် အရောင်းဆိုင်သို့ သွားရောက် စစ်ဆေးခဲ့ပြီး လိမ်လည်ကြောင်း ပေါ်ပေါက်ရာ ဆိုင်မှ ၀န်ထမ်းအ မျိုးသားတစ်ဦးနှင့် ဆိုင်ကယ်ကယ် ရီသမားတစ်ဦးကို နယ်မြေပိုင်အ မှတ်(၈) ရဲစခန်းသို့ ခေါ်ဆောင်ခဲ့ သည်။

စခန်းတွင် စစ်ဆေးပြီး နောက် အမှုဖွင့်လျှင် တရားရင် ဆိုင်သည့်အခါ ပြန်လာရမည်ဖြစ် ကြောင်း စခန်းတာဝန်ရှိသူများက ရှင်းပြသည့်အခါ အလိမ်ခံရသူနှစ် ဦးက ၎င်းတို့အနေဖြင့် အားလပ် ရက်အလည်ပြန်လာရခြင်းဖြစ်၍ တရားရုံးလာရန် အဆင်ပြေမည် မဟုတ်ကြောင်း ဖြေကြားခဲ့သည်။ ထို့နောက် ၎င်းတို့နှစ်ဦးသည် အမှုမဖွင့်တော့ဘဲ ကားလက်မှတ်ခကို သာ ပြန်ယူခဲ့သည်။ ‘‘ဒါနဲ့ ပတ် သက်ပြီး ကလေးနှစ်ယောက်က သူတို့ပိုက်ဆံ နှစ်သောင်းလေး ထောင်ပြန်ရရင် ကျေနပ်ပါပြီ။ သူ တို့တွေလည်း အမှုမလုပ်ချင်ပါ ဘူး၊ အမှုလည်း မဖွင့်ချင်ပါဘူး ဆိုပြီး ရဲစခန်းမှာ လက်မှတ်ထိုး သွားတယ်။ ဦးတို့သဘောကတော့ တရားခံလည်း မိနေပြီ။ ထိုက် သင့်တဲ့ ပြစ်ဒဏ်ရအောင် လုပ်ချင်တယ်။ သူတို့တွေက မလုပ်ဘူး ဆိုတော့ ဘာမှ ဆက်လုပ်လို့မရ တော့ဘူးပေါ့’’ဟု သီရိမန္တလာ ကားဝင်းအုပ်ချုပ်ရေးမှူး ဦးဇော် ၀င်းနိုင်က ဆိုသည်။

အမှတ် (၈) ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ‘‘ကလေးနှစ် ယောက်ကလည်း အိမ်ပြန်ရမှာမို့ လို့ အမှုမဖွင့်တော့ဘူးလို့ လက် မှတ်ထိုးသွားတယ်။ ကျွန်တော်တို့ ကတော့ တစ်ဖက်က စည်ပင်နဲ့ ပူးပေါင်းပြီး စစ်ဆေးဖို့ စာတင်ပြီး  လုပ်ထားပါတယ်’’ဟု ဖြေကြား သည်။ ကားလက်မှတ်အရောင်း ဌာနမှ ခေါ်ဆောင်ခဲ့သည့် နှစ်ဦးကိုမူ အုပ်ထိန်းသူများ၊ ရပ်ကွက် တာဝန်ရှိသူများရှေ့တွင် ခံဝန် ကတိလက်မှတ်ရေးထိုးခိုင်းကာ အပ်နှံခဲ့ကြောင်း အမှတ်(၈)ရဲစ ခန်းတာဝန်ရှိသူက ပြောသည်။

7Day News Journal
http://www.7daydaily.com/story/93951

No comments:

Post a Comment